တိုင်းအဆင့် NLD ပါတီလူငယ်ညီခံများ မတ်လကုန်မှာ တိုင်းဒေသကြီးအားလုံးတွင် ကျင်းပသွားမည်

တိုင်းအဆင့် NLD ပါတီလူငယ်ညီခံများ မတ်လကုန်မှာ တိုင်းဒေသကြီးအားလုံးတွင် ကျင်းပသွားမည်
March 20, 2018 AsianFame MediaGroup

4:39 pm
တိုင်းအဆင့် NLD ပါတီလူငယ်ညီခံများ မတ်လကုန်မှာ တိုင်းဒေသကြီးအားလုံးတွင် ကျင်းပသွားမည်

29425108_1730425580334733_7705309339208122368_n

ရန်ကုန် ၊ မတ် ၂၀

NLD ပါတီမှ ခရိုင်နဲ့ တိုင်းအဆင့်အနေနဲ့ ဆက်လက်ပြုလုပ်နေတဲ့ ဒုတိယအကြိမ်မြောက် လူငယ်ညီလာခံတွေကို ပြည်နယ်(၈) ခုမှာကျင်းပပြုလုပ်ပြီးစီးသွားတဲ့အတွက် ကျန်ရှိနေတဲ့တိုင်းဒေသကြီးများမှာ ပြုလုပ်မယ့်ညီလာခံများကို မတ်လ ၂၄ ရက်နေ့ နဲ့ ၃၁ ရက်နေ့ တို့ မှာ ပြုလုပ်သွားမယ်လို့ NLD ပါတီမှ ဒုတိယအကြိမ်လူငယ်ညီလာခံကျင်းပရေးဗဟိုကော်မရှင်ဥက္ကဌဦိးမောင်မောင်ဦိးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

တစ်နိုင်ငံလုံးမှ မြို့ နယ် (၃၁၈) မြို့ နယ်မှာမြို့ နယ်အဆင့်ပြုလုပ်ပြီးစီိးခဲ့တဲ့အတွက် လူငယ်ညီလာခံများကို ခရိုင်အဆင့်ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာမှာ ယခုအခါ ပြီးစီးပြီဖြစ်တာကြောင့် ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့ မှာ မတ်လ ၃၁ ရက်နေ့  ကျင်းပသွားမယ်လို့ သူကဆိုပါတယ်။

”တစ်နိုင်ငံလုံးအဆင့် လူငယ်ညီလာခံကို သင်္ကြန်အမီကျင်းပပြုလုပ်နိုင်ဖို့ ကျွန်တော်တို့ က ကြိုးစားဆောင်ရွက်နေတယ်။ မီမမီတောာ့မသိသေးဘူး။ မတ်လအကုန်မှာ တိုင်းအဆင့်တွေပြီးမယ်ဆိုတော့ သင်္ကြန်မတိုင်ခင်အချိန်တော့ရသေးတယ်။ အခု လာမယ့် မတ်လ ၂၄ ရက်နေ့မှာ ရန်ကုန်နဲ့ မန္တလေးကလွဲလို့ကျန်တိုင်းဒေသကြီးတွေမှာ တိုင်းအဆင့်ညီလာခံတွေဆက်လက်လုပ်ဆောင်သွားပါမယ်။ ရန်ကုန်နဲ့ မန္တလေးကိုတော့ မတ်လ ၃၁ ရက်နေ့  မှာလုပ်သွားမယ်” လို့ သူကဆိုပါတယ်။

NLD ပါတီရဲ့ဒုတိယအကြိမ်မြောက်လူငယ်ညီလာခံတွေကို ၂၀၁၈ ခုနှစ် ၊ နှစ်အစကတည်းက တစ်နိုင်ငံလုံးအနှံ့ ဆောင်ရွက်နေတာဖြစ်ပြီး လူငယ်ပါတီဝင်အသစ် (၇) သောင်းကျော် ပါတီကိုဝင်ရောက်လာတယ်လို့ ဒုတိယအကြိမ်လူငယ်ညီလာခံကျင်းပရေးဗဟိုကော်မရှင်မှ သိရပါတယ်။ ဒါပေမယ့် ကြားထဲမှာ စာရင်းထပ်တိုးလာတယ်လို့ လည်းသူကဆိုပါတယ်။

”အားလုံး အဆင်ပြေပြေနဲ့ ပဲပြီးသွားပါတယ်။ ကချင်မှာလည်း အဆင်ပြေပြေနဲ့ ပြီးသွားတယ် ။ ကရင်နဲ့  မွန်ပြည်နယ်တို့ မှာ လုပ်တဲ့ညီလာခံတုန်းက ကျွန်တော်လည်းသွားလေ့လာခဲ့ပါတယ်။ လူငယ်မျိုးဆက်သစ် ပညာတက်တိုင်းရင်းသားတွေ အများကြီးပါလာတယ်ဆိုတာကိုသိရပါတယ်” လို့ ဦးမောင်မောင်ဦးကပြောပါတယ်။

NLD ပါတီရဲ့ ပထမအကြိမ်လူငယ်ညီလာခံကို ပြီးခဲ့တဲ့၂၀၁၄ ခုနှစ်က ကျင်းပခဲ့ပါတယ်။ အဲဒီတုန်းက လူငယ်ပါတီဝင် အင်အား တစ်သိန်းကျော်အသစ်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*