သင်္ကြန်ပိတ်ရက် ၁ဝ ရက်သာထားပေးရန် အလုပ်သမားသမဂ္ဂများ စုပေါင်းတောင်းဆို

သင်္ကြန်ပိတ်ရက် ၁ဝ ရက်သာထားပေးရန် အလုပ်သမားသမဂ္ဂများ စုပေါင်းတောင်းဆို
March 16, 2017 Asian Fame

11:08 am
သင်္ကြန်ပိတ်ရက် ၁ဝ ရက်သာထားပေးရန် အလုပ်သမားသမဂ္ဂများ စုပေါင်းတောင်းဆို

ရဲလွင်
ရန်ကုန်၊ မတ် ၁၃

သင်္ကြန်အလုပ်ပိတ်ရက် ၁ဝ ရက် သာထားရှိပေးရန် မြန်မာနိုင်ငံရှိ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်များက စုပေါင်း တောင်းဆိုလိုက်သည်။လုပ်ခစား၊ လခစားအခြေခံအလုပ်သမားများသည် အလုပ်လုပ်ကိုင်စား သောက်ရာတွင် တစ်နှစ်တာကာလပတ်လုံး ကျဉ်းကျပ်သည့်နေထိုင်မှု၊ အာဟာ ရ မပြည့်ဝသည့်စားသောက်မှု၊ အလုပ်ပင်ပန်း နွမ်းနယ်မှုတို့ ခံစားခဲ့ရသည့်အတွက် အလုပ်သမားအားလုံး၏ မျှော်လင့်ချက်သည် မဟာသင်္ကြန်နှစ်သစ် ကူး ပိတ်ရက်ရှည်ကာလတစ်ခုတည်း သာဖြစ်ကြောင်း၊ ထို့ကြောင့်အများပြည် သူများ နည်းတူ သင်္ကြန်ပိတ်ရက်ကို ၅ ရက်သာ သတ်မှတ်ပါက လွန်စွာနစ်နာ ရမည်ဖြစ်ကြောင်း၊ ယင်းကြောင့် နိုင်ငံ့ ဝန်ထမ်းများတွင် ဦးစီးအရာရှိနှင့် အောက် ဝန်ထမ်းများအား နှစ်သစ်ကူး ပိတ်ရက် ၁ဝ ရက် အပြည့်အဝ ခံစား နိုင်စေရန်၊ ပုဂ္ဂလိက လုပ်ခစား လခစား အခြေခံအလုပ်သမားများ အားလုံးအတွက် နှစ်သစ်ကူးအလုပ်ပိတ်ရက် ၁ဝ ရက်အား ILO ပြဋ္ဌာန်းချက်အမှတ် ၅၂ အရ အလုပ်ပိတ်ရက် လုပ်ခအပြည့်ခံစားခွင့်ဖြင့် ရရှိခံစားခွင့်ပြုရန် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များက တောင်းဆိုလိုက် ခြင်းဖြစ်သည်။

အဆိုပါတောင်းဆိုချက်ကို မြန်မာနိုင်ငံတက္ကသိုလ်ဆရာ၊ ဆရာမများအသင်း (UTA) ၊ မြန်မာနိုင်ငံတောင်သူလယ်သမားစိုက်ပျိုးရေးနှင့် စားသောက်ကုန် ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM-IUF)၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ( MICS- TUsF) မြန်မာ့ ပင်လယ်ရေကြောင်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MMWF) တို့က စုပေါင်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။

AFFM-IUF မှ အထွေထွေအတွင်း ရေးမှူးချုပ် ဦးဇာနည်သွေးက ”ကျွန် တော်တို့က အပြောင်းအလဲကို လက်မခံတာ မဟုတ်ဘူးနော်။ ဒါပေမယ့် ဒီလို သွားလုပ်လို့မရဘူးလေ။ အချိန်ယူရတယ်။ စိတ်ထဲပေါ်လာတိုင်း လျှောက်လုပ်လို့မရဘူးလေ။ လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက ကြိုတင်ပြင်ဆင်ပြီး ပြောလိုက်၊ ညှိနှိုင်းခဲ့ရမှာ။ လုပ်အား မြှင့်တင်ဖို့ဆိုတာမှန်ပါတယ်။ ဒါပေမယ့် လုပ်အားနဲ့ဝင်ငွေမမျှ ဖြစ်နေတယ်ဆိုတာကို အစိုးရကသိဖို့လိုတယ်။ ဝင်ငွေ နဲ့စားသောက်ဖို့ ပြေပြေလည်လည် လုပ်ပေးနိုင်ပြီးရင် သင်္ကြန် ၅ ရက်လျှော့ဖို့ နိုင်ငံ့ခေါင်းဆောင်တွေက ရေဒီယို တီဗီ ကနေ မေတ္တာရပ်ခံလိုက်၊ ဒီလိုသွားရ မှာလေ” ဟု မှတ်ချက်ပြုသည်။ ထို့ပြင် သင်္ကြန်ပိတ်ရက် လျှော့ချ ခြင်းကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲပြုလုပ်၍ ညှိနှိုင်းဆောင် ရွက်ပေးရန် အလုပ် သမားသမဂ္ဂ အဖွဲ့ချုပ်များက တောင်းဆိုထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မတ် လ ၁၂ ရက်နေ့က ရန်ကုန်မြို့တွင် အ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာ ဝန်ရှိသူများနှင့် အလုပ်သမားသမဂ္ဂများ တွေ့ဆုံခဲ့သေးသည်။ တွေ့ဆုံပွဲတွင် အလုပ်သမားဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုး အောင်က အလုပ်သမားများ ပိတ်ရက် ၁ဝ ရက် ခံစားရရေးအတွက် အလုပ်ရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်ပါက အမိန့်ကြေညာစာ ထုတ်ပေးမည် ဖြစ်ကြောင်းနှင့် အလုပ်သမားများ၏ အသံကို ဝန်ကြီးဌာနသို့ တင်ပြပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*