သရုပ်ဆောင် လွင်မိုး ၏ အမြင် နှင့် သုံးသပ်ချက်များ

သရုပ်ဆောင် လွင်မိုး ၏ အမြင် နှင့် သုံးသပ်ချက်များ
November 3, 2016 Asian Fame

5:35 am
သရုပ်ဆောင် လွင်မိုး ၏ အမြင် နှင့် သုံးသပ်ချက်များ
In Interview

သရုပ်ဆောင် လွင်မိုး ၏ အမြင် နှင့် သုံးသပ်ချက်များ

lwe-moe

ရုပ်ရှင် ဇာတ်ကားပေါင်း များစွာ ရိုက်ကူးခဲ့ပြီး နှစ်ပေါင်း များစွာ ပရိသတ် အားပေးမှု ရရှိ ခဲ့သည့် သရုပ်ဆောင် လွင်မိုးက အနုပညာ လှုပ်ရှားမှုများ ဆက်မလုပ်တော့ သော် လည်း ရုပ်ရှင်ရုံ တစ်ရာ စီမံ ကိန်းကို လုပ်ဆောင်လျက် ရှိသည်။ လတ်တလော တွင် မြန်မာ့ရုပ်ရှင် ဇာတ်ကားများ အရည်အသွေးနှင့် ပတ်သက်၍ ဝေဖန်မှု များမြင့် တက် လျက်ရှိရာ သရုပ်ဆောင် လွင်မိုး၏ အမြင်နှင့် သုံးသပ်ချက်များကိုတွေ့ ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။

မေး – အပြောင်းအလဲ ကာလမှာ ရုပ်ရှင် လောကပြောင်းလဲမှု နဲ့ပတ်သက် ပြီး ကိုလွင်မိုး ဘယ်လိုမြင်ပါသလဲ။

ဖြေ – အခု ဒီနိုင်ငံမှာ နိုင်ငံရေးလည်း ပြောင်းလဲမှုတွေ ရှိနေတယ်။ အဲဒီ လိုပဲ အဲဒီ ပြောင်းလဲမှုတွေ ထဲမှာ တိုးတက်မှု ရှိလာမယ် ဆိုရင်တော့ တိုင်းပြည် အတွက် ရုပ်ရှင်လည်းဦး မော့လာနိုင်မှာပါ။ ရုပ်ရှင်က နိုင်ငံ နဲ့ တိုက်ရိုက်ပတ်သက် နေတဲ့အ တွက်ကြောင့်ပါ။ ရုပ်ရှင်လောက ပြောင်းလဲမှုကတော့ အခုလတ် တလော ဝေဖန် မှုတွေပြင်းထန်ခဲ့ တယ်။ ဒါလည်းမှန်တယ်။ ရုပ်ရှင် လောက ပြန်လည်ဦးမော့လာဖို့ အခု ကျွန်တော်တို့ ရုံတစ်ရာစီမံ ကိန်းက မှော်ဘီရုံမှာ ဆို ခုနှစ် ဆယ်ရာခိုင်နှုန်း ပြီးနေပြီ။ အဲဒီ ရုံပြီးရင် အသံ အရည်အသွေး၊ ခုံ အနိမ့်အမြင့် အကွာအဝေးအား လုံးပြန် ပြီး စိစစ်မယ်။ ဘာဖြစ်လို့ လဲဆိုတော့ တစ်နိုင်ငံလုံး ဒီအတိုင်း ပဲဆောက်မှာဖြစ်တဲ့ အတွက်ကြောင့် ပါ။ အရင်ဆောက်နေကျ ပုံစံ မဟုတ်ဘူး။ ဒီရုံတစ်ရာက ဆန်းသစ် တီထွင်နိုင်တဲ့ သူတွေနဲ့ပူးပေါင်းပြီးလုပ်တယ်။ မြန်မာနိုင်ငံ စီးပွားရေး နဲ့ ဖြစ်အောင် ဆန်းသစ် တီထွင်ရ တယ်။ ဟိုးရှေးခေတ် ပုံစံမျိုး ဆောက်တာ မဟုတ်ဘူး။

မေး -သရုပ်ဆောင် တစ်ယောက် အဖြစ် မရပ်တည်တော့ ပေမယ့် ဒီလောက အရေး က ကိုလွင်မိုး မှာလည်း တာဝန် ရှိတယ်လို့ ခံယူထားတယ်ပေါ့။

