ခေတ်သစ် ငြိမ်းချမ်းရေးအများပိုင်ကုမ္ပဏီကို Bus Operator အဖြစ်မှ တာဝန်ရပ်စဲဟုသိရ

ခေတ်သစ် ငြိမ်းချမ်းရေးအများပိုင်ကုမ္ပဏီကို Bus Operator အဖြစ်မှ တာဝန်ရပ်စဲဟုသိရ
November 10, 2017 Asian Fame

12:10 pm
ခေတ်သစ် ငြိမ်းချမ်းရေးအများပိုင်ကုမ္ပဏီကို Bus Operator အဖြစ်မှ တာဝန်ရပ်စဲဟုသိရ

logoybsရန်‌ကုန်‌၊နိုဝင်‌ဘာ ၁၀

နိုဝင်‌ဘာလ၈ရက်‌နေ့ကကျင်းပ‌သော YRTA အစည်းအဝေးဆုံးဖြတ်ချက်အရ ခေတ်သစ် ငြိမ်းချမ်းရေးအများပိုင်ကုမ္ပဏီကို Bus Operator အဖြစ်မှ တာဝန်ရပ်စဲလိုက်‌‌ကြောင်း Power Eleven ကုမ္ပဏီမှ အုပ်‌ချုပ်‌မှုဒါရိုက်‌တာ ကိုတရုတ်‌‌လေးက‌ပြောသည်‌။

ယခုလိုတာဝန်‌ရပ်‌စဲရခြင်းမှာ ‌ခေတ်သစ်ငြိမိးချမ်းရေးကုမ္ပဏီ အနေနှင့် YBS စနစ်စတင်ပြေးဆွဲချိန်၁၀ လ တာကာလအတွင်း ဝန်ဆောင်မှု‌ကောင်းစွာမပေးနိုင်ခြင်း၊တိုင်ကြားစာများပြားခြင်း၊ယာဉ်လုပ်သားများ ယာဉ်စည်းကမ်းချိုးဖောက်မူများခြင်း၊YRTA ခွင့်ပြုချက်မရှိဘဲ ယာဉ်သစ်များ တိုးချဲ့ပြေးဆွဲခြင်း၊ခရီးစဉ် အသစ်များ တိုးချဲ့ပြေးဆွဲခြင်း တို့ကို ပြုလုပ်ခြင်းကြောင့်ဖြစ်‌သည်‌ဟု ကိုတရုတ်‌‌လေးက‌ပြောသည်‌။

“အဓိကက‌တော့ သူတို့ကYRTA ကို ခွင့်ပြုချက် မ‌လျောက်ထားဘဲ ယာဉ်အများအပြားကို ယာဉ်လိုင်းထဲကို ဝင်ရောက်ပြေးဆွဲခွင့်‌ပြုတာကြောင့်လို့သိရတယ်‌။ ဝန်‌‌ဆောင်‌မှုနဲ့အုပ်‌ချုပ်‌‌ရေးအားနည်းလို့ ရပ်‌စဲလိုက်‌တယ်လို့ သိရပါတယ်”ဟု ၎င်းက‌ပြောသည်‌။

‌ခေတ်သစ်ငြိမ်းချမ်းရေး ကုမ္ပဏီ စီမံအုပ်ချုပ်မူအောက်တွင်ပြေးဆွဲနေသော YBS ၁၊၉၊ ၁၆ ယာဉ်လိုင်း ၃ လိုင်းအားGolden Yangon City ( GYCT ) ကုမ္ပဏီကို ၎င်း၊ YBS ၃၃ ယာဉ် လိုင်းအား Trans Link ကုမ္ပဏီကို၎င်း၊YBS ၂၂၊၄၁ ယာဉ်လိုင်း ၂ လိုင်းအားPower Eleven ကုမ္ပဏီကို၎င်းး ယာဉ်လိုင်းပြေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များအား စီမံအုပ်ချုပ်ရန်အတွက် တာဝန်လွဲပြောင်းပေးခဲ့သည်‌။

“ကျွန်‌‌တော်‌တို့ကုမ္ပဏီက ယာဉ်‌လိုင်းနှစ်‌လိုင်းကို စီမံအုပ်‌ချုပ်‌ရမယ်‌။တိုင်‌ကြားစာ‌တွေမရ‌အောင်‌ လုပ်‌မယ်‌။ဘတ်‌စ်‌ကားစနစ်‌ဆိုတဲ့‌နေရာက‌နေ ပြည်‌သူကို ဝန်‌‌ဆောင်‌မှု‌ပေးနိုင်‌တဲ့ စနစ်‌ကို‌ရောက်‌‌အောင်‌ကြိုးစားသွားမယ်‌”ဟု Power Eleven ကုမ္ပဏီမှ အုပ်‌ချုပ်‌မှုဒါရိုက်‌တာ ကိုတရုတ်‌‌လေးက‌ပြောသည်‌။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*