ပြည်သူ့ အိမ်ယာများမှာ နိုင်ငံခြားသားများ တရားဝင်နေထိုင်ခွင့်မရှိဘူးလို့ ဝန်ကြီးဒေါ်နီလာကျော်ပြော

ပြည်သူ့ အိမ်ယာများမှာ နိုင်ငံခြားသားများ တရားဝင်နေထိုင်ခွင့်မရှိဘူးလို့ ဝန်ကြီးဒေါ်နီလာကျော်ပြော
May 28, 2018 Fame Asian

6:01 pm
ပြည်သူ့ အိမ်ယာများမှာ နိုင်ငံခြားသားများ တရားဝင်နေထိုင်ခွင့်မရှိဘူးလို့ ဝန်ကြီးဒေါ်နီလာကျော်ပြော

33711461_1805101059533851_364129479133495296_n

ရန်ကုန် ၊ မေ ၂၈

ပြည်သူ့ အိမ်ယာများမှာ နိုင်ငံခြားသားများ တရားဝင်နေထိုင်ခွင့်မရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီိးအစိုးရအဖွဲ့ က ဒီကနေ့ တိုင်းလွှတ်တော်မှာပြောပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေးမှာ ဒဂုံမြို့ နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ”မြို့ ပြနဲ့  အိမ်ရာဖွံ့ ဖြိုးမှုဦးစီးဌာနအနေနဲ့ ’သက်တမ်းကြာနေပြီဖြစ်တဲ့ အိမ်ရာစခန်းများရှိ အိမ်ယာများကို ကွင်းဆင်းစစ်ဆေးပြီး အိမ်ရာအဆင့်အတန်းမြှင့်တင်ခြင်းလုပ်ငန်းများကို တိုငးဒေသကြီးအစိုးရနဲ့ ပြည်ထောင်စုရုံးချုပ်တို့ ပေါင်းစပ်ပြီး နှစ်အလိုက်တစ်ဆင့်ချင်းဆောင်ရွက်သွားရန်’ဆိုတဲ့အချက်ကို ဘယ်လိုစီမံနေသလဲ၊ ဌာနပိုင်အိမ်ယာများမှာ သတ်မှတ်စည်းကမ်းချက်များနဲ့ မညီညွတ်ရင် ဘယ်လိုအရေးယူမလဲနဲ့ ဌာနပိုင်တိုက်ခန်းများမှာ နိုင်ငံခြားသားနေထိုင်ခွင့်ရှိမရှိ ၊ ရှိပါက ဘယ်လိုအစောတလျှင်အရေးယူမလဲ” သိလိုကြောင်းမေးခွန်းကိုမေးခဲ့ပါတယ်။

ဒီမေးခွန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ လျှပ်စစ်၊စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

”ပြည်သူ့ အိမ်ယာများမှာ နိုင်ငံခြားသားများ တရားဝင်နေထိုင်ခွင့်မရှိပါဘူး။ ညအိပ်ညနေဧည့်သည်အဖြစ်တည်းခိုမယ်ဆိုပါက သက်ဆိုင်ရာဝန်ကြီးဌာနများရဲ့ ဥပဒေ၊စည်းမျဉ်းစည်းကမ်းများနဲ့ အညီိသာ စီစစ်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” လို့ သူမကဖြေပါတယ်။ ဒီအဖြေကို ဦးကျော်ဇေယျက နောက်ဆက်တွဲမေးခွန်းပြန်မေးခဲ့ပါတယ်။နိုင်ငံခြားသားများနေနေတာကို သူ့ အနေနဲ့ တွေ့ နေရတယ်လို့ ပြောပါတယ်။

”တကယ်လို့ နိုင်ငံခြားသားတွေနေနေပြီတွေ့ လာတာ အခန်းပေါင်း ၂၀လောက်ရှိတယ်။ဒါတွေကိုကျ ဘယ်လိုအရေးယူမလဲ ၀န်ကြီးအနေနဲ့ တိတိကျကျဖြေကြားပေးစေလိုပါတယ်။နေထိုင်ခွင့်မရှိရုံနဲ့ မရပါဘူး။စောလျင်စွာ အရေးယူစေချင်ပါတယ်” လို့ သူကပြောပါတယ်။

