မြန်မာ့ဆန်များကို G To G စနစ်အစား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်သာ ဝယ်ယူတော့မည့် ဘင်္ဂလားဒေရှ့်

မြန်မာ့ဆန်များကို G To G စနစ်အစား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်သာ ဝယ်ယူတော့မည့် ဘင်္ဂလားဒေရှ့်
September 29, 2017 Asian Fame

4:47 pm
မြန်မာ့ဆန်များကို G To G စနစ်အစား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်သာ ဝယ်ယူတော့မည့် ဘင်္ဂလားဒေရှ့်

Bangaladash(နေပြည်တော် စက်တင်ဘာ ၂၉)

မြန်မာနိုင်ငံမှ ဆန်များကို G to G စနစ်ဖြင့် ဝယ်ယူရန်မူလက စီစဉ် ထားသော်လည်း တင်ဒါစနစ်ဖြင့် သာပြောင်းလဲ ဝယ်ယူသွားတော့မည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှသိရသည်။

လက်ရှိ ဘင်္ဂလားဒေရှ့်နိုင်ငံ၏ ဆန် လိုအပ်ချက်မှာ အရေးပေါ် အခြေအနေကို ရောက်ရှိလာသဖြင့် G to Gထိုးဖို့အခြေအနေထိ မစောင့်နိုင်တော့ဘဲ ဈေးပြိုင်အိတ်ဖွင့်တင်ဒါစနစ်ဖြင့်သာ ပြောင်းလဲ ဝယ်ယူသွားရန် စီစဉ်နေခြင်းဖြစ်သည်။

“ဒီဖက်ကရောင်းနိုင်တဲ့ဈေးနဲ့ သူတို့လိုချင်တဲ့ဈေးကွာနေတာကြောင့် တင်ဒါစနစ်နဲ့ဝယ်ယူမယ်ဆိုရင်တော့ အဆင်မပြေနိုင်တဲ့ အနေအထားမှာရှိတယ်၊ ကုမ္မဏီတွေက ဈေးအပြိုင်ပေးကြတာ ဆိုတော့ ကျနော်တို့ဖက် ကပေးတဲ့ဈေးက သူတို့အတွက် များနေတဲ့ အခြေအနေပါ”ဟု ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူကဆိုသည်။

ဘင်္ဂလားဒေရှ့်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံမှ ဆန်တန်ချိန် (၃)သိန်းအထိ ဝယ်ယူရန် MOUထိုးထားပြီး G to G စနစ်ဖြင့် ဝယ်ယူသွားရန်စီစဉ်ထားခြင်းဖြစ်သည်။သို့သော်ယခုအခါ ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်းရေဘေးဒုက္ခကြုံတွေ့ခဲ့ရပြီး ရိက္ခာပြတ်လပ်မှုများ ရှိလာသဖြင့် တင်ဒါစနစ်ဖြင့်သာဝယ်ယူရန် စီစဉ်လိုက်ခြင်းဖြစ်သည်။ဘင်္ဂလားဒေရှ့်အစိုးရမှ ယခုဝယ်ယူမည့် တင်ဒါစနစ်အတွက် တင်သွင်းခွန်ကို (၂)ရာခိုင်နှုန်းလျှော့ချပေးထားကြောင်းသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*