ဖရဲနှင့်သခွား ဈေးကောင်းနေသည့်အတွက် တရုတ်ကို အလုံးအရင်းနှင့်တင်ပို့နေ

ဖရဲနှင့်သခွား ဈေးကောင်းနေသည့်အတွက် တရုတ်ကို အလုံးအရင်းနှင့်တင်ပို့နေ
November 10, 2017 Asian Fame

12:18 pm
ဖရဲနှင့်သခွား ဈေးကောင်းနေသည့်အတွက် တရုတ်ကို အလုံးအရင်းနှင့်တင်ပို့နေ

LOADနေပြည်တော် နိုဝင်ဘာ (၁၀)

ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံမှ ဖရဲသီးနှင့်သခွားသီးများကို ပေါက်ဈေးထက်ပိုမိုဝယ်ယူနေကြသဖြင့်ဈေးကောင်းရနေပြီး အလုံးအရင်းနှင့်တင်ပို့နေရကြောင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ရှိ ကုန်သည်များထံမှသိရသည်။

“မနေ့ကဆိုရင်ဖရဲသီးတစ်တန်ကို လေးဆယ့်သုံးသိန်းလောက်အထိ ဈေးရတယ်။သူတို့ဖက်မှာ အထွက်နှုန်းကျလို့ဒီဖက်ကနေ ပြုံဝယ်နေတာ။အရည်အသွေးနဲနဲညံ့ရင် တစ်တန်ကိုသိန်းသုံးဆယ်လောက်ရပါတယ်။ဒါကြောင့်ခုရက်ပိုင်း မှာအများကြီးပို့နေကြတာ”ဟု မူဆယ်ရှိ ဖရဲကုန်သည် ဦးစိုင်းခမ်းက ဆိုသည်။

ဖရဲသီးနှင့်သခွားသီးများကို တရုတ်နိုင်ငံမှအဓိကဝယ်ယူနေခြင်းဖြစ်ပြီး ရာသီအချိန်ရောက်ပါက နှစ်စဉ်အမြောက်အများတင်ပို့ရလေ့ရှိသည်။ယခုနှစ်တွင်တရုတ်နိုင်ငံအတွင်း သီးနှံဖျက်ပိုးကြောင့်ဖရဲသီးနှင့်သခွသီးအထွက်နှုန်း ကျဆင်းခဲ့ပြီး ပြည်ပမှအမြောက်အများမှာယူရခြင်းဖြစ်သည်။

မန္တလေးတိုင်းအတွင်းရှိ ဖရဲစိုက်ခင်းအချို့မှာလည်း ယခုနှစ်တွင် အထွက်နှုန်းကျဆင်းခဲ့သည်။ယခုရက်ပိုင်းအတွင်း တရုတ်မှ ဖရဲသီးနှင့်သခွားသီးများကို အလုံးအရင်းဝယ်ယူကြသည့်အတွက်ဈေးနှုန်းမှာ ယခင်နှစ်ထက် နှစ်ဆခန့်မြင့်တက်သွားကြောင်း ကုန်စညါဒိုင်များမှသိရသည်။

“(၁၀၅)မိုင်ကနေ တစ်ရက်ကို ကားအစီးရေ(၁၃၀)ကျော်လောက် တင်ပို့နေရပါတယ်ဖရဲရောသခွားရောပါပါတယ်”ဟု မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဒုတိယညွှန်ကြားရေးမှုး ဦးလန်းဆန်းဦးက ဆိုသည်။

တရုတ်ဖက်သို့ ဖရဲနှင့်သခွားများ အလုံးအရင်းနှင့်ဆက်တိုက်တင်ပို့နေရသည့်အတွက် ယခင်လများက စံချိန်တင် ကျဆင်းခဲ့သည့် ကုန်စည်တင်ဆောင်ခဈေးနှုန်းများလည်း အနည်းငယ် ပြန်လည်မြင့်တက်လာကြောင်း သိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*