မြန်မာအမျိုးသမီး တို့ကို သတ်နေသော တရားမဝင် ကိုယ်ဝန် ဖျက်ချခြင်းများ

မြန်မာအမျိုးသမီး တို့ကို သတ်နေသော တရားမဝင် ကိုယ်ဝန် ဖျက်ချခြင်းများ
May 5, 2017 Asian Fame

10:39 am
မြန်မာအမျိုးသမီး တို့ကို သတ်နေသော တရားမဝင် ကိုယ်ဝန် ဖျက်ချခြင်းများ

Heakker-(1)ရန်ကုန်ရှိ ဟိုတယ် တစ်ခုတွင် မမျှော်လင့်ဘဲ ရရှိခဲ့သော သူမလို ချင်သည့် ကိုယ်ဝန်ကို အဆုံးသတ် စေမည့် နောက်ဆုံး ဆေးတောင့်ကို မျိုချ လိုက်ပြီးနောက်တွင်မူ သီရိ ခမျာ ရင်တွေ တဒိတ်ဒိတ် ခုန်လာ သလို တစ်ကိုယ်လုံးလည်း တုန် တုန်ရီရီ ဖြစ်လာလေတော့၏။

သူ့တွင် ကိုယ်ဝန်ရှိနေမှန်းသိ သည်တွင် သူ့ချစ်သူ ကလည်း စွန့် ခွာသွားတော့သည်။ လက်မထပ် မီတွင် လိင်ဆက်ဆံမှု ပြုမိပါက မိမိ တို့ဘဝ ပျက်ချေပြီဟု မှတ်ယူကြ သော မြန်မာအမျိုးသမီးများရှိရာ မြန်မာနိုင်ငံတွင် ဒါက မဆန်း တော့သော ဇာတ်လမ်းတစ်ခုပင်။ ထိုသို့ လိင်ဆက်ဆံမိခြင်းကြောင့် ရရှိလာသည့် ကိုယ်ဝန်ကို ချစ်သူ ကလည်း တာဝန် မယူတော့သည် တွင် အခြားရွေးချယ်စရာ မရှိလေ ရကား တိတ်တိတ်ပုန်း ကိုယ်ဝန် ဖျက်ချကြသည့် အခြားအမျိုးသမီး များ၏ လမ်းစဉ်အတိုင်း သူလည်း လိုက်ရလေတော့သည်။

”အဲဒီ နောက်ဆုံး ဆေးတောင့် ကိုလည်း သောက်ပြီးရော ကျွန်မ ရင်တွေ အရမ်းခုန် လာပြီးတော့ တစ်ကိုယ်လုံးပါ ကတုန်ကယင်ဖြစ် လာပြီးတော့ ဗိုက်ထဲကပါအောင့် လာတော့တယ်။ ပြီးတော့ သွေး တွေ စဆင်းလာတော့တာပဲ” ဟု အသက် ၂၈ နှစ်အရွယ် သီရိ (အမည်လွှဲ) က ပြောပါသည်။

”ခုတော့ ကျွန်မအနေနဲ့ ကိုယ်ဝန်ဆောင်လို့ ရနိုင်ဦးမလား၊ မရနိုင်တော့ဘူးလား ဆိုတာ ကျွန်မ ရဲ့ သားအိမ်အတွက် စိုးရိမ်နေမိ ပြီ” ဟု သီရိကပြောပါသည်။

အမျိုးသမီး တစ်ဦး အတွက် ခိုင်လုံသော အကြောင်းပြချက်မရှိ ဘဲ ကိုယ်ဝန် ဖျက်ချခြင်းကို မြန်မာ နိုင်ငံတွင် ဥပဒေ ပြဋ္ဌာန်း၍ တား မြစ် ထားပြီး၊ ထိုသို့ပြုလုပ်ပေးသော ဆရာဝန်အား ထောင်ဒဏ် ဆယ် နှစ်အထိ အပြစ်ပေး၍ ရသည်။

