သတ်ဖြတ်ခံနေရမှုကို မတားဆီးနိုင်ပါက မြန်မာတွင် ဆင်မျိုး ပျောက်ကွယ်သွားလိမ့်မည်

သတ်ဖြတ်ခံနေရမှုကို မတားဆီးနိုင်ပါက မြန်မာတွင် ဆင်မျိုး ပျောက်ကွယ်သွားလိမ့်မည်
February 15, 2018 Fame Asian

2:02 pm
သတ်ဖြတ်ခံနေရမှုကို မတားဆီးနိုင်ပါက မြန်မာတွင် ဆင်မျိုး ပျောက်ကွယ်သွားလိမ့်မည်

img1

နေပြည်တော်၊ဖေဖော်ဝါရီ ၁၅

တောဆင်ရိုင်းများ တစ်ပါတ်လျှင် တစ်ကောင်ကျ သတ်ဖြတ်ခံနေရမှုကို မတားဆီးနိုင်ပါက မြန်မာတွင် ဆင်မျိုး ပျောက်ကွယ်သွားလိမ့်မည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးက လွှတ်တော်အစည်းအဝေးအတွင်း သက်ဆိုင်ရာအား သတိပေးခဲ့သည်။

၁၉၉၇ခုနှစ် စာရင်းများအရ မြန်မာတွင် တောဆင်ရိုင်း တစ်သောင်းရှိသော်လည်း ဆယ်နှစ်အကြာ ၂၀၁၇ခုနှစ်တွင်မူ ဆင်ကောင်ရေ အရေအတွက်မှာ ၁၄၀၀မှ ၂၀၀၀ကြားသာရှိတော့ကြောင်းသူမက လွှတ်တော်ကို ရှင်းပြသည်။

ယခင်က ဆင်စွယ်အတွက်သာ ဆင်ထီးများအသတ်ခံနေရသော်လည်း ယခုအခါတွင် ဆင်အရေပြားအတွက် ဆင်မရော၊ဆင်သားပေါက်ပါမကျန်အသတ်ခံနေရပြီဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးက ဆက်ပြောသည်။

img3

” တရုတ်နိုင်ငံမှာ ခုခေတ်စားနေတာက ဆင်သားရေ ပုတီးလုံးတွေဖြစ်ပါတယ်။ဘယ်သူက အစပြုလိုက်လဲတော့ မသိပါဘူး။ခုအင်မတန်မှ ခေတ်စားပြီးတော့ ၀ယ်လိုအားတွေ မြင့်တက်နေပါတယ်။မြင့်တက်နေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ ရှိတဲ့ ဆင်တွေကို တရားမ၀င် သတ်ဖြတ်လာတာက ဒီနှစ်ပိုင်းအတွင်းမှာ အင်မတန်မှ မြင့်တက်လာခဲ့တာဖြစ်ပါတယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးက ပြောသည်။

img2

မြန်မာနိုင်ငံသည် ဆင်များကို အမဲလိုက်သတ်ဖြတ်ရာ နေရာ ၁ခုဖြစ်လာကြောင်းသူမက ပြောပြီး၊ယင်းအကြောင်း ကိစ္စရပ်နှင့်ပတ်သတ်ပြီး အာဆီယံနိုင်ငံကပါ လွှတ်တော်ကို အသိပေးလာကြောင်း သူမက ထပ်လောင်းဆိုသည်။

၂၀၁၆ခုနှစ်အတွင်း တောဆင်ရိုင်းသတ်ဖြတ်ခံရမှု ၁၈ကောင်၊၂၀၁၇ခုနှစ်အတွင်း တောဆင်ရိုင်းသတ်ဖြတ်ခံရမှု ၃၀ ရှိကြောင်း သူမထံမှ သိရသည်။

၂၀၃၀ အရောက်တွင် မြန်မာ၌ တောဆင်ရိုင်းများ မျိုးတုန်းပျောက်ကွယ်နိုင်သည်ဟု အရပ်ဖက်အဖွဲ့အစည်းများမှ ဟောကိန်းထုတ်ထားသည်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*