နောက်ထပ် အာဏာ မသိမ်း တော့ပါဟု ထိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကတိပြု

နောက်ထပ် အာဏာ မသိမ်း တော့ပါဟု ထိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကတိပြု
January 4, 2017 Asian Fame

3:02 pm
နောက်ထပ် အာဏာ မသိမ်း တော့ပါဟု ထိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကတိပြု

thai(ဘန်ကောက်၊ ဇန်နဝါရီ ၃)

လာမည့် ရွေးကောက်ပွဲ ပြီး လျှင် တပ်မတော်မှ ထပ်မံ အာဏာ သိမ်းတော့မည် မဟုတ်ဟု  ထိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ပြောသည်။

ထိုင်း တပ်မတော်သည် ၁၉၃၂ ခုနှစ်မှ ယနေ့အထိ အောင် မြင်စွာ အာဏာသိမ်းခြင်း ၁၂ ကြိမ် မျှ ပြုလုပ်ခဲ့ပြီး မအောင်မြင်သော
အာဏာသိမ်းမှု များလည်း ရှိခဲ့သေး သည်။

ထိုင်း တပ်မတော်သည် ယခု လာမည့် ရွေးကောက်ပွဲ ရလဒ်ကို လေးစားစွာ အလေးထားမည်ဖြစ် ကြောင်းကိုလည်း ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ကြီး ချာလမ်ချိုင်း က ပြောပါသေး သည်။

”ထိုင်း တပ်မတော် အနေနဲ့ နောက်ထပ် အာဏာ မသိမ်းတော့ ဘူး ဆိုတာကို ကျွန်တော် အာမခံ နိုင်ပါတယ်။ ဘာအကြောင်းပြ ချက်နဲ့ အာဏာ သိမ်းစရာ ရှိတော့ လို့လဲဗျာ”ဟု ဗိုလ်ချုပ်ကြီး ချာလမ် ချိုင်းက တွေ့ဆုံမေးမြန်းခြင်း တစ်ခုဝယ် သတင်းထောက် တစ်ဦး ၏ မေးမြန်း မှု ကို ပြန်လည်ဖြေကြား ခဲ့ပါသည်။

လက်ရှိ အာဏာရ စစ်အစိုးရ အနေဖြင့် အရပ်ဘက်အုပ်ချုပ်ရေး ကို ပြန်လည် ဖော်ဆောင်မည်ဟု လည်း သူကဆိုပါသည်။

ထိုင်းစစ် အစိုးရ အဖွဲ့ဝင် အချို့ကမူ ရွေးကောက်ပွဲကို ၂ဝ၁၇ ခုနှစ် နှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ် ထားသော်လည်း ၂ဝ၁၈ ခု  နှစ် အတွင်း သို့ ရောက်သွားနိုင် ကြောင်း ဆိုကြသည်။ အဘယ် ကြောင့် ဆိုသော် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများကို စီစဉ်ရန် ရှိ သေးသောကြောင့် ဖြစ်လေ၏။

သို့ရာတွင် စစ်အစိုးရ၏ ပြော ရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး ဆန်ဆန်ကမူ ရွေးကောက်ပွဲကို ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပဖြစ် မည် ဟု ဆိုပြန်သည်။

PN002
ref: Thai general promises not to stage coup after election

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*