လိင်ကိစ္စနှင့် ပတ်သက်၍ အ ရှက်အကြောက်ကြီးကာ၊ ပွင့်လင်း မှုနည်းပါးနေသေး ဆဲဖြစ်သည့် မြန် မာအမျိုးသမီး အများစုတို့သည် သန္ဓေ တားဆေးများ တရားဝင်ဝယ် ယူနိုင်နေသည့် တိုင်အောင် နည်း လမ်းမှန်မှန်ဖြင့် အသုံးပြုတတ်သူ နည်းပါးပြီး၊ အများစု တို့မှာ ပေါ် ပေါ်တင်တင်ပင် မဝယ်ရဲကြချေ။

”အမျိုးသမီးတွေဟာ ကိုယ့် လိင်ကိစ္စ ဆိုင်ရာ အတွင်းရေးတွေ ကို ပြောလေ့ မရှိကြဘူး” ဟုလည်း သီရိ ကပြောသည်။

သူ့ချစ်သူ အသစ်ကို လည်း လွန်ခဲ့သည့် ၂ နှစ်က သူကိုယ်ဝန် ဖျက်ချခဲ့ဖူးသည့် အကြောင်းကို ဖွင့်မပြောသေးပါ။ ”ဒါဟာ လျှို့ ဝှက်ရမယ့် အတွင်းရေးလေ” ဟု သီရိက ပြောပါသည်။

လက်မထပ်ရသေးဘဲ ကိုယ် ဝန်ရှိနေပြီ ဖြစ်သဖြင့် အထူး ရှက်ရွံ့ နေမိကြောင်းကို ဆရာဝန်အား ပြောပြသောအခါ ဆရာဝန်က ”အမြန်ဆုံး လက်ထပ်လိုက်ပါ” ဟု သူ့အား ညွှန်ကြားသည်ဆို၏။

လိင်ကိစ္စနှင့်ပတ်သက်၍ ရေ ငုံနှုတ်ပိတ်နေတတ်ပြီး အရှက်အ ကြောက်ကြီးသော လူနေမှု ဓလေ့ ထုံးစံက နှစ်စဉ် အမျိုးသမီး နှစ် သိန်းခွဲထက် မနည်းတို့ကို ပုန်းလျှိုး ကွယ်လျှိုးဖြင့် လုံခြုံမှုမရှိသော ကိုယ်ဝန် ဖျက်ချမှုများ ဆီသို့ တွန်းပို့ နေသည်ဟု ကျွမ်းကျင်သူတို့က ပြောပါသည်။

ကိုယ်ဝန်ဆောင် တစ်သိန်း တွင် ၂၈၂ ဦး အသေ အပျောက် ရှိသော မြန်မာနိုင်ငံသည် အရှေ့ တောင်အာရှ နိုင်ငံများအနက် ကလေးမွေး ဖွားစဉ် သေဆုံးမှုနှုန်း ဒုတိယ အများဆုံးဖြစ်သည်။

ယင်းတို့အနက် ၁ဝ ရာခိုင် နှုန်းခန့်မှာ ကိုယ်ဝန် ဖျက်ချရန်တိုက် တွန်းမှုများကြောင့် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက်များ က ညွှန်ပြနေသော်လည်း၊ ရောဂါကူး စက်မှုနှုန်းမှာ သေဆုံးသည့်နှုန်း ထက်ပင် ပိုများကြောင်း ကျွမ်းကျင် သူတို့က ဆိုကြပါသည်။

”ကလေးမွေးဖွားတုန်း သေ ဆုံးသူ အမျိုးသမီး အားလုံးရဲ့ ၃ ပုံ တစ်ပုံဟာ ကိုယ်ဝန် ဖျက်ချမှုတွေနဲ့ ပတ်သက်နေတယ်ဗျ” ဟု မာရီစ တုပ် NGO ၏ ဒေသ တာဝန်ခံ ဦးစစ်နိုင်က ပြောပါသည်။

သီရိကဲ့ သို့သော တရားမဝင် ရောင်းချသည့် ဆေးများ ဝယ်ယူသုံး စွဲသူ ကြံမိကြံရာကြံကြသည့် အမျိုး သမီးများနှင့် ပတ်သက်၍မူ သိရှိရ သော အချက်အလက်များ နည်း ပါးနေပါသေးသည်။

