ပြည်ပသို့ စပါးတင်ပို့ခွင့် ပြုမည်ဆိုပါက ပြည်တွင်း ဆန်စက်လုပ်ငန်းများ ထိခိုက်နိုင်

ပြည်ပသို့ စပါးတင်ပို့ခွင့် ပြုမည်ဆိုပါက ပြည်တွင်း ဆန်စက်လုပ်ငန်းများ ထိခိုက်နိုင်
November 9, 2016 Asian Fame

9:19 am
ပြည်ပသို့ စပါးတင်ပို့ခွင့် ပြုမည်ဆိုပါက ပြည်တွင်း ဆန်စက်လုပ်ငန်းများ ထိခိုက်နိုင်
In Bussiness

business-news1(ရန်ကုန်၊ နိုဝင်ဘာ ၈)

စပါးဈေး ကျဆင်းမှုများကြောင့် ပြည်ပသို့ စပါး တင်ပို့ခွင့်ကို အချိန်ကာလ တစ်ခုသတ်မှတ်၍ ခွင့်ပြုမည်ဆိုပါက နောက်ဆက်တွဲ တရားမဝင် ကုန်သွယ်မှု များဖြစ်လာနိုင်ကြောင်း ဆန်စပါး လုပ် ငန်း လုပ်ကိုင် သူများက ဆိုသည်။

ယခု ဘဏ္ဍာနှစ် အတွင်း ပြည်ပသို့ ဆန်တင်ပို့မှုကျဆင်းနေခြင်း၊ စပါးဈေး ကျဆင်းခြင်း အခြေအနေ များကြောင့် တောင်သူ လယ်သမား များ ထိခိုက်နစ်နာ မှု မရှိစေရေး အတွက် ပြည်ပသို့ စပါး အတိုင်း တင်ပို့ ခွင့်ပြုရန် နိုင်ငံပိုင်သတင်း ဌာနများတွင် ဖော်ပြနေခြင်းနှင့် ပတ်သက် ၍ စိုးရိမ်ကြောင်း မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင် များအသင်း၏ အတွင်းရေး မှူး ဦးနေလင်းဇင်က ပြောသည်။

”စပါးဈေးက နေရာတိုင်းမှာ ကျနေ တာမဟုတ်ပါဘူး။ စိုထိုင်းတဲ့ စပါးတွေပဲ ဈေးကျတာပါ။ စပါးတွေကို ပြည်ပကို ဒီ အတိုင်း တင်ပို့ခွင့်ပေးမယ် ဆိုရင် နဂို တည်းက တရားမဝင် စပါးတွေ ထွက်နေ တာ ယာယီ ဆိုပေမယ့် နောက်ပိုင်း ကိစ္စ တွေကို ဘယ်သူက တာဝန်ယူမှာလဲ ဆို တာ မေးစရာပါ” ဟု ဦးနေလင်းဇင်က ပြောကြားသည်။

လတ်တလော ပြည်တွင်းစပါး ဈေး ကွက်သည် စပါးတင်း တစ်ရာလျှင် ကျပ် သုံးသိန်းခွဲ ဝန်းကျင်သာ ပေါက်နေပြီး အဓိက ပြဿနာမှာ စပါးများ စိုစွတ်နေ ခြင်းဖြစ်ကြောင်း၊ စပါးဈေးကျသော် လည်း ဆန်ဈေး မကျသေးခြင်းမှာ ကုန် သည်များက ဆန်များ ကြိုတင် ဝယ်ယူမှု များကြောင့် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် အိမ်နီးချင်း တရုတ် နိုင်ငံသို့သာ အဓိကထား တင်ပို့နေရပြီး ပြည်တွင်း ဆန် ထွက်ရှိမှု၏ ၈ဝ ရာခိုင် နှုန်းကို တရုတ်နိုင်ငံ ကို တင်ပို့နေ သည်။ ယခုနှစ် ဇူလိုင်လ အတွင်းက ဖိလစ်ပိုင် နိုင်ငံက ဆန်တန်ချိန် သုံးသိန်း ဝယ်ယူမည်ဟု ကမ်းလှမ်းခဲ့ပြီး ဆန်အ ဝယ် တင်ဒါခေါ်ယူရာတွင် မြန်မာနိုင်ငံ သည် ဖိလစ်ပိုင်နိုင်ငံက ပေးသော နိုင်ငံတကာ ပေါက်ဈေးနှင့် ယှဉ်ပြိုင်နိုင် ခြင်း မပြုနိုင်သောကြောင့် ကမ္ဘောဒီးယား နိုင်ငံက အဆိုပါ တင်ဒါကို ရရှိသွားသည်။

အောက်တိုဘာ ၂၉ ရက်နေ့က ရန် ကုန်မြို့တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာသန်း မြင့်နှင့် ဆန်စပါး လုပ်ငန်းရှင်များတွေ့ဆုံ စဉ်က အစိုးရ အနေဖြင့် စပါးဈေးကျဆင်း နေမှုကို အရန်ဆန် ဝယ်ယူရေးနည်းလမ်း ကိုလည်း အသုံးပြုရေး အတွက် စဉ်းစား ပေးရန်၊ ပြည်ပသို့ တင်ပို့မှုများ အတွက် LC Financing ကိုလည်း သက်ဆိုင်ရာ များက ဆောင်ရွက် ခွင့်ပြုပေးရန်၊ စပါး တင်ပို့မှုကို ကန့်ကွက်သည့် အဖွဲ့ရှိပါက ၄င်းအဖွဲ့က အခြေခံ ဈေးနှုန်း တစ်ခု သတ်မှတ်ပေးပြီး တောင်သူ များထံမှ ဝယ်ယူပေးရန်၊ စပါးအထွက်နှုန်း တိုး မြှင့်ရေး ဆောင်ရွက်ပေးရန်၊ ထုတ်လုပ် မှုကုန်ကျ စရိတ်လျှော့ချရေး ဆောင်ရွက် ပေးရန်၊ ပို့ကုန် အပေါ် ဝင်ငွေခွန်ကောက် ခံခြင်းအား ပို့ကုန်တိုးမြှင့်ရေး အတွက် ပယ်ဖျက်ပေးရန်နှင့် နှစ်ချုပ် အခွန်မှသာ စုစည်း ကောက်ခံပေးရန် တို့ကိုလည်း အစိုးရကို တောင်းဆိုထားကြောင်း ဆန် စပါး လုပ်ငန်းရှင်များက ဆိုသည်။

HEZ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*