ကုန်တင် ကုန်ချဆိပ်ကမ်း များတွင် အလှည့်ကျစနစ် ကျင့်သုံးရန် ဝန်ထမ်း ၄ဝဝဝ ခန့် လိုအပ်ဦးမည်

ကုန်တင် ကုန်ချဆိပ်ကမ်း များတွင် အလှည့်ကျစနစ် ကျင့်သုံးရန် ဝန်ထမ်း ၄ဝဝဝ ခန့် လိုအပ်ဦးမည်
March 22, 2017 Asian Fame

12:10 pm
ကုန်တင် ကုန်ချဆိပ်ကမ်း များတွင် အလှည့်ကျစနစ် ကျင့်သုံးရန် ဝန်ထမ်း ၄ဝဝဝ ခန့် လိုအပ်ဦးမည်

(ရန်ကုန်၊ မတ် ၁၇)

ဆိပ်ကမ်းတွင် တာဝန်ကျ သည့် ဝန်ထမ်းများအနေဖြင့် အ လှည့်ကျစနစ်ကို အပြည့်အဝကျင့် သုံးနိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝန်ထမ်းပေါင်း ၄ဝဝဝ ခန့် ထပ်မံ လိုအပ်မည် ဖြစ်ကြောင်း အ ကောက်ခွန်ဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးဇော်သိန်းက ပြောသည်။

ကုန်သည်စက်မှု အသင်းချုပ် တွင် ပြုလုပ်သော ဒုတိယသမ္မတ နှင့် လုပ်ငန်းရှင်များ စတုတ္ထအကြိမ် မြောက် တွေ့ဆုံရာတွင် ဦးဇော် သိန်းက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဆိပ်ကမ်းများတွင် ကုန် သေတ္တာတင် ယာဉ်တစ်စီးအတွက် အကောက် ခွန်ရှင်းလင်းခြင်း လုပ်ငန်းစဉ်နှင့်  သေတ္တာခွံ သယ်ထုတ် ခြင်း လုပ်ငန်းစဉ်များ ၂၄ နာရီမှ ၇၂ နာရီ အထိ ကြာမြင့်နေခြင်း ကြောင့် ယာဉ်မောင်း လုပ်အားခ နှင့်အတူ အထွေထွေ သယ်ယူပို့ ဆောင်ရေးစရိတ်များ မြင့်တက်နေ ကြောင်း ကုန်သေတ္တာတင် လုပ်ငန်း ရှင်များအသင်း အကြံ ပေးပုဂ္ဂိုလ် ဦးမြင့်ကြည်က ယင်းပွဲတွင် တင်ပြ ခဲ့သည်။

ယင်းအပေါ်တွင် ဝန်ထမ်း အင်အား လိုအပ်ချက်နှင့် ပတ် သက်၍  စီပွားကူးသန်း ဝန်ကြီးတို့ က ဝန်ထမ်း အင်အားဖြည့်တင်းရေး ကို အမြန်ဆုံး ဆောင်ရွက်ပေးနိုင် ရန် ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

လစဉ် ကျင်းပလျက်ရှိသည့် နိုင်ငံတော် ဒုတိယသမ္မတ ၁ ဦးမြင့် ဆွေ ဦးဆောင်သည့် မြန်မာ ပုဂ္ဂလိကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော် မတီနှင့် ပုဂ္ဂလိက ကဏ္ဍ ကိုယ်စားလှယ်များ တွေ့ဆုံဆွေး နွေးပွဲကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ လတွင် စတင်ကျင်းပခဲ့ရာ ယခုအ ကြိမ်သည် စတုတ္ထအကြိမ် ဖြစ်ပါ သည်။

ထို့အပြင် Withholding Tax (ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန်) အား ကျင့်သုံးကောက်ခံနေ ခြင်းသည် ပို့ကုန် မြင့်တင်ရေး ကြိုး ပမ်းနေရချိန်တွင် မြန်မာ့လုပ်ငန်း ရှင်များအပေါ် ပိုမိုဝန်ပိနေစေ သဖြင့် ပြန်လည် သုံးသပ်ပေးရန်နှင့် ရန်ကုန်မြို့ ဆိပ်ကမ်းများတွင် ဆိပ် ကမ်းရှင်းလင်းခြင်း နှောင့်နှေးကြန့် ကြာခြင်းကြောင့် အထွေထွေကုန် ကျစရိတ်များ မြင့်တက်နေစေ သ ဖြင့် လျင်မြန် ချောမွေ့နိုင်စေရေး တို့ကို နိုင်ငံတော် ဒုတိယ သမ္မတ ၁ ဦးမြင့်ဆွေ ဦးဆောင်သည့် မြန်မာ ပုဂ္ဂလိကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေး ကော်မတီနှင့် စတုတ္ထ အကြိမ် တွေ့ဆုံပွဲတွင် မြန်မာ့ပုဂ္ဂလိ ကဏ္ဍ ကိုယ်စားလှယ်များက အဓိကထား အကြံပြု တင်ပြခဲ့ကြသည်။

HEZ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*