နိုင်​ငံက အမျိုးသမီး ၅၀ ရာခိုင်​နှုန်းဟာ ပြင်ပမှာ အလုပ်မလုပ်ရဘဲ အိမ်​​ထောင်​​ရေး နဲ့ သားသမီး​မွေးဖွားတဲ့ ဆီမှာသာ တာဝန် ထမ်းဆောင်နေကြရဟု အလုပ်သမား၊ လဝက ဝန်ကြီးပြော

နိုင်​ငံက အမျိုးသမီး ၅၀ ရာခိုင်​နှုန်းဟာ ပြင်ပမှာ အလုပ်မလုပ်ရဘဲ အိမ်​​ထောင်​​ရေး နဲ့ သားသမီး​မွေးဖွားတဲ့ ဆီမှာသာ တာဝန် ထမ်းဆောင်နေကြရဟု အလုပ်သမား၊ လဝက ဝန်ကြီးပြော
July 11, 2017 Asian Fame

5:11 pm
နိုင်​ငံက အမျိုးသမီး ၅၀ ရာခိုင်​နှုန်းဟာ ပြင်ပမှာ အလုပ်မလုပ်ရဘဲ အိမ်​​ထောင်​​ရေး နဲ့ သားသမီး​မွေးဖွားတဲ့ ဆီမှာသာ တာဝန် ထမ်းဆောင်နေကြရဟု အလုပ်သမား၊ လဝက ဝန်ကြီးပြော

UTheinSwe(နေပြည်တော် ၊ ဇူလိုင် ၁၁)

မြန်မာနိုင်ငံက အမျိုးသမီး ၅၀ ရာခိုင်နှုန်းဟာ အိမ်ထောင်ရေးနဲ့ သားသမီးမွေးဖွားတဲ့ ဆီမှာသာ မိသားစုတာဝန် ထမ်းဆောင်တဲ့ အလုပ် လုပ်နေကြရတယ် လို့ အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။

“လက်ရှိ အနေအထားအရ အမျိုးသမီး ၅၀ ရာခိုင်နှုန်းလောက်က ကလေးမွေးတဲ့ ကလေးထိန်းတဲ့ မိသားစု တာဝန်ပဲ လုပ်နေရတာ”လို့ သူကပြောပါတယ်။

ဇူလိုင်လ ၁၁ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပတဲ့ ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားအပြီးမှာ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ က ပြောကြားခဲ့တာပါ။

အမျိုးသမီးတွေ အနေနဲ့ လုပ်သားကဏ္ဍမှာ ပိုမိုပါဝင်လာမယ် ဆိုရင် နိုင်ငံရဲ့ စီးပွားရေးမှာ အကျိုးသက်ရောက်မှုရှိစေမယ်လို့လည်း သူ ကပြောပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာန အနေနဲ့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ နဲ့ပူးပေါင်းပြီး အမျိုးသမီးတွေအနေနဲ့ မိမိဆန္ဒအလျောက် ကိုယ်ဝန်ဆောင်မွေးဖွားနိုင်ပြီး လူငယ်များ အလုပ်ကိုင် စွမ်းရည်ကိုဖော်ထုတ်နိုင်မဲ့ မိသားစုစီမံကိန်း ၂၀၂၀ ကိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*