3:12 pm
(ဘဂ္ဂဒက်၊ ဇန်နဝါရီ ၃)
အီရတ်နိုင်ငံ၏ မြို့တော်ဖြစ် သည့် ဘဂ္ဂဒက်မြို့ဈေးဝယ် အစ္စ လာမ်မစ် နိုင်ငံတော် အကြမ်းဖက် အဖွဲ့မှ အသေခံ ဗုံးဖောက်ခွဲမှု တစ်ခုကြောင့် အနည်းဆုံး လူ ၃၆ ဦးမျှ သေဆုံးကြောင်း သိရသည်။
ပြင်သစ်နိုင်ငံ သမ္မတ ဖရန် ဆွာ အော်လန်း အီရတ်နိုင်ငံ သို့ရောက်ရှိပြီး နာရီအနည်း ငယ်အတွင်း ထိုသို့ ပေါက်ကွဲ မှု ဖြစ်ပွား ခဲ့ခြင်းဖြစ် သည်။
ဘဂ္ဂဒက်မြို့ဈေး၏ ဟင်းသီး ဟင်းရွက်တန်း တစ်နေရာဝယ် ရပ်ထားသော ကုန်တင်ယာဉ် တစ် စီးတွင် ဗုံးများထောင်၍ အသေခံ ဖောက် ခွဲ လိုက်ခြင်းဖြစ်ပြီး ဒဏ်ရာ ရသူ ၅၂ ဦးမျှရှိကြောင်း ဘဂ္ဂဒက် ရဲတပ်ဖွဲ့မှ သိရသည်။
အသေခံ ဖောက်ခွဲသူသည် သူ့ကိုယ်သူ ကုန်ထမ်း အလုပ်သမား တစ်ဦး ဟန်ဆောင်ခဲ့ပြီး သူ့အနားသို့ အခြား အလုပ်သမားများ စုဝေး ရောက် ရှိလာချိန်တွင် ဗုံးများထောင် ထားသည့် ကုန်တင်ယာဉ်ကို ဖောက်ခွဲ လိုက်ခြင်းဖြစ်ကြောင်း အီရတ် ဝန်ကြီးချုပ် မစ္စတာ ဟိုင်ဒါအယ်လ် အဘာဒီက ပြင်သစ် သမ္မတအော် လန်းနှင့် အတူပြုလုပ်သော သတင်း စာ ရှင်းလင်းပွဲတွင်ပြောသည်။
PN002
ref: Islamic State claims responsibility for suicide bomb that killed at least 36 in Iraq