ဝါးတုတ်ချောင်းနဲ့ စပုတ်တံတွေ

အချို့သော တရားမဝင်ကိုယ် ဝန်ဖျက်ချပေးသည့် နေရာများမှာမူ ဝါးတုတ်ချောင်းများ၊ ထီးကိုင်း များနှင့်ပင် သန္ဓေသားကို ထိုးမွှေ၍ ဖျက်ချ ကြကြောင်း သိရသည်။

ရန်ကုန်တွင် ကိုယ်ဝန်ဖျက် ချပေးခြင်းကို ကျပ်ငွေ ၃သောင်းမှ တစ်သိန်း အထိယူ၍ တရားမဝင် ဆောင်ရွက်ပေးနေသူ ဒါဇင်နှင့်ချီ ၍ရှိကြောင်း ကျွမ်းကျင်သူ တို့က ဆိုကြပါသည်။

အသက် ၁၄ နှစ် အရွယ် အ မျိုးသမီးလေး တစ်ဦးသည် စက်ဘီး စပုတ်တံဖြင့် ထိုးမွှေ၍ ကိုယ်ဝန် ဖျက်ချမှု ခံခဲ့ရပြီးနောက် သားအိမ် ကိုပါ ထုတ်ပစ် လိုက်ရကြောင်း IPAS NGO  အဖွဲ့၏ ဒေသတာဝန် ခံ ဒေါက်တာနီနီက ပြောပါသည်။

အချို့ အမျိုးသမီးများမှာမူ သွေးထွက် လွန်ပြီး သေဆုံးလေ့ရှိ ကြသလို၊ အချို့မှာမူ သေလောက် သော ကိုယ်တွင်း ထိခိုက်ဒဏ်ရာ ရ မှုများ ဖြစ်ပွားခဲ့ကြသည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီမှ စက်တင်ဘာလများ အတွင်းဝယ် ကိုယ်ဝန် ဖျက်ချမှုကြောင့် သွေးအ ဆိပ်တက်သူ အမျိုးသမီး ၃ဝဝ ခန့် ရှိခဲ့ကြောင်း ရန်ကုန် ဗဟိုအမျိုး သမီးဆေးရုံကြီးမှ သိရပါသည်။

”တကယ်လို့များ သူတို့ဆေးရုံ အရောက်နောက်ကျခဲ့ရင် ဘယ်လို မှ မတတ်နိုင်ဘူး။ ထုံးစံကလည်း အမြဲတမ်း ဆေးရုံကို နောက်ကျပြီး မှ ရောက်လာကြတာ။ ဘာလို့လဲဆို တော့ သူတို့ကြောက်ကြတာကိုး” ဟု ရန်ကုန် ဗဟိုအမျိုးသမီး ဆေးရုံ ကြီးတွင် တာဝန် ထမ်းဆောင်လျက် ရှိသူ မစုစုက ပြောပါသည်။

များသောအားဖြင့် အသက် ၂ဝ မှ ၃ဝ ဝန်းကျင် အရွယ် အမျိုး သမီးများ အဖြစ်များပြီး၊ ရံဖန်ရံခါ တွင် အသက် ၄ဝ ဝန်းကျင်များ လည်း ဖြစ်လေ့ ရှိသည်ဟု ဆေးရုံ မှတ်တမ်းများ အရ သိရသည်။ ဆေးရုံမှတ်တမ်း စာရွက်တွင် ‘အိမ် ထောင်မရှိ’ ဟု ရေးသားသူများမှာ မူ လက်တဆုပ်စာ လူဦးရေမျှသာ ရှိသည်ဆို၏။

”သူတို့က လိင်ဆက်ဆံဖို့ သ ဘောမတူဘူးလို့ ငြင်းရင် ခင်ပွန်း တွေရဲ့ ခြိမ်းခြောက်တာ ခံကြရ တယ်”ဟု ‘အခရာ’ အမျိုးသမီးအ ခွင့်အရေး အဖွဲ့ကို တည်ထောင်သူ ဒေါ်ထားထားက ပြောပါသည်။

”မလုပ်ချင်ဘူးလို့ သူတို့ပြော လို့မရသလို ကွန်ဒုံး သုံးပါလို့လည်း ညှိလို့ မရကြဘူး” ဟုလည်း ဒေါ်ထားထားက ပြောပါသေး သည်။

