ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အနိုင်ရရေးအတွက် အနုပညာရှင်အချို့ မဲဆွယ်ဖျော်ဖြေ

ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အနိုင်ရရေးအတွက် အနုပညာရှင်အချို့ မဲဆွယ်ဖျော်ဖြေ
March 22, 2017 Asian Fame

12:17 pm
ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အနိုင်ရရေးအတွက် အနုပညာရှင်အချို့ မဲဆွယ်ဖျော်ဖြေ

kyi

ထူးထူး
ရန်ကုန်၊ မတ် ၂၁

မကြာမီ ကျင်းပတော့မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိရေးအတွက် အနုပညာရှင်တချို့ ပဲခူးတိုင်းဒေသကြီးသို့ သွားရောက်ဖျော်ဖြေမဲဆွယ်စည်းရုံးလျက်ရှိသည်။ ပါတီအောင်နိုင်ရေး အနုပညာ ဖျော်ဖြေပွဲတွင် အနုပညာရှင်၁၅ ဦး ပါဝင်ပြီး မတ်လ ၂၁ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးြ>ွပန်တန်ဆာသို့ စတင်သွားရောက်ခဲ့သည်ဟု သိရသည်။

”ဒီအောင်နိုင်ရေးခရီးစဉ်က ကျွန်မတို့ ပထမလှုပ်ရှားမှုအနေနဲ့ပဲခူးတိုင်းဒေသကြီး ကို အဓိကထားပြီးလုပ်တယ်။ြ>ွပန်တန်ဆာ ပြီးရင် ညောင်လေးပင်၊ ကျောက်တံခါး စတဲ့မြို့တွေကို ဆက်သွားမယ်” ဟု အောင်နိုင်ရေးခရီးစဉ်တွင် ပါဝင်သည့် ဒါရိုက်တာကြည်ဖြူသျှင်က ပြောသည်။ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD အောင်နိုင်ရေးအတွက် မြန်မာပြည်အနှံ့ မဲဆွယ်စည်းရုံးရေးလုပ်ရာတွင် အနုပညာရှင် များ အင်တိုက်အားတိုက် ပါဝင်ခဲ့ကြသည်။

”လစ်လပ်တဲ့နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ NLD ကို ယုံကြည်စွာနဲ့ မဲထည့်စေချင်ပါတယ်။ အစ်မတို့ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ကိုယုံကြည်စွာနဲ့ အောင်နိုင်ရေးအတွက် လုပ်ဆောင်နေပါတယ်။ ကြားဖြတ်မှာယှဉ်ပြိုင်တဲ့ မြို့တွေအကုန်လုံး NLD ကို အပြတ်သတ် အနိုင်ရစေချင်ပါတယ်” ဟု ဒါရိုက်တာကြည်ဖြူသျှင်က ပြောသည်။

၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်း တိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည် နယ်တို့မှ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာတွင် ကိုယ်စားလှယ် စုစုပေါင်း ၉ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။လစ်လပ်မဲဆန္ဒနယ်များတွင် NLD ပါတီက ကိုယ်စားလှယ်စာရင်းသွင်းရန် နောက်ကျမှုကြောင့် ၁၈ နေရာသာဝင် ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*