ကျိုက်ထီးရိုးက ကေဘယ်ကား​တွေရဲ့လုံခြုံရေးပိုင်းဆိုင်ရာကို စိတ်​ချပါဟု တာဝန်ရှိသူဆို

ကျိုက်ထီးရိုးက ကေဘယ်ကား​တွေရဲ့လုံခြုံရေးပိုင်းဆိုင်ရာကို စိတ်​ချပါဟု တာဝန်ရှိသူဆို
April 25, 2018 Fame Asian

1:01 pm
ကျိုက်ထီးရိုးက ကေဘယ်ကား​တွေရဲ့လုံခြုံရေးပိုင်းဆိုင်ရာကို စိတ်​ချပါဟု တာဝန်ရှိသူဆို

31265281_2067677310152505_4455879620134174720_n

ရန်ကုန်၊ဧပြီ ၂၅

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရင်ပြင်တော်ပေါ်ကို ပြေးဆွဲနေတဲ့ ကေဘယ်ကားတွေကို စီးနင်းရာမှာ လုံခြုံရေးပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ စိတ်ချရမှုရှိအောင်စီစဉ်ထားတယ်လို့ အဆိုပါကေဘယ်ကားတွေကိုတပ်ဆင်တည်ဆောက်ခဲ့တဲ့ SKY ASIA Co.,ltd ကပြောပါတယ်။

“ကေဘယ်ကားက ဘုရားဖူးခရီးသည်တွေ အန္တရယ်ကင်းရှင်းအောင် ဘေးကင်းစွာနဲ့ ပြေးဆွဲနိုင်ကြောင်းလက်မှတ်ရရှိပြီးသားပါ။ အာမခံအတွက်လည်း IKBZ နဲ့ MOU လက်မှတ်ထိုးထားပြီးပါပြီ ၊ လုံခြုံရေးပိုင်း နဲ့ပတ်သက်ပြီး ရာပေါင်းများစွာကာကွယ်ထားပါတယ် “လို့ SKY ASIA Co.,ltd မန်းနေးဂျင်းဒါရိုက်တာ Mr.Cho Ki Hyung ကပြောပါတယ်။

လက်ရှိလူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကျိုက်ထီးရိုး စေတီတော်ကိုပြေးဆွဲနေတဲ့ ကေဘယ်ကားတွေကြံ့ခိုင်မှုမရှိကြောင်း၊ စီးနင်းသူတွေရဲ့အသက် အန္တရာယ်စိတ်မချကြရကြောင်း ပြောဆိုထားတဲ့ အသံဖိုင်တွေပျံနှံ့ခဲ့တာနဲ့ပတ်သတ်လို့ SKY ASIA Co.,ltd ဟာ ဧပြီ ၂၄ ရက်နေ့ မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ရသေ့တောင်ကေဘယ်ကားစခန်းမှာပြုလုပ်ပြီး အထက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီနိုင်ငံ ကိုချစ်လို့ဒီမှာရင်းနှီးမြုပ်နှံဖို့ရောက်လာတာပါ။တချို့လူတွေကြောင့် ရှင်းလင်းပွဲလုပ်ရတာ စိတ်မကောင်းဘူး ။မြန်မာမှာ ပထမဆုံးဖြစ်လို့စိုးရိမ်ကောင်းစိုးရိမ်နိုင်ပေမယ့် လုံခြုံစိတ်ချစွာစီးနင်းနိုင်ပါတယ်”လို့ မန်းနေးဂျင်းဒါရိုက်တာ Mr.Cho Ki Hyung ကဆက်ပြောပါတယ်။

ကျိုက်ထီးရိုးကေဘယ်ကားပရောဂျက်ကို ပြင်သစ်နိုင်ငံအခြေစိုက် POMA Cable car production and installation Company  နည်းပညာနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာလည်း LG ကေဘယ်ကားကုမ္ပဏီမှအင်ဂျင်နီယာများနဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံရဲ့ပထမဆုံးကေဘယ်ကားစီမံကိန်းဖြစ်တဲ့ ကျိုက်ထီးရိုးကေဘယ်ကားစီမံကိန်းကိုတာဝန်ယူတည်ဆောက်ခဲ့တဲ့ POMA ကုမ္ပဏီဟာနှစ် ၁၀၀ ကျော်သက်တမ်း ရှိပြီး ကုမ္ဗဏီသက်တမ်းတစ်လျှောက် အမှားအယွင်းတစ်စုံတရာမရှိအောင်လုံခြုံရေးပိုင်း စိတ်ချရတဲ့ကုမ္ပဏီဖြစ်ကြောင်း သူကဆိုပါတယ်။

ကေဘယ်ကားတွေကို ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး လေးလအတွင်း လာရောက်စီးနင်းသူ သုံးသိန်းကျော်ရှိကာ ပြည်တွင်း ဧည့်သည်တစ်ဦးစီးနင်းခ ၄၀၀၀ ၊ ပြည်ပဧည့်သည်တစ်ဦးစီးနင်းခ ၇၀၀၀ ကျပ်သတ်မှတ်ထားပါတယ်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*