ရန်ကုန်ရှိ အိမ်ထောင်စု တစ်သောင်းကို နွားနို့၏ အာဟာရတန်ဖိုးအကြောင်း အသိပညာ ဖြန့်ဝေ

ရန်ကုန်ရှိ အိမ်ထောင်စု တစ်သောင်းကို နွားနို့၏ အာဟာရတန်ဖိုးအကြောင်း အသိပညာ ဖြန့်ဝေ
May 4, 2017 Asian Fame

4:56 pm
ရန်ကုန်ရှိ အိမ်ထောင်စု တစ်သောင်းကို နွားနို့၏ အာဟာရတန်ဖိုးအကြောင်း အသိပညာ ဖြန့်ဝေ

Health

PN -042
ရန်ကုန်၊ ဧပြီ ၂၈

ကလေးများအတွက် အဓိက စားသုံးသင့်သည့် အာဟာရအချိုးအစား အုပ်စုပုံစံနှင့် နို့ထွက် ပစ္စည်းများ၏ အကျိုးကျေးဇူးများ ကို ရန်ကုန်ရှိ အိမ်ထောင်စု ၁ဝဝဝဝ သို့ သွားရောက် ဖြန့်ဝေ ပေးခဲ့ကြောင်း နယ်သာလန်နိုင်ငံ အခြေစိုက် နို့ထွက်ပစ္စည်း လုပ် ငန်းစုတစ်စုဖြစ်သည့် Royal Friesland Campina မှ သိရသည်။

အဆိုပါ ပညာပေးမှုကို ဖေ ဖော်ဝါရီလနှောင်းပိုင်းမှ မတ်လနှောင်းပိုင်းအထိ ပြုလုပ်ခဲ့ပြီး ထိုအစီအစဉ်ကို ဒေါပုံမြို့နယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင့် တင့်မျှတသော စားသောက်မှုပုံစံ၏ အရေးကြီးမှုအကြောင်းကို Friesland Campina အဖွဲ့သားများက ရှင်းလင်းပညာပေးပြောကြားခဲ့ပြီး၊ ဟင်းသီးဟင်းရွက်၊ ပဲ၊ အသား၊ အသီးအနှံ၊ နွားနို့၊ ဒိန်ချဉ်နှင့် ဒိန်ခဲ အစရှိသောအစာ အုပ်စု ငါးစုပါဝင်သည့် စားသုံးသင့်သော အာဟာရအချိုးအစားအုပ်စုပုံစံ (Food Pyramid) များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

”ဒီ Campaign ဟာ အာဟာရဆိုင်ရာ ဗဟုသုတပြန့်ပွားမှုများပြားလာစေရန်နှင့် မြန်မာနိုင်ငံမှာ နွားနို့သောက်သုံးသည့် အကျင့်ကောင်းတစ်ရပ် ပေါ် ပေါက်လာစေရန်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ခံယူချက်ကို အကောင်အထည်ဖော်လိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့မကြာသေးခင်က ပြုလုပ်ထားတဲ့ လေ့ လာတွေ့ရှိချက်အရ ကလေး ၁ဝ ယောက်မှာ တစ်ယောက်သာ နေ့စဉ် နွားနို့သောက်သုံးကြောင်း တွေ့ရှိခဲ့ရပြီး၊ ဒီနှုန်းထားဟာ အာရှဈေးကွက်အနေနှင့် ယှဉ် ရင် အနိမ့်ဆုံး အခြေအနေကို ရောက်ရှိနေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့တွေဟာ ဒီအာဟာ ရလိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးပြီး ပြည်တွင်းက စာသင် ကျောင်းတွေနဲ့ ချိတ်ဆက်ပြီး ကစားကွင်းတွေ၊ ကလေးတွေ တက်ြ<ွကပျော်ရွှင်စွာဆော့ကစား နိုင်စေမယ့် ကျန်းမာရေး အားကစားကွင်းတွေကို ကူညီ ဆောင် ရွက်ပေးနေပါတယ်” ဟု Friesland Campina Myanmar ၏ မန်နေးဂျင်းဒါရိုက်တာမစ္စတာ Pascal Bardouil က ပြောသည်။

ဒေါပုံမြို့နယ်ရှိ အိမ်ထောင် စု ၁ဝဝဝဝ မှ လူဦးရေ ၅ဝဝဝဝ ထံသို့ သွားရောက် အသိပညာ ပေးခဲ့ပြီး ကလေးငယ်များ၏ ဖွံ့ ဖြိုးကြီးထွားမှုကို မိဘများနှင့် အုပ်ထိန်းသူများက ချိန်ဆတိုင်း တာနိုင်စေရန် အရပ်တိုင်းတာသည့် (Height Chart) များနှင့် တကွ Dutch Lady နွားနို့ဘူး နမူနာများကို ပေးဝေခဲ့ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*