4:54 pm
(မန္တလေး၊ သြဂုတ်၂၂)
တောင်သမန်အင်းရေ တိုးမှုကြောင့် ဦးပိန် တံတားနစ်မြုပ်မှု လတ်တလော အခြေအနေပဲဖြစ်ပါတယ်။ ဧရာဝတီမြစ်ရေ စိုးရိမ်ရေ မှတ် အထက် တည်ရှိနေမှုမှာ တောင်သမန် အင်းရေလည်း မြင့်တက်မှုဖြစ်နေပြီး တောင်သမန် ၀န်းကျင်ဒေသ ရပ်ကွက်ကျေးရွာ တစ်ချို့ရေ ကြီးရေ လျှံမှုဖြစ်နေသလို ဦးပိန်တံတားရဲ့ ဒီနေ့မွန်းလွဲပိုင်း ၃ နာရီအချိန် အခြေအနေမှာ တံတားရဲ့အခန်း တစ်ချို့ ရေနစ်မြုပ် လု နီးပါး အခြေအနေဖြစ် နေပါတယ်။
ဧရာဝတီမြစ်ရေ ဆက်လက် တိုးနေမယ်ဆိုရင် အထူးသဖြင့် မိုးရွာသွန်းမှု ယခုထက် ပိုမိုလာရင်တော့ ဦးပိန် တံတားရော တောင်သမန် ၀န်းကျင်ဒေသ အနိမ့်ပိုင်းတွေပါ ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တယ် လို့ ဒေသခံတွေက ပြောပါတယ်။
တောင်သမန် အင်းရေ မြင့်တက်မှု ကြောင့် မနှစ်က တောင်သမန် ၀န်းကျင်ဒေသ တစ်ချို့ နဲ့ မဟာဂန္ဓာရုံကျောင်းတိုက် ရတနာပုံ တက္ကသိုလ် တို့ ရေ၀င်နစိမြုပ်မှုတွေ ရှိခဲ့ပါတယ်။
News & Photos by စောထွေး