တောင်းရမ်းသည့် ကလေးငယ်များကို နောက်ကွယ်မှ စေခိုင်းသူများအား အမြင့်ဆုံးပြစ်ဒဏ်ပေးရန် စီစဉ်

တောင်းရမ်းသည့် ကလေးငယ်များကို နောက်ကွယ်မှ စေခိုင်းသူများအား အမြင့်ဆုံးပြစ်ဒဏ်ပေးရန် စီစဉ်
May 17, 2017 Asian Fame

2:18 pm
တောင်းရမ်းသည့် ကလေးငယ်များကို နောက်ကွယ်မှ စေခိုင်းသူများအား အမြင့်ဆုံးပြစ်ဒဏ်ပေးရန် စီစဉ်

စိုင်းလမင်း
ရန်ကုန်၊ မေ ၁၅

တောင်းရမ်းသည့် ကလေးငယ်များကို နောက်ကွယ်မှ ခိုင်းစေနေသူများအား ထောင်ချသည်အထိ အရေးယူမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

”ကလေးသူငယ်အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ဥပဒေပေါ်လာတော့မယ်။ ဒီ ဥပဒေဟာ ကလေးသူငယ်လေးတွေရဲ့ အခွင့်အရေးကာကွယ် စောင့်ရှောက်ပေးထားတာမို့လို့ ထိထိရောက်ရောက် အရေးယူနိုင်တော့မှာ ဖြစ်ပါတယ်။ကလေးတွေကို တောင်းစားခိုင်းတဲ့ဂိုဏ်းအလိုက် ဖော်ထုတ် အရေးယူသွားမယ်” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်တွင် ထိုဥပဒေမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အစိုးရအဖွဲ့ထံရောက်ရှိနေပြီး ဆုံးဖြတ်ချက်ချပြီးပါက လွှတ်တော်သို့ ရောက်ရှိလာ မည်ဖြစ်ကြောင်းဝန်ကြီးက ပြောသည်။

ထောင်ဒဏ်ချမှတ်အရေး ယူမည်ဟုဆိုသော်လည်း မည်မျှသတ်မှတ်ထားသည်ကိုမူ လက်ရှိအချိန်တွင် ဖြေကြားရန် စောလွန်းနေသေးကြောင်း၊ နည်းဥပဒေထွက်လာပါက အသေးစိတ်ဆောင်ရွက်ရမည့် ကိစ္စများရှိနေသေးကြောင်း၊ နည်းဥပဒေတွင် အမြင့်ဆုံးပြစ် ဒဏ်ထည့်သွင်းနိုင်ရေးလုပ် ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီး ကပြောသည်။ မိဘမဲ့ကလေးများကို စောင့်ရှောက်ပေးနေသည့် ကလေးသူငယ်အရေး ဆောင်ရွက်သူတစ်ဦးဖြစ်သည့် ကိုဖိုးဇော်က ဝန်ကြီးဌာန၏အစီ အစဉ်မှာ လွန်စွာကောင်းမွန် ကြောင်း မှတ်ချက်ပြုသည်။

”ကလေးတွေကို နောက် ကွယ်ကခိုင်းစေသူတွေကို ထိထိရောက်ရောက် အရေးယူ သင့်တယ်၊ ဘာလို့လဲဆိုတော့ အခုရန်ကုန်မှာ အဲ့ဒီလိုကလေး တွေကများနေတယ်”ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ကလေး သူငယ်များအား တောင်းရမ်း စားသောက်ရန် ခိုင်းစေသူများကို ကလေးသူငယ်ဥပဒေပုဒ်မ ၆၆ ပုဒ်မခွဲ (ဂ)ဖြင့် အရေးယူ လျက်ရှိသည်ဟု သိရသည်။ အဆိုပါပုဒ်မ (ဂ)တွင် မိမိ ကိုယ်ကျိုးအတွက် ကလေး သူငယ်အား တောင်းရမ်းခိုင်း ခြင်း၊ မိမိအုပ်ထိန်းမှု လက် အောက်ရှိ ကလေးသူငယ် တောင်းရမ်းစားသောက်နေ သည်ကို တားမြစ်ရန် ပျက် ကွက်ခြင်း၊ မိမိကတောင်းရမ်း စားသောက်ရာတွင် ကလေးသူငယ်ကို တစ်နည်းနည်းဖြင့် အသုံးပြုခြင်းတို့ကို ပြုလုပ်ပါက ခိုင်းစေသူများကို ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေဒဏ်ကျပ် ၁ဝဝဝဝ ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*