ဇနီး ထိုးကြိတ်ခံရမှု ဒဏ်ငွေ သာချသည့်အတွက် ခင်ပွန်းက တရားသူကြီးကို ဆန္ဒပြ

ဇနီး ထိုးကြိတ်ခံရမှု ဒဏ်ငွေ သာချသည့်အတွက် ခင်ပွန်းက တရားသူကြီးကို ဆန္ဒပြ
May 17, 2017 Asian Fame

3:30 pm
ဇနီး ထိုးကြိတ်ခံရမှု ဒဏ်ငွေ သာချသည့်အတွက် ခင်ပွန်းက တရားသူကြီးကို ဆန္ဒပြ

mdy(မန္တလေး၊ မေ ၁၆)

ဇနီးဖြစ်သူ ထိုးကြိတ်ရိုက် နှက်ခံရမှုနှင့် ပတ်သက်၍ တရားရုံးက ငွေဒဏ်သာ ချမှတ် သည့်အတွက် ခင်ပွန်းဖြစ်သူက ကျေနပ်မှု မရှိဟုဆိုကာ မေ ၁၅ ရက်က ချမ်းအေးသာစံ မြို့နယ် တရားရုံးအနီး တစ်ကိုယ်တော် ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ဖြစ်စဉ်အကျဉ်းမှာ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က ယခု ဆန္ဒဖော်ထုတ်သူ ဦးထွန်း ဝင်း(ခ) ဦးတင်မောင်လတ် ၏ ဇနီးဖြစ်သူနှင့် အိမ်နီးချင်းနေ သူတို့ အချင်းများ ဆဲဆိုရန်ဖြစ် ကြရာမှ ဆဲဆိုသူများဘက်က ကိုယ်ထိလက်ရောက် ပြုလုပ် ခြင်း၊ အိမ်အတွင်းခဲနှင့် ပစ် ပေါက်ခြင်း ပြုလုပ်ခဲ့ကြောင်း၊  အိမ်အပါအဝင် မော်တော်ယာဉ် တစ်စီး ထိခိုက် ပွန်းပဲ့မှုတို့ ရှိခဲ့ ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ် သက်၍ သက်ဆိုင်ရာ နယ်မြေရဲ စခန်းတွင် အမှုဖွင့် တိုင်ကြား တရားစွဲဆိုခဲ့ကြောင်း၊ တရားစွဲ ဆိုစဉ်က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၉၄၊ ၅ဝ၆၊ ၃၂၃၊ ၃၅၄၊ ၄၂၇၊ ၁၁၄ စသည့် ပုဒ်မများ စွာဖြင့် စွဲဆိုခဲ့သော်လည်း အမိန့် ချမှတ်သည့် အခါတွင် ပုဒ်မ ၄၂၇ အကျိုးပျက်စီးမှု ပုဒ်မ တစ်ခုတည်းဖြင့်သာ ဒဏ်ငွေ သုံးသောင်းကျပ် ပြစ်ဒဏ် ချမှတ် လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားပြီး သုံးနှစ် ကျော်အကြာ ၂ဝ၁၇ ခုနှစ် ဧပြီ ၂၁ ရက်မှသာ အပြီးသတ် အမိန့် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ချမ်းအေး သာစံမြို့နယ် တွဲဖက်တရားသူ ကြီး(၁)ဦးမောင်မောင်သက် လွင်၏ တရားစီရင်မှု အပေါ် ကျေနပ် မရှိသဖြင့် ဆန္ဒထုတ်ဖော် ခြင်းဖြစ်ကြောင်း၊ ထိရောက် သည့်အရေးယူမှု မရှိပါက နေ ပြည်တော်အထိ သွားရောက် ဆန္ဒဖော်ထုတ် မည်ဖြစ်ကြောင်း ဦးတင်မောင်လတ် က ပြော သည်။

”အမျိုးသမီး တစ်ယောက် ကို အမျိုးသား တစ်ယောက်က ထိုးတယ်၊ ကြိတ်တယ်၊ ကန် တယ်။ အဲဒီလို လုပ်လိုက်တော့ ထမိန်ကျွတ်တယ်၊ အင်္ကျီပြဲတယ်၊ မျက်နှာနဲ့ခန္ဓာ ကိုယ်မှာ ဒဏ်ရာ တွေရတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က တရားဥပဒေ ကြောင်းအရ သွားတယ်။ ဒါပေ မယ့် ဥပဒေ ကြောင်းအရ ကာ ကွယ်မှု အပြည့်အဝ မရခဲ့ဘူး။ အခု ကိစ္စမှာ အမျိုးသမီးတွေကို လုပ်ချင်တာလုပ်ပြီး ဒဏ်ငွေ သုံး သောင်းဆောင်လိုက်ရင် ရတယ် ဆိုတဲ့ သဘောမျိုး သက်ရောက် နေတယ်။  ဒါဆို အမျိုးသမီး တွေကို ကာကွယ် စောင့်ရှောက် မှုက ဘယ်လိုမှရမှာ မဟုတ်တော့ ဘူး။ ဒါကြောင့်မို့လို့ ဒါတွေရရှိဖို့ အခုကိစ္စနဲ့ ပတ်သက်ပြီး အထက် လူကြီးတွေသိဖို့ ဆန္ဒဖော်ထုတ် တာပါ” ဟု ၄င်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက် ၍ ချမ်းအေးသာစံမြို့နယ် တွဲ ဖက်တရားသူကြီး (၁) ဦးမောင် မောင်သက်လွင် ကို တွေ့ဆုံမေး မြန်းရာ ၄င်းအနေနှင့် တရား ဥပဒေကြောင်း အရ တရားစီရင် ပြီးဖြစ်သဖြင့် ပြီးစလွယ် စီရင် ချက်ချသည်ဟူသော စွပ်စွဲချက် ကို ငြင်းဆိုကြောင်း၊ အမှုဖြစ် လျှင် တစ်ဖက်ဖက်က ရှုံးမည် ဖြစ်ကြောင်း၊ ရှုံးတိုင်းမကျေနပ်၍ ဆန္ဒပြသည့်ကိစ္စ အပေါ် ဖြေ ရှင်း ပြောဆိုရန် မရှိကြောင်း ပြန်လည် ဖြေကြားသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*