မြန်မာကာတွန်းအစည်းအရုံး၏ LOGO ပြိုင်ပွဲ ယခုလကုန်နောက်ဆုံးထားကာ ပေးပို့သွားနိုင်

မြန်မာကာတွန်းအစည်းအရုံး၏ LOGO ပြိုင်ပွဲ ယခုလကုန်နောက်ဆုံးထားကာ ပေးပို့သွားနိုင်
December 22, 2016 Asian Fame

11:27 am
မြန်မာကာတွန်းအစည်းအရုံး၏ LOGO ပြိုင်ပွဲ ယခုလကုန်နောက်ဆုံးထားကာ ပေးပို့သွားနိုင်

အိမ်စည်
ရန်ကုန်၊ ဒီဇင်ဘာ ၁၆

မြန်မာကာတွန်း အစည်းအရုံး ၏ LOGO  အဖြစ်အသုံးပြုရန် အတွက် ပြိုင်ပွဲဖိတ်ခေါ်ထားရာ ပါဝင်ယှဉ်ပြိုင်မည့် သူများအနေဖြင့် ယခုလ ကုန်နောက်ဆုံးထားကာ ပေးပို့သွားရမည် ဖြစ်သည်။

ပါဝင်လိုသူများအနေဖြင့်ယှဉ် ပြိုင်လိုသော လိုဂိုအဖြစ် အများဆုံး ၃ ပုံယှဉ်ပြိုင်နိုင်ကြောင်း သတ်မှတ် ပေးထားပြီးVector  Image  ဖြစ် ရမည်ဖြစ်သည်။ ပုံများပေးပို့ရာ တွင်သတ်မှတ်ထားသည့်အီးမေးလ် လိပ်စာသို့JPEG  ဖြင့် ပေးပို့ရမည် ဖြစ်ပြီး မူရင်းဖန်တီးမှုဖိုင်ကို သာ ပေးပို့ရမည်ဖြစ်သည်။ ထို့ပြင် ပြန် လည်ဆက်သွယ်ရမည့် နာမည်၊ လိပ်စာနှင့် ဖုန်းနံပါတ်များလည်း ပါဝင်ရမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲသို့မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ရွေးချယ်ခံ ရသူများကို ဆုကြေးငွေ ၅ သိန်း ပေးအပ်ချီးမြှင့်ပေးသွားမည် ဖြစ် သည်။   ရွေးချယ်ခံရသညLOGO အား မြန်မာကာတွန်းအစည်းအရုံး ၏မူပိုင်ခွင့်ရ  LOGO အဖြစ်လွှဲပြောင်း အသုံးပြုသွားမည်ဟုသိရ သည်။ ပေးပို့ရမည်လိပ်စာမှာ myanmar­[email protected] သာဖြစ်သည်။

”ဆုရွေးချယ်တာကတော့ မြန်မာကာတွန်းအစည်းအရုံးဖြစ် မြောက်ရေးကော်မတီကနေပြီး ရွေးသွားမှာပါ။ လိုဂိုတွေဘာတွေရွေး ချယ်မယ်။ ပြီးမှအသင်းဝင် လျှောက်ထားတာတွေအပေါ်မှာ ရွေးကောက်ပွဲလုပ်ပြီးတော့ ဥက္ကဋ္ဌ အတွင်းရေမှူး စသည်ဖြင့်ရွေးချယ်   ပေးသွားမှာပါ”ဟုဆရာမောင်မောင် အောင်(ကာတွန်း)က ပြောသည်။

မြန်မာကာတွန်းအစည်းအရုံးကို ကာတွန်းဆရာများချစ်ခင်စည်းလုံး ညီညွတ်ရေး၊ ကာတွန်းပညာဖြင့် ကာတွန်းဆရာများ၏လူမှုရေး၊ သာ ရေး၊ နာရေးကိစ္စရပ်များကူညီဆောင် ရွက်နိုင်ရေး နိုင်ငံတကာ ကာတွန်း ပညာရှင်များ၊ ကာတွန်းအဖွဲ့အစည်း နှင့် ချိတ်ဆက် ညှိနှိုင်းဆောင်ရွက် နိုင်ရေးတို့အတွက် လုပ်ဆောင်နေ ခြင်းဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*