တက္ကသိုလ်ဆရာ/မ ၅ ဦးမှာ ၄ ဦးဟာ ကျောင်းတစ်ကျောင်းတည်းမှာပဲ အမြဲတန်းတာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိ

တက္ကသိုလ်ဆရာ/မ ၅ ဦးမှာ ၄ ဦးဟာ ကျောင်းတစ်ကျောင်းတည်းမှာပဲ အမြဲတန်းတာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိ
June 7, 2018 AsianFame MediaGroup

6:13 pm
တက္ကသိုလ်ဆရာ/မ ၅ ဦးမှာ ၄ ဦးဟာ ကျောင်းတစ်ကျောင်းတည်းမှာပဲ အမြဲတန်းတာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိ

34721066_1816059155104708_2806223784577597440_n

နေပြည်တော်၊ ဇွန် ၇

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်ဆရာ/မ ၅ ဦးမှာ ၄ ဦးဟာ ကျောင်းတစ်ကျောင်းတည်းမှာပဲ အတည်တကျအမြဲတန်းတာဝန်ထမ်းဆောင်လိုကြကြောင်း စစ်တမ်းတစ်ရပ်အရ ပေါ်ထွက်လာပါတယ်။

အဆိုပါစစ်တမ်းတစ်ရပ်ကို အမျိုးသားပညာရေးမူဝါဒကော်မရှင်က ကောက်ယူခဲ့တာဖြစ်ပြီး ဒီကနေ့ ကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကော်မရှင်ရဲ့ ၁၀ရက် ၁၀လ ၂၀၁၇ ရက်နေ့ကနေ ၉ ရက် ၄ လ ၂၀၁၈ ရက်နေ့( ၆လ) အတွင်းဆောင်ရွက်ခဲ့မှုအပေါ် အစီရင်ခံစဉ် ကော်မရှင်ဒုဥက္ကဌ ဦးညီလှမြိုင်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

အဆင့်မြင့်ပညာကဏ္ဍ နဲ့ပတ်သက်ပြီး ကော်မရှင်က ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ် ၄ ခု လုပ်ဆောင်ခဲ့တဲ့အထဲမှာ ပညာရေးဝန်ကြီးဌာနလက်အောက်၊ အဆင့်မြင့်ပညာကျောင်းများရှိ ဆရာ/မ များဆိုင်ရာ သုတေသနစစ်တမ်း ကိစ္စဟာ တစ်ခုအပါအ၀င်ဖြစ်ကြောင်းသူကဆိုပါတယ်။

“စိတ်ဝင်စားဖွယ်တွေ့ရှိချက်တစ်ခုကတော့ တက္ကသိုလ် ကောလိပ် ဆရာမ အားလုံးရဲ့ ၈၁. ၉၃ ရာခိုင်နှုန်း ၅ ဦးလျှင် ၄ ဦးခန့် က ကျောင်းတစ်ကျောင်းတည်းမှာပဲ အတည်တကျအမြဲတန်းတာဝန်ထမ်းဆောင်လိုကြကြောင်းဆန္ဒပြုကြခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ တက္ကသိုလ်အသီးသီးဟာ မြို့ကြီးမြို့ငယ်နေရာဒေသအသီးသီးမှာတည်ရှိနေကြပြီး ဆရာ/မ များရဲ့ဆန္ဒကိုပါ ထည့်သွင်းစဉ်းစားရမှာဖြစ်တဲ့အပြင် ယခင်ခေတ်အဆက်ဆက်က ကျင့်သုံးအမြစ်တွယ်လာတဲ့ လုပ်ထုံးလုပ်နည်းတစ်ခုကို အခုချက်ချင်း ပြုပြင်ရန် မလွယ်ကူနိုင်ပါ”လို့ ဒုဥက္ကဌ ဦးညီလှမြိုင်က ပြောပါတယ်။

ဒါပေမဲ့ ရေရှည်မှာတော့ ကျောင်းတစ်ကျောင်းတည်းမှာပဲ အမြဲတန်းတာဝန်ထမ်းဆောင်ရမယ့် စနစ်ဆီကို တစ်ဖြည်းဖြည်းချင်း ဦးတည်သွားဖို့ စီမံကိန်းတစ်ရပ်ကို ရေးဆွဲ အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ပညာရေးအတွက် အကျိုးများမှာဖြစ်ကြောင်းသူက ထပ်လောင်းဆိုသွားပါတယ်။

ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အဆင့်မြင့်ပညာကျောင်း ၁၃၄ ကျောင်းစလုံးရဲ့ ဆရာ/မ တွေအားလုံးထံကို ဆန်းစစ်လွှာတွေပေးပို့ခဲ့ပြီး ၎င်းတို့ရဲ့ သဘောဆန္ဒကိုကောက်ယူခဲ့ကာ အခုစစ်တမ်းရရှိခဲ့တာဖြစ်ကြောင်း၊ စစ်တမ်းမှာ ကျောင်းအသီးသီးမှာ အမြဲတန်း တာဝန်ထမ်းဆောင်လိုတဲ့ဆရာ/မဦးရေ ၊ ဖွဲ့စည်းပုံအရ ခန့်ခွင့်ပြုအင်အားနဲ့လက်ရှိခန့်ထားတဲ့ဦးရေတို့ကို ရာထူးအလိုက် နှိုင်းယှဉ်ဖော်ပြထားကြောင်းသိရပါတယ်။

ဒါပေမဲ့ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒ္ဒပြုထားတဲ့လူပမာဏ ဟာ လက်ရှိတာဝန်ထမ်းနေတဲ့ ပမာဏထက်ပိုပြီးများပြားနေတဲ့အတွက် ဒီလိုပြဿနာတွေကိုတော သေချာစဉ်းစားပြီး ဖြေရှင်းပေးဖို့ လိုကြောင်း ကော်မရှင်အစီရင်ခံစာတင်သွင်းရင်း ဦးညီလှမြိုင်က ပြောဆိုခဲ့ပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*