(MLM) ဖြင့် လုပ်ကိုင်နေသည့် ကုမ္ပဏီများကို ပြည်ထဲရေး ၀န်ကြီးဌာန ခေါ်ယူတွေ့ဆုံ စီစစ်နေ

(MLM) ဖြင့် လုပ်ကိုင်နေသည့် ကုမ္ပဏီများကို ပြည်ထဲရေး ၀န်ကြီးဌာန ခေါ်ယူတွေ့ဆုံ စီစစ်နေ
September 11, 2017 Asian Fame

2:37 pm
(MLM) ဖြင့် လုပ်ကိုင်နေသည့် ကုမ္ပဏီများကို ပြည်ထဲရေး ၀န်ကြီးဌာန ခေါ်ယူတွေ့ဆုံ စီစစ်နေ

MLM1(နေပြည်တော်၊စက်တင်ဘာ ၁၁)

နိုင်ငံတော် သမ္မတရုံးနှင့် ပြည်ထဲရေး ဝန်ကြီးဌာန တို့၏ တာဝန်ပေးချက်အရ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်း မှစ၍ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက ခေါင်းဆောင်ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီး ဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၊ အစား အသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ဆင့်ပွား ကွန်ရက် ချိတ်ဆက် ရောင်းဝယ်သည့် စနစ် (MLM)ဖြင့် လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီများကို ခေါ်ယူတွေ့ဆုံပြီး စိစစ်လျက် ရှိနေသည်ဟု ပြည်ထဲရေး ၀န်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံတော်နှင့် အများပြည်သူ ဆုံးရှုံးနစ်နာမှုမရှိစေရေး အတွက် ဖြစ်သည်ဟု ပြောခွင့်ရအရာရှိက ပြောသည်။

မြန်မာနိုင်ငံ၌ ဆင့်ပွားကွန်ရက် ချိတ်ဆက်ရောင်းဝယ်သည့် စနစ်(MLM) အရ အရောင်း အဝယ် ပြုလုပ်ခဲ့သည့် ကုမ္ပဏီအချို့အား အရေး ယူခဲ့သည့် ဖြစ်စဉ်များရှိကြောင်း ၀န်ကြီးဌာနက ဆိုထားသည်။

၂၀၀၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်များတွင် လေသန့်ဆေးနှင့် ဖြည့်စွက် အစားအစာ များ၊ ဆေးဝါးများကို ဆင့်ပွားကွန်ရက် ချိတ်ဆက်ရောင်း ဝယ် သည့်စနစ်(MLM) ဖြင့် ပြည်ပမှ တင်သွင်း ရောင်းချ ခဲ့၍ ပြည်တွင်းကုမ္ပဏီ(၂)ခုနှင့် ပြည်ပ ကုမ္ပဏီ(၁)ခုတို့ကို စစ်ဆေးဖော်ထုတ် တရား စွဲဆိုနိုင်ခဲ့ပြီး ပြစ်ဒဏ်များ ချမှတ်နိုင်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။

MLM2ထိုစဉ်က ကုမ္ပဏီများကို အမည်ပျက် စာရင်းရေးသွင်းခြင်း၊ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ကုမ္ပဏီပိုင်ငွေနှင့် ပစ္စည်းများကို ပြည်သူ့ ဘဏ္ဍာ အဖြစ် သိမ်းဆည်း နိုင်ခဲ့သည် ဟုသိရသည်။

ဆင့်ပွား ကွန်ရက် ချိတ်ဆက်ရောင်းဝယ်သည့် စနစ် (MLM)ဖြင့် ရောင်းချသည့် ကုမ္ပဏီများ ကို ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက် ဥပဒေ ပုဒ်မ(၅)၊ ပုဒ်မခွဲ(ဇ)အရ အရေးယူနိုင် ခဲ့သော်လည်း ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က ဥပဒေ အမှတ် ၃၉/၂၀၁၆ ဖြင့် အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းခဲ့၍ ယခုအခါ ဆင့်ပွား ကွန်ရက် ချိတ် ဆက်ရောင်းဝယ်သည့် စနစ် (MLM)ဖြင့် ရောင်းချနေခြင်းကို အရေးယူနိုင်ရေး ဥပဒေ တစ်ရပ် ပြဌာန်းရန် လိုအပ်နေသေးသည်ဟု ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ချက်ထဲ ထည့်သွင်း ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ထုတ်ပြန်ချက်ထဲတွင် (Multi Level Marketing-MLM) ကို ပြည်ထဲရေးဝန်ကြီးဌာနက ”အများပြည်သူ အတွက် အကျိုးမပြုသည့် ဆင့်ပွား ကွန်ရက်ချိတ်ဆက် ရောင်းဝယ်သည့်စနစ် ”ဟု ခေါ်ဝေါ် သုံးစွဲထားသည်။

PN

MLM3

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*