ဧရာဝတီလင်းပိုင်များအား SMART Database ကို အသုံးပြု၍ စစ်တမ်းကောက်ယူတော့မည်

ဧရာဝတီလင်းပိုင်များအား SMART Database ကို အသုံးပြု၍ စစ်တမ်းကောက်ယူတော့မည်
May 17, 2017 Asian Fame

2:07 pm
ဧရာဝတီလင်းပိုင်များအား SMART Database ကို အသုံးပြု၍ စစ်တမ်းကောက်ယူတော့မည်

(ရန်ကုန်၊ မေ ၁၆)

ဧရာဝတီလင်းပိုင် များ အဓိကကျက် စားသည့် မန္တလေးမြို့နှင့် ဗန်းမော်ကြား ရှိနေရာများတွင် ကင်းလှည့်လုပ်ငန်းစဉ်များ SMART Database ကို အသုံးပြုပြီး စစ်တမ်း ကောက်ယူတော့မည် ဖြစ်ကြောင်း သားဌက် ထိန်းသိမ်းရေးအဖွဲ့ (WCS) မှစီမံကိန်းမန်နေဂျာ ကိုကျော်လှသိန်းက ပြောသည်။

”စဥ့်ကူးမှာတော့ SMART Database သုံးပြီးတော့ လုပ်ဆောင်နေပါပြီ။ အဓိက ကျက်စားရာနေရာကိုတော့ ဇွန်လ ကနေစတင် ပြီး ကောက်ယူသွားမှာ ဖြစ်ပါ တယ်”ဟု ၄င်းက ပြောသည်။

စဥ့်ကူးတွင် SMART Database အသုံးပြုပြီး စစ်တမ်းကောက်ရာတွင် လင်းပိုင်များစုသည့် နေရာ ရွှေတူးဖော်ခြင်း နှင့် ဘက်ထရီ ရှော့တိုက်ခြင်းများကို မှတ် တမ်း တင်ထားသော်လည်း အချက်အလက် ကို လက်ရှိအချိန်တွင် အတိအကျထုတ်ပြန် ၍ မရသေးကြောင်း ၄င်းကထပ်မံဆိုသည်။

”အခုလို စစ်တမ်းကောက်လိုက်တဲ့ အတွက် ဘက်ထရီ ရှော့တိုက်တာတွေ လျော့ကျသွားတယ်။ အရင်လောက်တော့ မရှိတော့ဘူး။ သူတို့ (ဧရာဝတီလင်းပိုင်) တွေကို ပိုမိုထိန်းသိမ်းလာနိုင်တယ်”ဟု ကိုကျော်လှသိန်း က ပြောသည်။

လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်း တို့တွင် ငါး လုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်းကာ ရေရှည် ထိန်းသိမ်းရေး ကင်းလှည့်လုပ်ငန်းစဉ်၊ အဓိက ဖြစ်သော GPS အသုံးပြုခြင်းသင်တန်း များ ပေးလျက်ရှိကြောင်း ဆိုသည်။

”သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာန ကဝန်ထမ်းတွေကို သင်တန်းပေးနေပါတယ်”ဟု ၄င်းကထပ်မံဆိုသည်။ SMART (Spatial Monitoring and Reporting Tool) နည်းပညာသည် ကွန်ပျူတာထဲတွင် သုံးရ သော နည်းပညာ အမျိုးအစားဖြစ်ပြီး သက် ဆိုင်ရာထိန်းသိမ်းရေး ဧရိယာတွင် လိုအပ် သောဒေတာ အချက်အလက်များကို SMART Ranger  တွေက ကောက်ယူရခြင်း ဖြစ်သည်။ ထိုသို့ကောက်ယူခြင်းကြောင့် ထိန်းသိမ်းရေးဧရိယာထဲမှ လင်းပိုင်တို့၏ ခြိမ်းခြောက်ခံ ရမှုများ၊ ဇီဝမျိုးစုံ မျိုးကွဲများ၊ ကင်းလှည့်သည့် မိုင် အကွာအဝေးနှင့် အကြိမ် အရေအတွက် တို့ကို မှတ်တမ်းတင် ထားနိုင်ကာ ဧရာဝတီလင်းပိုင်ထိန်းသိမ်း ရေးစီမံ အုပ်ချုပ်မှုများကို ထိရောက်စွာ ဆောင်ရွက် လာနိုင်မည်ဖြစ်ကြောင်း သိရ သည်။

သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) ၏ ဗန်းမော်နှင့်မန္တလေးကြား ဧရာဝတီ လင်းပိုင်စစ်တမ်း ကောက်ယူမူအရ ၂ဝ၁၄ တွင် ၆၃ ကောင်၊ ၂ဝ၁၅ တွင် ၅၈ ကောင် နှင့် ၂ဝ၁၆ ခုနှစ်တွင် ၆၉ ကောင် စစ်တမ်း ကောက်ယူနိုင်ခဲ့သည်။

စိုင်းလမင်း၊ ဝေရှိုင်းကျော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*