ဖိလစ်ပိုင်နိုင်ငံ သို့ ချေမှုန်းရေး ရိုင်ဖယ် သေနတ်များ ရောင်းချခြင်း ကို အမေရိကန် ရပ်လိုက်ပြီ

ဖိလစ်ပိုင်နိုင်ငံ သို့ ချေမှုန်းရေး ရိုင်ဖယ် သေနတ်များ ရောင်းချခြင်း ကို အမေရိကန် ရပ်လိုက်ပြီ
November 2, 2016 Asian Fame

5:46 am
ဖိလစ်ပိုင်နိုင်ငံ သို့ ချေမှုန်းရေး ရိုင်ဖယ် သေနတ်များ ရောင်းချခြင်း ကို အမေရိကန် ရပ်လိုက်ပြီ
In International News

ဖိလစ်ပိုင်နိုင်ငံ သို့ ချေမှုန်းရေး ရိုင်ဖယ် သေနတ်များ ရောင်းချခြင်း ကို အမေရိကန် ရပ်လိုက်ပြီ

washington-halts-sale-of-assault-rifles

(ဝါရှင်တန်၊ နိုဝင်ဘာ ၁)

ဖိလစ်ပိုင်နိုင်ငံ သို့ ချေမှုန်းရေး ရိုင်ဖယ် သေနတ်များ ရောင်းချခြင်းကို အမေရိကန် က ရပ်တန့် လိုက်ပြီဖြစ်ကြောင်း သိရသည်။

အရှေ့တောင် အာရှ နိုင်ငံတစ်နိုင်ငံ အ နေဖြင့် လူ့အခွင့် အရေး ချိုးဖောက်မှုများ ရှိ နေခြင်းကို အမေရိကန် အထက်လွှတ်တော် က ကြားနာပြီး နောက်ပိုင်းတွင် ယင်းသို့ဆုံး ဖြတ်လိုက်ခြင်းဖြစ်သည်။

အမေရိကန် အထက် လွှတ်တော်၏ နိုင်ငံခြား ဆက်ဆံရေး ကော်မတီဝင်တစ်ဦး ဖြစ်သူ ဘင်ကာဒင်က အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဌာနသို့ အဆိုပါအကြောင်း အရာကို အသိပေး ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်း တစ်ပုဒ်တွင် ဆိုထား သည်။

ဖိလစ်ပိုင် သမ္မတ ဒူတာတေက အမေ ရိကန် သမ္မတ အိုဘားမားအား ”ငရဲ ကိုသွား” ”မိန်းမပျက်သား”စသည်ဖြင့် ပြောဆို ခိုင်းနှိုင်းခဲ့ပြီးနောက် ဝါရှင်တန်နှင့်  မနီလာ ဆက်ဆံရေးမှာ တင်းမာလာခဲ့ သည်။

ပြီးခဲ့သည့် လအတွင်း ကလည်း ဖိလစ် ပိုင်သည် အမေရိကန် နှင့် ဆက်ဆံမှု မပြု တော့ခြင်းနှင့် အမေရိကန် တပ်များ ဖိလစ်ပိုင်မှ ထွက်ခွာကြရန် သူလို လားကြောင်း တို့ကို ဖိလစ်ပိုင် သမ္မတ ဒူတာတေက တရုတ် နိုင်ငံပိုင် ရုပ်မြင်သံကြား မှ ပြောကြားခဲ့သေး သည်။

အမေရိကန် တို့ကလည်း ဖိလစ်ပိုင် သို့ ချေမှုန်းရေး ရိုင်ဖယ်သေနတ် အလက် ပေါင်း နှစ်သောင်း ခုနစ်ထောင်မျှ ရောင်း ချခဲ့ခြင်းသည် ဒူတာတေ၏ မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းစဉ် များဝယ် လူ့အသက်ပေါင်း များစွာ ကို သေကျေစေ ခဲ့သဖြင့် ယခုကဲ့သို့ ရောင်းချမှုကို ရပ်တန့် လိုက်ရ ခြင်းဖြစ်ကြောင်း ဆိုသည်။

PN002
ref: Washington Halts Sale of Assault Rifles to the Philippines

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*