လှိုင်သာယာမြို့နယ်၌ အရပ်သားမှ ဓားဖြင့်ထိုးမှုကြောင့် ရဲတပ်ဖွဲ့ဝင်(၁)ဦး ဒဏ်ရာရရှိ

လှိုင်သာယာမြို့နယ်၌ အရပ်သားမှ ဓားဖြင့်ထိုးမှုကြောင့် ရဲတပ်ဖွဲ့ဝင်(၁)ဦး ဒဏ်ရာရရှိ
November 10, 2017 Asian Fame

12:00 pm
လှိုင်သာယာမြို့နယ်၌ အရပ်သားမှ ဓားဖြင့်ထိုးမှုကြောင့် ရဲတပ်ဖွဲ့ဝင်(၁)ဦး ဒဏ်ရာရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ယမန်နေ့(နိုဝင်ဘာလ ၉)ည ၉နာရီ၄၅မိနစ်ခန့်က လှိုင်သာယာမြို့နယ် စက်မှုဇုန်ရဲကင်း တာဝန်ကျ လှိုင်သာယာမြို့မရဲစခန်းမှ ရဲတပ်ကြပ် နေလှိုင်းကိုကို ပါတပ်ဖွဲ့ဝင်(၂)ဦးနှင့် စက်မှုဇုန် လုံခြုံရေးဝန်ထမ်း(၂)ဦးတို့ပါအဖွဲ့သည် လှိုင်သာယာမြို့မရဲစခန်း၏ (ပ)၄၃၁၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/ ၁၁၄ အမှုမှ တရားခံမနန်းမွန်ပါ (၂)ဦးအား လှိုင်သာယာ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဖမ်းဆီးရန် စခန်းသို့ ဆိုင်ကယ်များဖြင့် ထွက်ခွာလာခဲ့ကြသည်။

ထိုသို့ထွက်ခွာလာခဲ့ကြစဉ် ရေဥက္ကံရွာ ကျူးကျော်တဲအနီးအရောက် ၎င်းကျူးကျော်တဲနေ သက်ဦးထွန်း(ခ)သိကြားမင်း၊ (၁၉)နှစ်၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း၊ (ဘ)ဦးသန်းထွန်းသည် မိခင် ဒေါ်အေးသွယ်အား အရက်မူးပြီးဆဲဆိုနေ၍ ဒေါ်အေးသွယ်မှ ထိန်းသိမ်းပေးရန် အကူအညီတောင်းခံသဖြင့် ဆိုင်ကယ်အား ရပ်တန့်စဉ် သက်ဦးထွန်း (ခ)သိကြားမင်းမှ ဓားဖြင့်ထိုးခဲ့ရာ ရဲတပ်ကြပ် နေလှိုင်းကိုကိုတွင် ယာညှပ်ရိုးအောက် ပြတ်ရှ ထိုးသွင်း ဒဏ်ရာ(၁)ချက်(စိုးရိမ်ရ)ရရှိခဲ့သဖြင့် သက်ဦးထွန်း (ခ)သိကြားမင်း(ဖမ်းမိ)အား လှိုင်သာယာမြို့မ ရဲစခန်းမှ (ပ)၄၃၁၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃(တာဝန် ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်း အား ပြင်းထန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

PN
Source – ပြည်ထဲရေးဝန်ကြီးဌာန

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*