အရက်ချက်စက်ရုံများမှ ရေဆိုးများကို သန့်စင်မှုမရှိဘဲ စွန့်ပစ်နေမှုများ အရေးယူမှု အားနည်းနေ

အရက်ချက်စက်ရုံများမှ ရေဆိုးများကို သန့်စင်မှုမရှိဘဲ စွန့်ပစ်နေမှုများ အရေးယူမှု အားနည်းနေ
March 16, 2017 Asian Fame

11:25 am
အရက်ချက်စက်ရုံများမှ ရေဆိုးများကို သန့်စင်မှုမရှိဘဲ စွန့်ပစ်နေမှုများ အရေးယူမှု အားနည်းနေ

လင်းဟိန်း
ရန်ကုန်၊ မတ် ၁၃

စက်ရုံများအနေဖြင့် ရေဆိုးများကို သန့်စင်မှုမရှိဘဲ ဆက်လက် စွန့်ပစ်မှုများရှိနေပါက အရေးယူနိုင်ရန် လွှတ်တော်တွင် မေးခွန်းမေးခြင်း၊ အဆိုတင်သွင်း ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်က ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အရက်ချက်စက်ရုံများအနေဖြင့် ရေဆိုးများကို သန့်စင်မှုမရှိဘဲ စွန့်ပစ်ပါက ပိတ်သိမ်းအရေးယူသွားမည်ဟု အတည်ပြုခဲ့သော်လည်း လက်တွေ့တွင် အရေးယူမှု မရှိသေးပေ။

”အရေးယူတာတွေ မရှိလို့ စက်ရုံတွေကလည်း ရေဆိုးတွေ ဆက်ပစ်နေကြတာ ဖြစ်ပါတယ်။ အချိန်အတိုင်းအတာတစ်ခုအထိ အရေးမယူရင်တော့ အဆိုတင် တာ၊ မေးခွန်းမေးတာတွေ ဆက် လုပ်သွားမယ်” ဟု ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် လွှတ်တော် ကိုယ် စားလှယ် ဦးကျော်ကျော်ထွန်းက ပြောသည်။ စက်ရုံမှထွက်ရှိသော ရေဆိုး များကို သန့်စင်မှုမရှိဘဲ စွန့်ပစ်ပါက အရေးယူနိုင်သောဥပဒေကို မြန်မာနိုင်ငံ တွင် ၂ဝ၁၄ ခုနှစ်က တည်းက ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော် လည်း လက်တွေ့တွင် အရေးယူမှု မရှိသေးဟု ၎င်းက ပြောသည်။ အရက်ချက်စက်ရုံ အပြင် ဘက်ထရီစက်ရုံ၊ ဆိုးဆေးစက်ရုံ၊ ပဲပြားစက်ရုံ၊ ချိုချဉ်စက်ရုံနှင့် သားသတ်စက်ရုံ စသည့် လုပ်ငန်းတို့ကလည်း ရေဆိုးများစွန့်ပစ် ကြပြီး ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံများ၏ သုံးပုံတစ်ပုံခန့်မှာ ရေဆိုးများကို သန့်စင်ခြင်းမရှိဘဲ စွန့်ပစ်နေကြကြောင်း ဦးကျော်ကျော်ထွန်းက ပြောသည်။

လက်ရှိတွင် လွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်အတွင်းက စက်ရုံများကို သွားရောက် စစ်ဆေးခြင်းများ ပုံမှန်ပြုလုပ်လျက်ရှိ ကြောင်း ၎င်းကပြောသည်။ ယင်းအပြင် လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဦးကလည်း ရေဆိုးများအား စနစ်တကျစွန့်ပစ်ရန်အ တွက် ပြည်သူ့ လွှတ်တော်တွင် ၂ဝ၁၆ နိုဝင်ဘာလအတွင်းက အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။ ”အရေးယူ မယူဆိုတာကို ကျွန်တော်တို့စောင့်ကြည့်မယ်။ ပညာပေးကာလမို့ အရေးမယူတာလားပေါ့။ ပညာပေးဆိုရင်လည်း အများဆုံးတစ်နှစ်ပေါ့။ ထပ်ပြီး အရေးမယူရင် စက်ရုံတွေက မလိုက်နာရင်ထပ်ပြီး တောင်းဆိုသွားမယ်” ဟု ဦးကျော်ကျာ်ဦးက ပြောသည်။

စက်ရုံများကို ရေဆိုးသန့်စင် ခြင်း ရှိ၊ မရှိ စောင့်ကြည့်သည့် စောင့်ကြည့်ရေး အဖွဲ့တွင်လည်း အစိုးရအဖွဲ့ဝင် များသာမက လွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရှင်များကိုပါ ထည့်သွင်းသင့် ကြောင်း ဦးကျော်ကျော်ထွန်းက ပြောသည်။ မြန်မာတစ်နိုင်ငံလုံးတွင် တရားဝင်လိုင်စင်ဖြင့် လုပ်ကိုင် နေသော အရက်ချက်စက်ရုံ ၇၃ ရုံတွင် စွန့်ပစ် ရေဆိုးသန့်စင် စနစ်ဖြင့် စနစ်တကျစွန့်ပစ်သည့်စက်ရုံ ၆ ရုံသာရှိကြောင်း မြန်မာ့အစိမ်း ရောင်ပုံရိပ်များအဖွဲ့မှ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။

”ကျန်တဲ့ စက်ရုံတွေကတော့ နည်းမှန်လမ်းမှန်နဲ့ လုပ်ထားတာ မတွေ့ရသေးဘူး။ လုပ်ဖို့တော့ ကြိုးစားနေတယ်။ တွံတေးက အရက်စက်ရုံဆို မြစ်ထဲကိုစွန့် ပစ် နေတယ်။ ထန်းတပင်က အရက် ချက်စက်ရုံမှာ စွန့်ပစ်ရေဆိုးကို ကန်ထဲလှောင်ထားပြီး မိုးရွာချမှ ကန်ကို ဖောက်ချလိုက်ပြီးတော့ လှိုင်မြစ်ထဲကို စီးသွားတာ တွေ့နေ ရတယ်” ဟု ၎င်းကပြောသည်။ စက်ရုံများက စွန့်ပစ်ကြသည့် ရေဆိုးများကြောင့် လေးမိုင် ပတ်ဝန်းကျင်အတွင်းရှိ ရေသတ္တဝါ များသေဆုံးကြရကြောင်း လယ် ယာမြေသို့ ရောက်ရှိပါက လယ်ယာမြေများ ပျက်စီးရကြောင်း ပညာရှင်များကပြောသည်။

မြန်မာ့ အစိမ်းရောင်ပုံရိပ် များအဖွဲ့၏ သုတေသန ပြုလုပ် ချက်အရ အရက်ချက်စက်ရုံများ အနီးတွင် နေထိုင်ကြသူများထဲမှ ၈ဝ ရာခိုင်နှုန်းခန့်သည် အဆုတ် ရောင် ရောဂါ၊ သားပျက်သားလျှော ရောဂါများ ခံစားနေကြရကြောင်း ဦးဝင်းအောင်က ပြောသည်။ အရက်ချက် စက်ရုံများတွင် အရက်ပမာဏထက် ရေဆိုးပမာဏက ၉ ဆခန့် ပိုထွက်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးရှိအရက်ချက် စက်ရုံများမှ တစ်ရက်လျှင် ပျမ်းမျှ အားဖြင့် ဂါလန် တစ်သိန်းကျော် ထုတ်လုပ်နေကြောင်း ၎င်းကပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*