ရှမ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကိစ္စ ညှိနှိုင်းမရ ဖြစ်နေ

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကိစ္စ ညှိနှိုင်းမရ ဖြစ်နေ
March 1, 2017 Asian Fame

3:55 pm
ရှမ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကိစ္စ ညှိနှိုင်းမရ ဖြစ်နေ

(ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇)

ရှမ်း အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပမည့်မြို့နယ် ရွေးချယ် သည့် ကိစ္စနှင့် ပတ်သက်၍ အစိုးရနှင့် ရှမ်းအဖွဲ့အစည်း များ ကြား ညှိနှိုင်းမရ ဖြစ်နေသည်။

ရှမ်း တိုင်းရင်းသားများ၊ ရှမ်းလက် နက်ကိုင် အဖွဲ့များနှင့် ရှမ်းနိုင်ငံရေး ပါတီ များက ပြည်နယ် အမျိုးသား အဆင့် နိုင် ငံရေး ဆွေးနွေးပွဲကို တောင်ကြီးမြို့ တွင် ကျင်းပရန် လိုလားသော်လည်း အစိုးရဘက်မှ တောင်ကြီးမြို့တွင် ကျင်းပခွင့် မပြုကြောင်း ရှမ်းပြည် ညီညွတ်ရေး ကော်မတီ CSSU  မှ အ တွင်းရေးမှူး အဖွဲ့ဝင်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော် မတီ နိုင်ငံရေး ပါတီအစု အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က ပြောသည်။

”တောင်ကြီးမြို့ဟာ ကျွန်တော်တို့ ရှမ်းပြည်နယ်ရဲ့ မြို့တော်ပါဗျာ။ ဒါကို ကျင်းပခွင့် မပေးဘူး။ စဉ်းစားလို့ကို မရ ဘူး” ဟု ၄င်းက ဆိုသည်။

အစိုးရ အနေဖြင့် ရှမ်းအမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/ SSA လှုပ်ရှားရာ နယ်မြေဖြစ်သည့်  ရှမ်း ပြည်နယ် မြောက်ပိုင်းရှိ ဒေသတွင်သာ ကျင်းပခွင့် ပြုထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ RCSS/SSA  နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်ကြား ညှိနှိုင်းလျက် ရှိသော် လည်း ယနေ့ထိ ပြေလည် မှု မရှိသေးပေ။

”ကျွန်တော်တို့က အခု လုပ်ပိုင်ခွင့် မရှိတဲ့ အဖွဲ့အစည်း နဲ့ ညှိနှိုင်းနေရသလို ဖြစ်နေတယ်။ တကယ်တမ်းက UPDJC နဲ့ညှိရမှာ။ တကယ်တမ်းက ညှိနှိုင်းစရာ ကို မလိုတာ။ တောင်ကြီးမှာ ကျင်းပခွင့် မပေးရတဲ့ အစိုးရ ရဲ့ သဘောထား ကို နားကို မလည်နိုင်တော့ဘူး။ ဘာလို့ တောင်ကြီးမှာ ကျင်းပခွင့် မပေးလဲဆို တာ ကိုလည်း အစိုးရဘက်က ဖြေရှင်း ချက် မပေးဘူး” ဟုလည်း ဦးစိုင်းကျော် ညွန့်က ဆိုသည်။

လာမည့် မတ်လအတွင်းတွင် အစိုးရ က ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံ ၂၁ ရာစု ပင်လုံကို ကျင်းပတော့မည် ဖြစ် သော်လည်း ကျင်းပမည့် ရက်ကိုမူ မသတ် မှတ်ရသေးပေ။

လက်ရှိတွင် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ချင်းပြည် နယ်နှင့် ရှမ်းပြည်နယ် အတွင်း ကျင်းပရန် စီစဉ် လျက်ရှိသည်။

အမျိုးသား အဆင့်နိုင်ငံရေး ဆွေး နွေးပွဲမှ ထွက်ပေါ်လာသော ရလဒ်များကို ၂၁ ရာစု ပင်လုံညီလာခံတွင် တင်သွင်း သွားမည်ဟု မူဝါဒ သတ်မှတ် ထားသော် လည်း လက်ရှိအချိန်ထိ အမျိုးသားအ ဆင့် နိုင်ငံရေး ဆွေးနွေး ပွဲကျင်းပရေး ကိစ္စများနှင့် ပတ်သက်၍ အစိုးရ နှင့် တိုင်းရင်းသား အစု အဖွဲ့များကြား မကြာ ခဏ သဘောထား ကွဲလွဲမှုများ ဖြစ်ပွား လျက်ရှိသည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*