အသက်ကိုးဆယ်အောက် ဘိုးဘွားများကို လာမည့်နှစ်နှစ်အတွင်း ပင်စင်ထောက်ပံ့ကြေးပေးမည်

အသက်ကိုးဆယ်အောက် ဘိုးဘွားများကို လာမည့်နှစ်နှစ်အတွင်း ပင်စင်ထောက်ပံ့ကြေးပေးမည်
May 17, 2017 Asian Fame

2:10 pm
အသက်ကိုးဆယ်အောက် ဘိုးဘွားများကို လာမည့်နှစ်နှစ်အတွင်း ပင်စင်ထောက်ပံ့ကြေးပေးမည်

စိုင်းလမင်း

ရန်ကုန်၊ မေ ၁၅

လာမည့် နှစ်နှစ်အတွင်း အသက် ၉ဝ အောက် ဘိုးဘွားများကို လူမှုရေးပင်စင် ထောက်ပံ့ကြေးပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

”လက်ရှိမှာ သူတို့အတွက် တိုးပေးနိုင်သလားဆိုပြီးကြည့်တော့ လာမယ့်နှစ်နှစ်အတွင်းမှာ တိုးပေးနိုင်တဲ့အနေအထားဖြစ်လာတယ်။ ဘတ်ဂျက်ကလည်း အဆင်ပြေတယ်”ဟု ၎င်းက ပြောသည်။ လက်ရှိတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အနေဖြင့် အသက် ၉ဝ အထက် ဘိုးဘွား များအား ပင်စင်ထောက်ပံ့ကြေး ပေးနိုင်ရန်အတွက် လုပ်ဆောင်နေ ရင်း အသက် ၉ဝအောက် ဘိုးဘွားမည်မျှရှိသည်ကိုလည်း စစ်တမ်းကောက်နေသည်ဟု ၎င်းက ဆက် ပြောသည်။

အသက် ကိုးဆယ်အောက် ဘိုးဘွားများကိုပါ ထောက်ပံ့ကြေးပေးသွားမည့် အစီအစဉ်နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ (မြန်မာ) မှ လူမှုကာကွယ်စောင့် ရှောက်ရေး တာဝန်ခံ ဒေါက်တာ ဟိန်းသက်စိုးက ”ဒီလိုပေးလိုက်တဲ့ အတွက် ဘိုးဘွားတွေ တန်ကြေးတစ်ခုလောက် တော့ရလာမယ်လို့ ထင်တယ်၊ ဘာလို့ ဒီလိုပြောရတာလည်းဆိုတော့ ဘိုးဘွားတွေအနေနဲ့ ဒီထောက်ပံ့ကြေးထဲကနေ ဆေးဝယ်သောက်တာပဲ ဖြစ်ဖြစ်၊ လက်ဖက်ရည် ဝယ်သောက်တာပဲ ဖြစ်ဖြစ်၊ မုန့်ဖိုးပေးတာပဲ ဖြစ်ဖြစ် လုပ်နိုင်တဲ့အတွက် အကျိုးတစ်ခုခု တော့ ရလာမှာပဲဖြစ်ပါတယ်” ဟု ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနအနေဖြင့် အသက် ၉ဝ အထက် ဘိုးဘွားများအတွက် ပင်စင်ထောက်ပံ့ကြေးကို ယခုနှစ် ဇွန်လ ၂၅ ရက်တွင် စတင်ပေး တော့မည်ဖြစ်ပြီး တစ်လလျှင် ကျပ်တစ်သောင်း ထောက်ပံ့ပေး မည်ဖြစ်သည်။ ထိုသို့ထောက်ပံ့ နိုင်ရန် တစ်နှစ်စာငွေကျပ် ဘတ် ဂျက် ၄ ဒသမ ၂ ဘီလျံတောင်း ထားကြောင်း သိရသည်။ ၂ဝ၁၄ခုနှစ် သန်းခေါင် စာ ရင်းအရ မြန်မာနိုင်ငံတွင် အသက် ၉ဝ အောက် ဘိုးဘွား ၂ ဒသမ ၈ သန်းရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*