ဒဂုံမြို့ နယ်အတွင်းရှိ ဦးဝိစာရအိမ်ယာမှာနိုင်ငံခြားသားများဌားရမ်းနေထိုင်နေကြတာကိုတွေ့  နေရကြောင်းဆိုပါတယ်။

”အခုဆိုရင်အစိုးရအိမ်ယာဖြစ်တဲ့အတွက် အိမ်ဌားခကလည်း တိုက်ခန်းပေါ်မူတည်ပြီး အနည်းဆုံးတစ်လကို ငါးထောင့်နှစ်ရာကနေ တစ်သောင်းခွဲအထိရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့်ပြန်ပြီးတော့ ဌားတဲ့အခါကျ သုံးသိန်းခွဲကနေ ၇ သိန်းလောက်အထိရှိပါတယ် ။ ဒါကြောင့် ယနေ့ နောက်ဆုံးအခြေအနေကတော့ နိုင်ငံခြားသားများတောင် အခန်း ၂၀ လောက်ဌားရမ်းပြီးနေနေတာကိုတွေ့ ရပါတယ်” လို့ဦးကျော်ဇေယျကပြောပါတယ်။

ဝန်ကြီးဒေါ်နီလာကျော်က”နိုင်ငံခြားသားများနေထိုင်မှုနဲ့ ပတ်သတ်ရင် မြို့ ပြနဲ့ အိမ်ယာဖွံ့ ဖြိုးရေးဦးစီးဌာနမှ မြို့ ပြနဲ့ အိမ်ယာဦးစီးဌာနရဲ့အိမ်ဌားစာချုပ် စည်းကမ်းချက်များနဲ့ ရော၊ ကျန်တဲ့နိုင်ငံခြားသားများနဲ့ ပတ်သတ်တဲ့ လူဝင်မှုကြီးကြပ်ရေးအစရှိတဲ့သက်ဆိုင်ရာဝန်ကြီးဌာနများရဲ့ စည်းမျဉ်းစည်းကမ်းများနဲ့ အညီစိစစ်ဆောင်ရွက်သွားဖို့ တိုက်တွန်းပေးပါမယ်” လို့ ပြန်လည်ဖြေကြားသွားပါတယ်။

ရန်ကုန်မြို့ မှာ မြို့ ပြနဲ့ အိမ်ယာဖွံ့ ဖြိုးရေးဦးစီးဌာနမှ စီမံခန့် ခွဲတဲ့ အိမ်ယာစခန်းမှာ အဌားအိမ်ယာစခန်း ၁၆ ခှုရှိပြီး အများစုက ပါလီမန်ဒီမိုကရေစီခေတ် ပြည်တော်သာစီမံကိန်းနဲ့ ဆိုရှယ်လစ်ခေတ်အစောပိုင်း တည်ဆောက်ခဲ့တဲ့အိမ်ယာများဖြစ်တယ်လို့ လွှတ်တော်မှာတိုင်းဒေသကြီးအစိုးရကတင်ပြပါတယ်။ဗန္ဓုလအိမ်ယာတစ်ခုသာ ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂၀၁၁-၂၀၁၆ ခုနှစ်အကြားဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူ့ အိမ်ယာများဟာ ဆောက်လုပ်သည့်သက်တမ်းကြာမြင့်ခြင်း၊လက်ရှိလူမှုစီးပွားရေးအခြေအနေအရပုံစံမကျခြင်းနဲ့  မြို့ မြေအသုံးပြုမှုပြောင်းလဲရန်လိုနေခြင်းတို့ ကြောင့် ၂၀၃၀ မှာပြန်လည်ဖွံ့ ဖြိုးရေးဆောင်ရွက်ရန် စီမံကိန်းများအဆိုပြုလျာထားပြီးဖြစ်တယ်လို့ ဒေါ်နီလာကျော်ကပြောကြားသွားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*