အကယ်ဒမီ ထူးချွန်ဆုပေးပွဲ အခမ်းအနား အတွက် အကယ်ဒမီ ရွှေကြိုများကို ယခုလ အတွင်း အပြီးသတ် ရွေးချယ်သွားမည်

အကယ်ဒမီ ထူးချွန်ဆုပေးပွဲ အခမ်းအနား အတွက် အကယ်ဒမီ ရွှေကြိုများကို ယခုလ အတွင်း အပြီးသတ် ရွေးချယ်သွားမည်
February 24, 2017 Asian Fame

11:28 am
အကယ်ဒမီ ထူးချွန်ဆုပေးပွဲ အခမ်းအနား အတွက် အကယ်ဒမီ ရွှေကြိုများကို ယခုလ အတွင်း အပြီးသတ် ရွေးချယ်သွားမည်

meeting(ရန်ကုန်၊ ဖေဖော်ဝါရီ ၂ဝ)

၂ဝ၁၆ ခုနှစ်အကယ်ဒမီ ထူးချွန် ဆုပေးပွဲ အခမ်းအနား အတွက် အကယ်ဒမီ ရွှေကြို များကို ဖေဖော်ဝါရီ ၂၇ ရက်တွင် အပြီး သတ် ရွေးချယ် သွားမည်ဟု သိရ သည်။

”ဒီနှစ်က ဖောင်ရှစ်ရာကျော် လောက် လာထုတ်ကြတယ်။ အဲဒီ မှာ ခြောက်ရာကျော် ပြန်လျှောက် တာတွေ့ရတယ်။ လူငယ်တွေ အနုပညာ ဝါသနာပါတာ ပိုတွေ့ လာရတယ်။ အထူးသဖြင့် ဒီနှစ် တော့နိုင်ငံတကာမှာ Miss  ရထား တဲ့သူတွေကိုတော့ မရွေးထားဘူး”ဟု ရုပ်ရှင် အစည်းအရုံး ဒု-ဥက္ကဋ္ဌ ဦးအေးကြူလေး က ပြောသည်။

ယခုနှစ်တွင် ရွှေကြိုလျှောက် လွှာ ဝယ်ယူသူ ၈၈၄ စောင် ရှိပြီး ၆၉၃ ယောက်ပြန်လည် လျှောက် ထားခဲ့သည်ဟု သိရသည်။

အကယ်ဒမီ ရွှေကြို လျှောက် လွှာများကို ဇန်နဝါရီလ ၁၆ ရက် နေ့တွင် စတင် ခေါ်ယူခဲ့ပြီး လျှောက် ထားသူများ အနက်မှ အမျိုးသား ရှစ်ဦး အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၁၆ ဦး ရွေးချယ် သွားမည် ဖြစ် သည်။

စည်းကမ်းချက်ပါ အတိုင်း ၂ဝ၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့ တွင် အသက် ၁၆ နှစ်ပြည့်ပြီး အသက် ၂၅နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်ဖြစ်ပြီး အိမ်ထောင်မရှိ သူဖြစ်ရမည်။ အမျိုးသမီး အရပ် အမြင့်မှာ ငါးပေသုံးလက်မ မှ ငါး ပေရှစ်လက်မ အထိ၊ အမျိုးသား ငါးပေခြောက်လက်မ မှ ခြောက် ပေအထိ ရှိရမည် ဖြစ်သည်။

ရွှေကြို ရွေးချယ်မှုတွင် အကဲ ဖြတ်ဥက္ကဋ္ဌ အဖြစ် ဒေါ်မေသန်းနု၊ အဖွဲ့ဝင်များ အဖြင့် အနုပညာရှင် များထဲမှ ဒေါ်မို့မို့မြင့်အောင်၊ ဦးရန် အောင်၊ ဦးရဲအောင်၊ ဒေါ်ခင်သန်း နွယ် အမှုဆောင် များမှာ စာရေး ဆရာမ တက္ကသိုလ် ယဉ်ယဉ်လဲ့၊ ဓာတ်ပုံမိုးမင်း၊ စာနယ်ဇင်း ဆရာ များထဲမှ ဦးဝင်းငြိမ်း၊ ဦးမြတ်ခိုင်၊ ကိုမျိုး(မြန်မာစာ) တို့က ဆောင်ရွက် ပေးသွားမည် ဟု သိရသည်။

၂ဝ၁၆ ခုနှစ် အတွက် ပြုလုပ် မည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေး ပွဲကို ၂ဝ၁၇ ခုနှစ် မတ်လ ၁၈ နေ့တွင် ပြည်သူ့ ရင်ပြင်၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး အဆိုပါ အစီအစဉ် ၏ စတိတ် အပြင်အဆင်ပိုင်း အပါအဝင် အခမ်းအနား အစီအစဉ် တစ်ရပ်လုံးကို Star Event Production မှ ဂျွန်လွင်က စီစဉ်ကြီးကြပ် ပေးသွားမည်ဟု သိရသည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*