၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ရရှိရေး ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာသန်း ၃၁၀ ဖြင့်ဆောင်ရွက်နေ

၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ရရှိရေး ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာသန်း ၃၁၀ ဖြင့်ဆောင်ရွက်နေ
August 16, 2017 Fame Asian

3:11 pm
၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ရရှိရေး ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာသန်း ၃၁၀ ဖြင့်ဆောင်ရွက်နေ

electric_tower-
နေပြည်တော် ၊ သြဂုတ် ၁၆

၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကမ္ဘာ့ဘဏ်၏ ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၃၁၀) ဖြင့် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) အား အဆင့်(၄) ဆင့်သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် က ပြောသည်။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လှိုင်းဘွဲ့ မဲဆန္ဒနယ်အမတ် ဦးခင်ချို မေးမြန်းသော ” လျှပ်စစ်ကဏ္ဍ အရှုံးဖြစ်ပေါ်နေမှု ကာမိစေမည့် အစီအစဉ်များ ဆောင်ရွက်နေမှုအခြေအနေ၊ ဒီဇယ် အင်ဂျင်စက် သုံးစွဲသည့် မြို့များနေရာမှာ ဓာတ်အားလိုင်းဖြင့် အစားထိုး ဆောင်ရွက်မည့် အစီအစဉ်များ၊ အစားထိုးပြီးနေရာ မြို့ရွာများမှ ဒီဇယ်အင်ဂျင်စက်များကို ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်နှင့် အစိုးရသစ် (၅)နှစ်ကာလအတွင်း လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာရေး ဆောင်ရွက်မည့် အစီအစဉ် ရှိ၊ မရှိ ” မေးခွန်းအပေါ် ပြန်လည်ဖြေဆိုရာအတွင် ဒုဝန်ကြီးက ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုဝန်ကြီးက လျှပ်စစ်ကဏ္ဍတွင် အရှုံးဖြစ်ပေါ်မှုကာမိစေရန် ဓာတ်အားပျောက်ဆုံးမှုဖြစ်ပေါ်နေသည့် Technical ပိုင်းဆိုင်ရာ စံချိန်စံညွှန်း မမီသောကြိုး၊ ကြွေသီးများကို လဲလှယ်ခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တို့၏ ချိတ်ဆက် မှုကောင်းမွန်စေရန် ပြုပြင်ခြင်း၊ Analogue Meter များအစား Digital Meter များဖြင့် ပြောင်းလဲတပ်ဆင်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ Non Technical ပိုင်းဆိုင်ရာ ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရန် ဓာတ်အား ခိုးယူသုံးစွဲမှု လျှော့ချနိုင်ရေးနှင့် မသမာမှုမရှိစေရေး ဓာတ်အားရောင်း ချယူနစ်များကို တိကျမှန်ကန်စွာ ငွေကောက်ခံ နိုင်ရေးတို့ကို စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း ဆိုသည်။

ယင်းအပြင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် (၅) နှစ် စီမံချက်အား ရေးဆွဲထားရာ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ် အပြီး ဒီဇယ် ဓာတ်အားပေး စက်များဖြင့် ဓာတ်အားရရှိသုံးစွဲလျက်ရှိသော ၆၆ မြို့နှင့် ကျေးရွာ၂၉ ရွာအား ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေး နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အား ရရှိရေးအတွက် ကမ္ဘာ့ဘဏ်၏ ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၃၁၀) ဖြင့် အမျိုးသား လျှပ်စစ် ဓာတ်အား ရရှိရေး စီမံကိန်း (NEP) အား အဆင့်(၄) ဆင့်သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း ထပ်လောင်းဆိုသည်။

ဝန်ကြီး ဌာနမှ နိုင်ငံတကာနှစ်ရှည်ချေးငွေ များ ရယူ၍လည်းကောင်း၊ နှစ်အလိုက် ပြည်ထောင်စု ဘတ်ဂျက်တွင် လျာထား တင်ပြ၍ လည်းကောင်း၊ လျှပ်စစ် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိက၏ ရင်းနှီးမြှပ်နှံမှုကို အားပေးဆောင် ရွက်လျက်ရှိရာ ဓာတ်အားခနှုန်းထား များကိုလည်း ထုတ်လုပ်မှု စရိတ်ကာမိစေမည့် ထိုက်သင့်သ ည့် ဈေးနှုန်းဖြစ် ရန်နှင့် ပြည်သူ များသိရှိ နားလည် သဘောပေါက်ပြီး ပူးပေါင်း ပါဝင်လာရန် ပြည်သူ့ လွှတ်တော်၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ မှ ကော်မတီဝင်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင် ဆိုင်ရာ ဝန်ကြီးများ ပါဝင်၍ ညှိနှိုင်းဆွေးနွေး လျက်ရှိပါကြောင်း ဒုဝန်ကြီးကဆိုသည်။

SLM ၊ YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*