ဗြိတိန်သူ တစ်ဦး ဖူကက်ကမ်းခြေရှိ အခန်း တစ်ခန်းထဲဝယ် လည်ပင်း ကြိုးဆွဲချ သေဆုံး

ဗြိတိန်သူ တစ်ဦး ဖူကက်ကမ်းခြေရှိ အခန်း တစ်ခန်းထဲဝယ် လည်ပင်း ကြိုးဆွဲချ သေဆုံး
January 11, 2017 Asian Fame

2:14 pm
ဗြိတိန်သူ တစ်ဦး ဖူကက်ကမ်းခြေရှိ အခန်း တစ်ခန်းထဲဝယ် လည်ပင်း ကြိုးဆွဲချ သေဆုံး

(ဖူကက်၊ ဇန်နဝါရီ ၁ဝ)

 သေဆုံးသူ ဗြိတိန်သူ အမျိုးသမီးအား သူ့ချစ်သူ နှင့် အတူတကွ ဖူကက် ကမ်းခြေတွင် အပန်းဖြေ နေသည်ကို နောက်ဆုံး တွေ့ရစဉ်

သေဆုံးသူ ဗြိတိန်သူ အမျိုးသမီးအား သူ့ချစ်သူ နှင့် အတူတကွ ဖူကက် ကမ်းခြေတွင် အပန်းဖြေ နေသည်ကို နောက်ဆုံး တွေ့ရစဉ်

အသက် ၂၆ နှစ် အရွယ်ရှိ၊ ဗြိတိန်နိုင်ငံသူ အဘီဂျေးလ် လူး ဝစ်ဘရောင်းသည် ဖူကက်ကမ်း ခြေရှိ တိုက်ခန်းတစ်ခု အတွင်းဝယ် ထို သို့ သေဆုံးနေခြင်းကို သူ့ချစ် သူဖြစ်သူ အမျိုးသား ကပင် တွေ့ရှိ ၍ ရဲတပ်ဖွဲ့သို့ အကြောင်းကြားခြင်း ဖြစ်သည်။ ဝမ်းနည်း ကြေကွဲ၍ မိမိ ကိုယ်မိမိ သတ်သေခြင်းဖြစ်နိုင် ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

မစ္စဘရောင်းနှင့် သူ့ချစ်သူ တို့သည် ကမ်းခြေတွင် အပန်းဖြေ နေကြစဉ် နံနက်လင်း အားကြီး ၃ နာရီမိနစ် ၂ဝ ခန့်တွင် စကားများ ရန်ဖြစ်ကာ မစ္စဘရောင်းက သူတို့ ငှားရမ်း ထားရာ အခန်းသို့ ပြန် သွားခဲ့သည်။ ထို့နောက် နံနက် ၆ နာရီ ၂ဝ မိနစ်တွင် သူ့ချစ်သူ အမျိုးသား က အခန်း သို့ပြန်သွား ရာတွင် ချစ်သူ အမျိုးသမီးမှာ ကြိုး ဆွဲချ သေဆုံးနေကြောင်း တွေ့ရ ခြင်း ဖြစ်သည်။

ချစ်သူ အမျိုးသား၏ အမည် နှင့် အခြားကိုယ်ရေး အချက်အ လက်များကို ရဲတပ်ဖွဲ့ မှ ပြောကြား ရန် ငြင်းဆိုပါသည်။

အခင်းဖြစ်ပွားခြင်းနှင့် ပတ် သက်၍ အခြား သံသယဖြစ်စရာ အချက်များ မရှိကြောင်း ရဲအရာရှိ ဆွမ်ကိယက် ဆာရာစစ် ကပြောပါ သည်။ ”ကောင်မလေးက သူ့ကိုယ် သူ ကြိုးဆွဲချ သတ်သေသွားတာပါ။ ရုန်းရင်းဆန်ခတ် ဖြစ်တာတွေ ပြတ်ရှ ဒဏ်ရာတွေ သူ့ခန္ဓာကိုယ် ပေါ်မှာ မတွေ့ရပါဘူး”ဟု သူက ပြောသည်။

”ဒီအမှုနဲ့ ပတ်သက်လို့ ကျွန် တော်တို့ စုံစမ်းစရာ မရှိတော့ပါဘူး။ အမှုကိုလည်း ပိတ်လိုက်ပါပြီ”ဟု ရဲအရာရှိက ပြောပါသေးသည်။

PN002
Ref: British backpacker is found hanged in her Thai hotel room after late-night argument with her boyfriend

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*