KNU ကကန့်ကွက်နေတဲ့ ထားဝယ်/မြိတ်ခရိုင်ထဲက သစ်တောကြိုးဝိုင်းနဲ့ အမျိုးသားဥယျာဉ်ကိစ္စဘယ်လိုဆက်ဖြစ်မလဲ..

KNU ကကန့်ကွက်နေတဲ့ ထားဝယ်/မြိတ်ခရိုင်ထဲက သစ်တောကြိုးဝိုင်းနဲ့ အမျိုးသားဥယျာဉ်ကိစ္စဘယ်လိုဆက်ဖြစ်မလဲ..
October 12, 2017 Fame Asian

11:13 am
KNU ကကန့်ကွက်နေတဲ့ ထားဝယ်/မြိတ်ခရိုင်ထဲက သစ်တောကြိုးဝိုင်းနဲ့ အမျိုးသားဥယျာဉ်ကိစ္စဘယ်လိုဆက်ဖြစ်မလဲ..

bv

ထားဝယ် ၊ အောက်တိုဘာ ၁၁

KNU က ကန့်ကွက်လိုက်တဲ့ ထားဝယ်၊ မြိတ်ခရိုင်ထဲက အမျိုးသားဥယျာဉ် ၊ သစ်တောကြိုးဝိုင်းသတ်မှတ်ခြင်းကိစ္စတွေကို ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ တိုင်းဒေသကြီးသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး က ပြောပါတယ်။

တနင်္သာတိုင်းအတွင်းကထားဝယ်နဲ့ မြိတ်ခရိုင်ထဲမှာ အမျိုးသားဥယျာဉ် ၊ သစ်တောကြိုးဝိုင်း စတဲ့စီမံကိန်းတွေ စုစုပေါင်း ၃ ခုလောက် အကြမ်းဖျင်းလျာထားတာရှိတယ်လို့ တိုင်းဒေသကြီးသယံဇာတနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“လက်ရှိတော့ တိုင်းဒေသကြီးမှာ ညှိနှီုင်းနေတဲ့အနေအထားတော့မရှိပါဘူး။ ဒါပေမဲ့ဒီကိစ္စတွေက လျာထားတဲ့အဆင့်ပဲရှိပါသေးတယ်။ ဆောင်ရွက်မယ့်အချိန်ကြရင်တော့ ညှိနှိုင်းဆောင်ရွက်ရမှာပေါ့ ” လို့ သူက ဆိုပါတယ်။

ကရင်အမျိုးသားအစည်း KNU က သူတို့ရဲ့ ၁၆ ကြိမ်မြောက်ကွန်ဂရက်အပြီး ပထမအကြိမ်အရေးပေါ် ဗဟိုအမြဲတန်းကော်မတီအစည်းအဝေးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ကနေ ၇ ရက်နေ့ထိ ကျင်းပခဲ့ပါတယ်။

ဒီအရေးပေါ်အစည်းအဝေးအပြီးမှာ အချက် ၆ ချက်ပါဝင်တဲ့ ကြေညာချက်တစ်စောင်ကိုထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်မှာ အစိုးရက ထားဝယ် ၊ မြိတ်ခရိုင်ထဲမှာ အမျိုးသားဥယျာဉ် ၊ သစ်တောကြိုးဝိုင်း ဆောင်ရွက်နေတဲ့ကိစ္စအပေါ် ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် မိမိနယ်မြေအတွင်းရှိ သစ်တောကြိုးဝိုင်းများ ၊ တိရိစ္ဆာန်ဘေးမဲ့တောများအတွင်းဝင်ရောက်ပြီး သစ်ထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်မှုတို့ကို KNU သစ်တောဌာန၏ မူဝါဒ ၊ လုပ်ငန်းလမ်းစဉ်များနှင့်အညီ ထိန်းသိမ်းခြင်းနှင့်ကာကွယ်စောင့်ရှောက်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ပြီး ကေအဲန်ယူတပ်မဟာ(၄) ဘိတ်ထားဝယ်ခရိုင်၏နယ်မြေအတွင်း အမျိုးသားဥယျာဉ် ၊ သစ်တောကြိုးဝိုင်း သတ်မှတ်ခြင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ၀င်ရောက်လုပ်ကိုင်မှုများသည် လက်ရှိငြိမ်းချမ်းရေးတည်ဆောက်ဆဲကာလတွင် အခက်အခဲဖြစ်လာသောကြောင့် ထိုလုပ်ငန်းများနှင့်ပတ်သတ်ပြီး မိမိတို့၏မူဝါဒကိုအခြေခံပြီး ထိန်းသိမ်းစောင့်ရှောက်သွားမည် ” လို့KNU က သူ့ရဲ့ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး KNU ကတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

တိုင်းဒေသကြီး သယံဇာတနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က “အရင်တုန်းက ဒီဒေသတွေမှာ သစ်တောကြိုးဝိုင်းတွေသတ်မှတ်တုန်းက မြေပြင်မဆင်းဘဲ မြေပုံပေါ်ကနေပဲ ကြည့်ပြီးသတ်မှတ်ခဲ့တာတွေရှိတယ်။ အဲ့ဒီတော့ သတ်မှတ်တဲ့ဧရိယာထဲမှာပါတဲ့ဒေသခံတွေက ကျူးဘ၀ရောက်သွားခဲ့တာတွေရှိတယ်။ ဒီကိစ္စတွေလည်းကျွန်တော်တို့ဆီကိုရောက်နေတာတွေရှိတယ်။ ပြီးတော့ လက်နက်ကိုင်အဖွဲ့လည်းဖြစ်နေတော့ သူတို့ မလာစေချင်တဲ့နေရာကို ရောက်လာကြမှာ စိုးရိမ်တာလည်းပါချင်ပါမှာပေါ့” လို့ ပြောပါတယ်။

KNU ဟာဆိုရင် အစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးတွေကိုတက်ရောက်နေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပါတယ်။

ရဲလွင် 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*