3:21 pm
ရဲလွင်
ရန်ကုန်၊ ဧပြီ ၂၄
အသက်၉ဝ အထက် ဘိုးဘွား များကို ပေးမည့် လူမှုရေးပင်စင်အ တွက် လာရောက်လျှောက်သူတစ် နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၄ဝဝဝ ကျော်ရှိပြီဖြစ်ကြောင်း လူ မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှ သိရသည်။ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ဘိုးဘွား ၃၅ဝဝဝ စာအတွက် တစ်လ ကျပ်တစ်သောင်းနှုန်းဖြင့် တစ်နှစ်စာငွေကျပ် ၄ဒသမ ၂ ဘီလျံကို ဘတ်ဂျက်တင်တောင်း ထားပြီး ယနေ့အချိန်ထိလာရောက် လျှောက်ထားသူ ၂၄ဝဝဝ ကျော် သာရှိသေးခြင်းဖြစ်ကြောင်း အဆို ပါ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။ လာရောက် လျှောက်ထားမှု တွင် ရန်ကုန်တိုင်းမှ လာရောက် လျှောက်ထားမှု အများဆုံးဖြစ် ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းအရ မြန်မာ နိုင်ငံတွင် အသက် ၉ဝ နှင့်အထက် ဘိုးဘွား ၇ သောင်း ၂ ထောင်ကျော် ရှိပြီး ရန်ကုန်တိုင်းတွင် အများဆုံး ဖြစ်သည်။ လူမှုရေးပင်စင်ပေးရန် ဘိုး ဘွား ၃၅ဝဝဝ ကျော်ကိုသာ ခန့် မှန်းတွက်ချက် ထားသည့်အတွက် ထက်ဝက်ခန့် ကွာနေသည့် ပမာဏ ရှိရာ ယင်းနှင့်ပတ်သက်၍ ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ဒေါက်တာ စန်းစန်အေးက”ကျွန် မတို့ ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်မှာ အသက် ၉ဝ အထက်ဘိုးဘွား ကို စာရင်းရတာ တစ်နိုင်ငံလုံး ၂၃၉၁၂ ရှိတယ်။ ရတဲ့စာရင်းကို ပြောတာနော်။ အဲ့ဒီနှစ်မှာတော့ တစ်နှစ်လုံးကိုမှ အခုလို လူမှုရေး ပင်စင် တစ်ကြိမ်ပဲပေးခဲ့နိုင်တယ်။ ပြီးတော့ ၂ဝ၁၆-၁၇ ခုနှစ်မှာ စာရင်းရတာ ၂၄၇၁၅ ရတယ်။ အဲဒီနှစ်မှာလည်းတစ်ကြိမ်ပဲပေးနိုင်တယ်။ အဲ့ဒါကြောင့် ဒီနှစ်ကို လည်းခန့်မှန်း ၃ သောင်းခွဲလို့ မှန်း ပြီး အဲ့ဒီအတွက် ဘတ်ဂျက်တောင်း ထားတာပါ” ဟု ပြောသည်။
အသက် ၉ဝ ပြည့်ကြောင်း တိကျသည့်အထောက်အထား ရှိပါက အားလုံကို လက်ခံသွား မည်ဖြစ်ပြီး ဘတ်ဂျက်လိုအပ်ပါ ကလည်း နောက်ဆက်တွဲဘတ်ဂျက် တွင် တင်ပြတောင်းခံသွား မည်ဖြစ်ကြောင်း ဒေါက်တာ စန်းစန်းအေးက ပြောသည်။ အဆိုပါ လူမှုရေးပင်စင်ကို လာမည့် ဇွန်လကုန်တွင် စတင်ပေး မည်ဖြစ်ပြီး မူလက ဧပြီလမှစတင် ၍တစ်လတစ်သောင်းနှုန်းပေးမည်ဟု ရည်ရွယ်ထားသော်လည်း အထွေထွေ အခက်အခဲများကြောင့် သုံးလတစ်ကြိမ် ပေးရန် စီစဉ်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကြောင့်လာမည့် ဇွန် လတွင် အသက်ကိုးဆယ်အထက် ဘိုးဘွားတစ်ဦးလျှင် သုံးလစာ လူမှုရေးပင်စင် ၃ဝဝဝဝ ကျပ်ရရှိမည် ဖြစ်သည်။