ဆေးပြားသိန်း၁၉၀ ကျော်၊ အခြားမူးယစ်ဆေးဝါးအမြောက်အများနှင့်လက်နက်အချို့ ဖမ်းဆီးရမိ

ဆေးပြားသိန်း၁၉၀ ကျော်၊ အခြားမူးယစ်ဆေးဝါးအမြောက်အများနှင့်လက်နက်အချို့ ဖမ်းဆီးရမိ
August 9, 2017 Fame Asian

11:39 am
ဆေးပြားသိန်း၁၉၀ ကျော်၊ အခြားမူးယစ်ဆေးဝါးအမြောက်အများနှင့်လက်နက်အချို့ ဖမ်းဆီးရမိ

me

တာချီလိတ် ၊ သြဂုတ် ၉

တာချီလိတ်မြို့နယ် မိုင်းဟဲ(အောက်)ကျေးရွာအုပ်စု ကျဆီးကျေးရွာမှာ မူးယစ်စိတ်ကြွဆေးပြား သိန်း ၁၉၀ နဲ့ အခြားမူးယစ်ဆေးဝါးအမြောက်အများ စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်းပေါင်း ၆၄၅၀၀၀ လောက် ကိုဖမ်းဆီးရမိခဲ့ပါတယ်။

သြဂုတ်လ ၈ ရက်နေ့မှာ သတင်းရလို့ သွားရောက်ရှာဖွေရာ အခုလို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ တာချီလိတ်‌မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ထိန်‌လင်းက‌ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

dd

“တရားခံ စုစုပေါင်း ၄ဦး ၊ မိန်းကလေး တစ်ဦးပါတယ်။ သူတို့ကို လက်နက်ကိုင်ဆောင်မှု ၊ မူးယစ်ဆေးသုံးစွဲမှု ရောင်းဝယ်မှုနဲ့ အမှုဖွင့်ထားတယ် ” လို့ သူကပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးတွေကတော့
(၁) WY စာတမ်းပါစိတ်ကြွဆေးပြားဆာလာအိတ်ဖြင့်(၈၅)လုံး ဆေးပြား သိန်း ၁၉၀
(၂) ဘိန်းဖြူ ဘလောက်တုံး (၂၆)တုံး (၉.၁)ကီလိုခန့်
(၃) အက်တက်စီဆေးပြား သိန်းပေါင်း ( ၆ .၁၅ )ပြား
(၄) ကဖင်း၂၃၀ ကီလိုဂရမ်ခန့်
(၅) ဘိန်းစိမ်း (၁ .၅ ) ကီလိုခန့်
(၆) ကက်တမင်း (၁)ကီလိုခန့်
(၇) အိုက်စ် ၂၀၀ ကီလိုဂရမ်ခန့် ဖြစ်တယ်လို့ တာချီလိတ်မြို့မရဲစခန်းရဲ့စာရင်းအရသိရပါတယ်။

ဒါ့အပြင် ထိုင်းဘတ်ငွေ (၁၈)သိန်း ၊တရုတ်ယွမ်ငွေ (၁)သောင်းစိတ်ကြွဆေးပြားရိုက် မှို အချောင်း (၇၀)ချောင်း ၊ 999 တံဆိပ်ပါ မှို (၂) ချောင်း၊ ပွိုင့် (၂၂) ပြောင်းရှည် သေနတ် (၂)လက် ၊ ရီမင်တန် တစ်လုံးထိုး သေနတ် (၁)လက် ၊ရွှေထည် မျိုးစုံ (စိစစ်ဆဲ) Vigo Hilux (၃)စီး တို့ကိုလည်းဖမ်းဆီးရမိခဲံ့တယ်လို့ တာချိလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကသိရပါတယ်။

YL ၊ သီဟ

Photo- တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*