မိသားစုအစီအစဉ်

ရင်သွေးမွေးဖွားမှု ထိန်းသိမ်း ခြင်းကို ယခင် စစ်အစိုးရ လက် ထက်က အားပေးမှု မရှိခဲ့ကာ၊ ၂ဝ၁၁ ခုနှစ်တွင် အရပ်သား အစိုးရ တက်လာသည်တွင်မူ ကိုယ် ဝန် ကြိုတင် တားဆီးခြင်းအတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက် လာခြင်း ဖြစ်သည်။

”အဲဒီ မတိုင်ခင်ကတော့ မိသားစု အစီအစဉ်ဆိုတဲ့ စကား ဟာ ရှောင်ကြဉ်ရမယ့် ကိစ္စလို ဖြစ် ခဲ့တယ်” ဟု မြန်မာနိုင်ငံ ကုလသ မဂ္ဂ လူဦးရေ ရန်ပုံငွေ (UNFPA) အဖွဲ့၏ လက်ထောက် တာဝန်ခံ ကာအိုရီ အီရှိကာဝါက ပြောပါ သည်။

IPAS  အဖွဲ့ကဲ့သို့သော NGO များကမူ အမျိုးသမီးများ ကိုယ်ဝန်ဆောင်မှု ကြိုတင်တားဆီးရေး ဆိုင် ရာ ရေရှည်အစီအစဉ် များချမှတ် ဆောင်ရွက်လျက် ရှိပြီး၊ အထူး သဖြင့် ကျေးလက် ဒေသနေအမျိုး သမီးတို့၏ အသိအမြင်များ ပို၍ ကျယ်ကျယ် ပြန့်ပြန့် နားလည်  သဘော ပေါက်လာရေးကို ဆောင် ရွက်နေကြပါသည်။

၂ နှစ်တာ ကာလအတွင်း  မိခင်များ ကျန်းမာရေးတိုးတက် ကောင်းမွန်ရေးနှင့် မိသားစု အစီအစဉ်များအတွက် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့က ကန် ဒေါ်လာ ၁ဝ သန်း အသုံးပြုထား သည်။

သို့ရာတွင် ပြည်သူတို့၏ အကျင့်စရိုက် များကို ပြုပြင်ရန်မှာ ပိုမိုခဲယဉ်းနေ၏။ ကိုယ်ဝန်ဖျက်ချ ခြင်းနှင့် ပတ်သက်၍လည်း အမျိုး သမီးတို့၏ အခွင့်အရေး ကိုလုံ ခြုံစေရန် အတွက် အတိုင်းအတာ တစ်ခုအထိ ရာဇဝတ်မှုမမြောက်စေ သည့် ဥပဒေကြမ်း အသစ်ပေါ် ပေါက် လာစေရန် တွန်းအားပေးခဲ့ သော်လည်း ဘာသာရေး ဆိုင်ရာ အဟန့်အတား အချို့ တို့ကြောင့် အောင်မြင်မှု မရသေးကြောင်း ‘အခရာ’ အမျိုးသမီး အခွင့်အရေး အဖွဲ့ကို တည်ထောင်သူ ဒေါ်ထား ထား က ပြောပါသည်။

”ကိုယ်ဝန်ဖျက်ချရေးနဲ့ ပတ် သက်လို့ ဥပဒေကို ပြောင်းဖို့ဆိုတာ တကယ်ကို အကဲဆတ် နေဦးမှာ ပါ။ အထူးသဖြင့် မဘသကြောင့် ပေါ့” ဟု ဒေါ်ထားထားက ပြော ပါသည်။

သီရိ ကဲ့သို့သော အမျိုးသမီး များအတွက်မူ သေရေးရှင်ရေး ဆိုင်ရာ မေးခွန်း တစ်ခုဖြစ်နိုင်၏။

”တကယ်လို့သာ တရားဝင် ကိုယ်ဝန် ဖျက်ချခွင့်သာ ရှိမယ်ဆို ရင် အသက်အတော် များများကို ကယ်တင်နိုင်မယ်” ဟုလည်း ဒေါ်ထားထား က ပြောပါသည်။

ရန်မျိုးအောင်

မှတ်ချက် – Deadly secret: The illegal abortions killing Myanmar’s women သတင်း ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ထားခြင်း ဖြစ်ပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*