အမေရိကန် သတင်းဌာနက ပူတင်ကို ‘လူသတ်သမား’ ဟု ခေါ်ဝေါ်ခြင်းသည် စော်ကားခြင်း ဖြစ်ကြောင်း ရုရှား အစိုးရဆို

အမေရိကန် သတင်းဌာနက ပူတင်ကို ‘လူသတ်သမား’ ဟု ခေါ်ဝေါ်ခြင်းသည် စော်ကားခြင်း ဖြစ်ကြောင်း ရုရှား အစိုးရဆို
February 8, 2017 Asian Fame

2:36 pm
အမေရိကန် သတင်းဌာနက ပူတင်ကို ‘လူသတ်သမား’ ဟု ခေါ်ဝေါ်ခြင်းသည် စော်ကားခြင်း ဖြစ်ကြောင်း ရုရှား အစိုးရဆို
 ပြီးခဲ့သည့် တနင်္ဂနွေနေ့ ကFox News  မှ ထုတ် လွှင့် ခဲ့သည့် ဒေါ်နယ် ထရမ့်နှင့် ဘီလ်အိုရီလီ တို့ အင်တာဗျူးမှ မြင်ကွင်း

ပြီးခဲ့သည့် တနင်္ဂနွေနေ့ ကFox News မှ ထုတ် လွှင့် ခဲ့သည့် ဒေါ်နယ် ထရမ့်နှင့် ဘီလ်အိုရီလီ တို့  အင်တာဗျူးမှ မြင်ကွင်း

(မော်စကို၊ ဖေဖော်ဝါရီ ၇)

အမေရိကန် သတင်းဌာနကြီး တစ်ခု ဖြစ်သည့် Fox News က ရုရှားသမ္မတ ပူတင် အား ‘လူသတ်သမား’ ဟူသည့် အသုံးအ နှုန်းဖြင့် စော်ကားခဲ့ခြင်း အတွက် ပြန်လည် တောင်းပန်ခြင်းကို ရုရှား အစိုးရက အလိုရှိ နေကြောင်း သိရသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က Fox News  မှ ထုတ်လွှင့်ခဲ့သည့် ဒေါ်နယ်ထရမ့်နှင့် အင်တာဗျူး ဝယ်ပူတင် ကို လေး စားကြောင်း ဖြေ ကြားရာ တွင် Fox News သတင်းဌာန မှမေးမြန်းသူ ဘီလ်အိုရီလီက ”သူဟာ လူ သတ်သမား တစ်ယောက် ဖြစ်တာတောင် … ပူတင် ဟာ လူသတ်သမား တစ်ယောက်” စသည်ဖြင့် ကြားဖြတ်ဝင်ရောက် ပြောကြား ခဲ့ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

”Fox News သတင်းဌာနက သတင်း ထောက်တစ်ယောက် အနေနဲ့ ဒီဝေါဟာရ ကို သုံးလိုက်တာဟာ စော်ကားတာပါပဲ။ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး” ဟု ရုရှားအစိုးရ၏ ပြောရေး ဆိုခွင့်ရှိသူ ဒီမီ ထရီပက်စကော့ဗ်က သတင်းစာ ရှင်းလင်း ပွဲတွင် သတင်းသမား များအား ပြောခဲ့ သည်။ ”ကျွန်တော်တို့ အနေ နဲ့ အမှန်အ တိုင်းပြောရရင်တော့ ဒီကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ သတင်း ဌာန က ပြန်တောင်း ပန်စေချင်ပါတယ်” ဟုလည်း သူက ပြောပါ သေးသည်။

ရုရှား နိုင်ငံ၏ ဝန်ကြီးချုပ်နှင့် သမ္မတ တာဝန်များအား ပူတင် ထမ်းဆောင်ခဲ့သည့် ၁၆ နှစ်မျှ ကာလအတွင်း အတိုက် အခံ ခေါင်း ဆောင် အချို့၊ လူ့အခွင့်အရေး တက်ကြွလှုပ် ရှားသူ အချို့၊ သတင်းစာ ဆရာအချို့နှင့် သတင်းပေး အချို့တို့သည် မသင်္ကာဖွယ် ရာ သေဆုံးခြင်းများ လုပ်ကြံ ခံရခြင်းများရှိခဲ့ ကြောင်း သိရသည်။

PN002
ref: Kremlin says Fox News was ‘insulting’ in calling Putin a killer

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*