ပင်းတယတွင် တောရိုင်းတိရစ္ဆာန်များကို လေ့လာနိုင်မည့် ခရီးသွားနေရာသစ်တစ်ခု ဖော်ထုတ်မည်

ပင်းတယတွင် တောရိုင်းတိရစ္ဆာန်များကို လေ့လာနိုင်မည့် ခရီးသွားနေရာသစ်တစ်ခု ဖော်ထုတ်မည်
March 16, 2017 Asian Fame

3:40 pm
ပင်းတယတွင် တောရိုင်းတိရစ္ဆာန်များကို လေ့လာနိုင်မည့် ခရီးသွားနေရာသစ်တစ်ခု ဖော်ထုတ်မည်

မေဇင်ဝင်း
ရန်ကုန်၊ မတ် ၁ဝ

ပင်းတယမြို့နယ်တွင် နိုင်ငံခြား ခရီးသွားများအတွက် သဘာဝတောရိုင်းတိရစ္ဆာန်များကို လေ့လာနိုင်မည့် ခရီးသွားနေရာသစ်တစ်ခု ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပင်းတယဇုန်)ဥက္ကဋ္ဌ ဦးကျော်ထွေးက ပြောသည်။

ပင်းတယမြို့နှင့် ရှစ်မိုင်အကွာတွင် ရှိသော ပွေးလှကျေးရွာ၊ ရေဂနိုင်ဘုန်းကြီးကျောင်းအနီးရှိ သဘာဝဘေးမဲ့တောကို ခရီးသွားဒေသအဖြစ် ဖော် ဆောင်မည်ဖြစ်ကြောင်း၊ အဆိုပါ ဘေးမဲ့တောသည် ခန့်မှန်းခြေဧက ၅ဝဝ ခန့်ရှိ ပြီး ဒေါင်း၊ ရစ်၊ ဂျီ စသည့် တိရစ္ဆာန်များနှင့် ငှက်မျိုးစိတ်များစွာရှိကြောင်း ၎င်းက ပြောသည်။

”ဒေါင်းက အကောင်ငါးဆယ်လောက်ရှိတယ်။ ငှက်မျိုးစိတ်တွေလည်း ရှိတဲ့အတွက်ကျွန်တော်တို့ အဲဒါတွေကို စာရင်းကောက်မယ်၊ လာတဲ့ဧည့်သည်တွေက ငှက်တွေ၊ တောရိုင်းတိရစ္ဆာန်တွေ ကြည့်လို့ရမယ့်အပြင် သစ်ပင်စိုက်ပျိုးတာမျိုးပါလုပ်မယ်။ သစ်တော ဦးစီးနဲ့ ညှိနှိုင်းပြီးတော့ ပျိုးဥယျာဉ်လေးလုပ်မယ်။ ဧည့် သည်တွေရဲ့ နာမည်လေးတွေ ထိုးပြီး သစ်ပင်တွေစိုက် ပျိုးတဲ့ အစီအစဉ်လုပ်မယ်” ဟု ၎င်းက ပြောသည်။ ထိုအစီအစဉ်ကို ပင်းတယ ဟိုတယ်ဇုန်က အ ကောင်အထည်ဖော်ခြင်းဖြစ်ပြီး ဒေသခံများနှင့်လည်း ညှိနှိုင်းထားပြီးဖြစ်ကြောင်း၊ သင်္ကြန်အပြီးတွင် ရွာခံများနှင့် ထပ်မံဆွေးနွေးကာ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

”ရေဂနိုင်ဘုန်းကြီးကျောင်းက ပွေးလှကျေးရွာရဲ့ ၂ မိုင်အကွာမှာ ရှိပါတယ်။ အဲဒါကြောင့် ပင်းတယ ကိုလာတဲ့ ဧည့်သည်တွေ တောတွင်း ခြေကျင်လမ်း လျှောက်ရင်းဖြစ်ဖြစ်၊ စက်ဘီးနဲ့ပဲဖြစ်ဖြစ် လာရောက် လေ့လာနိုင်မှာပါ။ အနီးအနားက ကျေးရွာတွေကလည်း တောင်ရိုးတိုင်းရင်းသားကျေးရွာတွေပဲဆိုတော့ တိုင်း ရင်းသားတွေရဲ့လူနေမှု ရိုးရာဓလေ့တွေပါ လေ့လာနိုင်မှာပါ” ဟု ၎င်းက ပြောသည်။ ရှမ်းပြည်နယ်သို့ လာရောက်သော ဧည့်သည်များသည် များသောအားဖြင့် ပင်းတယတွင် ညအိပ်လေ့မရှိခြင်းကြောင့် ယခုကဲ့သို့ ခရီးသွားနေရာသစ်ဖော် ထုတ်ပါက ညအိပ်သော ဧည့်သည်များအတွက် လေ့ လာစရာနေရာတစ်ခု ထပ်တိုးမည်ဟု ရန်ကုန်အခြေ စိုက် ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

”ပင်းတယမှာက ရှုခင်းက အကုန်လှတယ်။ ကောင်းပါတယ်။ အဲဒီဘက်ကကျတော့ တခြားဘက်ထက်စာရင် အေးလည်းအေးချမ်းတယ်။ တောကောင် လေးတွေလည်း ကြည့်နိုင်မယ်ဆိုတော့ ဧည့်သည်တွေ စိတ်ဝင်စားနိုင်တယ်။ ကြိုက်နိုင်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။ ပင်းတယမြို့သို့ လာရောက်သော ခရီးသွားများသည် ရွှေဥမင်ဘုရား၊ ရွာငံ ရေပြာအိုင်၊ မိန်းမရဲ တောင်တို့သို့ အဓိက သွားရောက် ကြလေ့ရှိသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*