လမ်းများနဲ့ ရေမြောင်းများအပေါ် ကျူးကျော်ထားမှုများကို စည်ပင်ရှင်းပြီးနောက် ထပ်မဖြစ်အောင် ဘယ်သူကတာဝန်ခံမလဲလို့ ရန်ကုန်မြို့တော်ဝန်ဆို

လမ်းများနဲ့ ရေမြောင်းများအပေါ် ကျူးကျော်ထားမှုများကို စည်ပင်ရှင်းပြီးနောက် ထပ်မဖြစ်အောင် ဘယ်သူကတာဝန်ခံမလဲလို့ ရန်ကုန်မြို့တော်ဝန်ဆို
September 29, 2017 Fame Asian

4:29 pm
လမ်းများနဲ့ ရေမြောင်းများအပေါ် ကျူးကျော်ထားမှုများကို စည်ပင်ရှင်းပြီးနောက် ထပ်မဖြစ်အောင် ဘယ်သူကတာဝန်ခံမလဲလို့ ရန်ကုန်မြို့တော်ဝန်ဆို

1

ရန်ကုန်၊ စက်တင်ဘာ ၂၉

အများပြည်သူပိုင်လမ်းများနဲ့ ရေမြောင်းများအပေါ် ကျူးကျော်ထားမှုများကို မြို့ တော်စည်ပင်ကရှင်းပြီးနောက် ထပ်မဖြစ်အောင် ဘယ်သူကတာဝန်ခံမလဲလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ မြို့ တော်ဝန်ဦးမောင်မောင်စိုးက စက်တင်ဘာလ ၂၉ ရက်နေ့ က ပြုလုပ်ခဲ့
တဲ့ ရန်ကုန်ုတိုင်းဒေသကြီးလွှတ်တော်မှာ ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့ နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ”သင်္ဃန်းကျွန်းမြို့ နယ်အတွင်း ရပ်ကွက်အများစုရှိ အိမ်များဟာ အများပြည်သူပိုင်နေရာများဖြစ်တဲ့ လမ်းနဲ့ ရေမြောင်းများပေါ်ကို ကျူးကျော်ထားမှုများကြောင့်တိုင်ကြားစာများ မကြာခဏဆိုသလို ရရှိပေမယ့် တိုင်ကြားမှုတစ်ခုတည်းနဲ့ ကိုင်တွယ်ဖြေရှင်းလို့ မရတဲ့အတွက် ကာလတစ်ခုသတ်မှတ်ပြီး စီမံချက်အနေနဲ့ တစ်ပြိုင်တည်းဖြေရှင်းမှသာ ပြေလည်နိုင်မှာဖြစ်လို့ စနစ်တကျဖြေရှင်းပေးဖို့ ရှိမရှိ” မေးမြန်းမှုအပေါ် မြို့ တော်ဝန်ကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

2

”နောက်ဖေးလမ်းကြားကျူးကျော်တယ်ဆိုပြီး နာမည်တပ်ပြီးတိုင်လို့ သွားစစ်တယ်။ဟုတ်ပါတယ် တကယ်ကျူးကျော်ထားပါတယ်။သို့ သော်လည်း တိုင်တဲ့သူက အိမ်ရှေ့ မြောင်းကို ကျူးကျော်ထားတယ်။ဘယ်လိုဖြစ်လဲဆိုတော့ ကျူးကျော်တဲ့သူက ကျူးကျော်တဲ့သူကိုပြန်တိုင်သလိုဖြစ်နေပြီး တစ်ရပ်ကွက်လုံးကျူးကျော်သလိုဖြစ်နေတယ်ဆိုတော့ စုပေါင်းရှင်းမှရမယ်။ ရှင်းမယ်ဆိုရင် YCDC အနေနဲ့ ရှင်းလို့ ရပါတယ်။ ရှင်းတာက လွယ်ပါတယ်။မလွယ်တာက ထပ်မရှုပ်ဖို့ ပဲဖြစ်ပါတယ်။ ရှင်းရှင်းပြီးတော့ ထပ်ထပ်ရှုပ်နေရင်လည်း YCDC ဟာဒီအရှုပ်တောထဲမှာပဲနေပြီး လုပ်စားလို့ ကောင်းတဲ့အခြေအနေပဲဖြစ်နေမယ် ရှင်းသွားပြီးနောက်ထပ်ဖြစ်လာရင် ဘယ်သူတာဝန်ခံမလဲဆိုတာ ” လို့ မြို့ တော်ဝန်ဦးမောင်မောင်စိုးကပြောပါတယ်။

မြို့ နယ်တိုင်းမှာလိုလို ပလက်ဖောင်းနဲ့ မြောင်းတွေမရှိတော့ဘဲ အများပြည်သူပိုင်တဲ့နေရာတွေကို တစ်ဦးတစ်ယောက်တစ်ယောက်တည်းပိုင်သဖွယ် ပုံစံမျိုးနဲ့ ချဲ့ ထွင်လာမှုတွေဟာ လမ်းနယ်ပယ်တွေပါ ပါသွားတဲ့အထိဖြစ်တယ်လို့ မေးခွန်းမေးမြန်းတဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးနေဘုန်းလတ်ကပြောပါတယ်။ တစ်ချို့ တိုက်ခန်းတွေနဲ့ အိမ်တွေဟာ လမ်းအပြင်ဘက်ကို ပန်းအိုးထုတ်၊ အမိုးထုတ်ရင်း ပလက်ဖောင်းအထိ ခြံစည်းရိုးခတ်လာမှုတွေပါရှိနေတယ်လို့ ဆိုပါတယ်။ဒီကိစ္စရပ်ဟာ YCDC အနေနဲ့  စီမံချက်အနေနဲ့ ဖြေရှင်းမှရမယ်လို့ မြို့ တော်ဝန်ကပြောခဲ့ပေမယ့် ဘယ်တော့စလုပ်မယ်ဆိုတဲ့အချက်ကိုတော့ ပြောမသွားပါဘူး။ ရှင်းပြီးနောက်ထပ်မကျူးကျော်ဖို့ အတွက် အကုန်လုံးက ခွင့်မပြုမှရမယ်လို့ သာ ဖြေကြားသွားခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*