ရွှေပြည်သာက KTV ဆိုင်တစ်ခုမှာ ငွေစက္ကူ အတုနဲ့ လာရောက် စားသောက်တဲ့ ၄ဦး ကို ရဲဖမ်းထား

ရွှေပြည်သာက KTV ဆိုင်တစ်ခုမှာ ငွေစက္ကူ အတုနဲ့ လာရောက် စားသောက်တဲ့ ၄ဦး ကို ရဲဖမ်းထား
August 16, 2017 Asian Fame

3:09 pm
ရွှေပြည်သာက KTV ဆိုင်တစ်ခုမှာ ငွေစက္ကူ အတုနဲ့ လာရောက် စားသောက်တဲ့ ၄ဦး ကို ရဲဖမ်းထား

KTV(ရန်ကုန်၊ သြဂုတ် ၁၆ )

ရန်ကုန် ရွှေပြည်သာ အတွင်းက KTV ဆိုင်တစ်ခုမှာ ငွေစက္ကူ အတုနဲ့ လာရောက်စားသောက်ကြတဲ့ ၄ဦးကို ရဲကဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်း တာတွေ လုပ်နေတယ် လို့ သိရပါတယ်။

အဲဒီ့ လူ၎ဦး ဟာ ရွှေပြည်သာမှာနေကြတဲ့သူတွေပါ

သူတို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ ည ၁၁နာရီကျော် အချိန် က အဲဒီ့ဆိုင်မှာ စားသောက်ကြပြီး ၊ငွေရှင်းရာမှာ ငွေစက္ကူအတု ၁၀,ဝ၀ဝ ကျပ်တန်(၇)ရွက် ကိုအစစ်တွေနဲ့ရောပြီး ရှင်းခဲ့လို့ ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ နဲ့ မနေ့က ဖမ်းခံလိုက်ရတာပါ။

လက်ရှိ အချိန်အထိ စစ်ဆေးမေးမြန်းနေဆဲ ဖြစ်လို့ ရဲက အသေးစိတ် အချက်အလက်တွေ ကို မထုတ်ပြန်သေးပါဘူး။

ပြီးခဲ့တဲ့ လက စလို့ ရန်ကုန်က မြို့နယ် ၁၀ခုကျော်မှာ ဆက်တိုက်ဆိုသလို ငွေစက္ကူအတုတွေတွေ့နေရလို့ ရဲက စုံစမ်းနေရတုန်းပါ။

PN-051

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*