သစ်တောဝန်ထမ်းကို လက်နက်ပြန်လည်တပ်ဆင်ပေးရန်ဆောင်ရွက်သွားမည်

သစ်တောဝန်ထမ်းကို လက်နက်ပြန်လည်တပ်ဆင်ပေးရန်ဆောင်ရွက်သွားမည်
August 11, 2017 Fame Asian

2:18 pm
သစ်တောဝန်ထမ်းကို လက်နက်ပြန်လည်တပ်ဆင်ပေးရန်ဆောင်ရွက်သွားမည်

t

နေပြည်တော် ၊ သြဂုတ် ၁၁

သစ်တောဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် လက်နက်ပြန်လည်တပ်ဆင်ပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပေါင်းစပ်လုပ်ဆောင်သွားမယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက ပြောပါတယ်။

သြဂုတ်လ ၁၁ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင် က မြန်မာနိုင်ငံသစ်တောဝန်ထမ်းများရဲ့ လုံခြုံရေးအတွက် ယခင်ကကဲ့သို့ ဥပဒေ ၊ စည်းမျဉ်း ၊ စည်းကမ်းများ သတ်မှတ်ကာ လက်နက်များ ပြန်လည်တပ်ဆင်ပေးရန် အစီအစဉ် ရှိမရှိမေးခွန်းကိုမေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းအပေါ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

“အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်နဲ့ ချပ်သင်းဘေးမဲ့တောရှိ သစ်တောဝန်ထမ်းများကို ပြည်သူ့စစ်ဌာနေဝန်ထမ်းအဖြစ် တပ်မတော်မှ သတ်မှတ်ပေးကာ လက်နက်များ ထုတ်ပေးကိုင်ဆောင်ခွင့်ပြုထားသကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပေါင်းစပ်ဆောင်ရွက်သွားမှာပါ”လို့ သူကဆိုပါတယ်။

လက်ရှိအချိန်မှာတော့ သစ်တောဝန်ထမ်းတွေကို လက်နက်တပ်ဆင်ပေးမယ်ဆိုပါက ၂၀၀၈ဖွဲ့စည်းပုံ အခန်း၇ ပုဒ်မ၃၃၈မှာ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အားလုံးဟာ တပ်မတော်လက်အောက်မှာ ရှိရမယ်လို့ ပြဌာန်းထားတဲ့အချက်အပါအဝင် ကန့်သတ်ချက် ငါးခုရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

တရားမဝင်သစ်ခိုးထုတ်မှုတွေအတွက် ဖမ်းဆီးနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ အရေးကြီးနေတဲ့ တိုင်းဒေသကြီး ၊ ပြည်နယ် ၇ခု ခရိုင်၁၇ခုမှာ ပြည်ထဲရေးဝန်ကြီးဌာနက ရဲတပ်ဖွဲ့ဝင် ၂၄၀ကို ချထားပေးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဆိုပါတယ်။

စိုင်းလမင်း

 photo-Forest Department Shan East – Kyaingtong

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*