ဖြေ – အခု ရုပ်ရှင်တွေ အရည်အသွေး ကျဆင်းသွားတာ အစ်ကိုတို့မှာ လည်းတာဝန် အပြည့် ရှိတယ်။ အဲဒါ ကြောင့် အခု ရုံတစ်ရာ စီမံကိန်းတွေ လုပ်တယ်။ ပြီးရင် ရုပ်ရှင်လောက ပြန်လည် မြှင့်တင်ဖို့ အရည်အသွေး ရှိတဲ့ဇာတ်ကားတွေ ပြန်ပေါ်လာဖို့ ဆက်လုပ်ဆောင် ရမယ်။ အဲဒီမှာ ဖြစ်စလွယ်၊ ပြီးစလွယ် လုပ်နေတဲ့ သူတွေ၊ မတော် မတတ်ဘဲ လုပ်နေ တာတွေ နေရာမပေးမိ ဖို့လည်း သတိထားရမယ်။ ဒီနေရာရောက် ချင်ရင် တော်အောင်၊ တတ်အောင် လုပ်ရမယ်။ အစ်ကို တို့လည်း အများ ကြီး သင်ယူ ရဦးမယ်။ အဲဒီမတော် သေးတာ မတတ်သေးတာကို တော် ပြီး တတ်သိ နားလည်တဲ့ သူတွေနဲ့ ပူးပေါင်းစေပြီးတော့ ဒီရုပ်ရှင် လောကကို ပြန်လည် တည်ဆောက် ရမယ်။ လုပ်တဲ့ အခါမှာ လည်း အားလုံး က စုစုစည်းစည်းနဲ့ ပါဝင်မှ ရမယ်။ အချိန် တစ်ခုတော့ ယူရမယ်။

မေး – ရုံတစ်ရာ ဖြစ်လာပြီ ဆိုရင်ရော ဒီ အနုပညာပိုင်းမှာ တကယ်အရည် အသွေးမီ ဇာတ်ကားတွေ ထွက် လာနိုင်မယ်လို့ ပြောလို့ရမလား။

ဖြေ – နိုင်ငံနဲ့ ရုပ်ရှင်က တိုက်ရိုက် အချိုးကျတယ်။ ဒီနိုင်ငံ အခြေအ နေကို သိချင်ရင် ဒီနိုင်ငံ ရုပ်ရှင် ဇာတ်ကားကို ကြည့်ပါ။ အဖြေပေါ် လာပါလိမ့်မယ်။ အဲဒီတော့ လူတွေ ရဲ့ ဖြတ်သန်းနေ ရတဲ့ဘဝနဲ့ကျင်လည် နေရတဲ့ ဘဝက ရုပ်ရှင်က ကိုယ်စား ပြုတာပဲ။ အရမ်း ခေတ်မီ တိုးတက် နေတဲ့ နိုင်ငံတွေ ကျတော့ နေ့စဉ် ဖြတ်သန်းနေတဲ့ ဘဝကို ကိုယ်စား မပြုတော့ဘူး၊ ရှေ့အနာဂတ် ကိုပဲ ဘာတွေဖြစ်နိုင်မလဲ စိတ်ကူးယဉ် ဆန်မှုတွေကိုပဲ ကိုယ်စားပြုတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကျတော့ စိတ်ကူးယဉ် ဆန်တဲ့ ဇာတ်ကားတွေ ကိုယ်စား မပြုနိုင်သေးဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ လက်ရှိဘဝက ခက်ခဲနေသေးလို့ပါပဲ။

မေး – ကိုလွင်မိုး တို့ အောင်မြင်ခါစ က ဆို Drama ဇာတ် ကားကောင်းတွေ ခေတ် စား တယ်နော်။ အဲဒီလို တစ် ခေတ်ပြန်ဖြစ်စေချင်ရင် အဓိက ဘာတွေဆောင်ရွက်ဖို့ လိုပါမလဲ။

ဖြေ- ကျွန်တော်တို့တုန်း ကဆို  Drama တွေခေတ်စားတယ်။ တစ် ခုရှိတယ်၊ ရည်မှန်း ချက်တွေ၊ မျှော်မှန်းချက်တွေ ကြီးကြီးထားကြ တယ်။ လူတစ်ယောက် ရဲ့ရပ်တည် မှုဟာ လည်း ဒီရည်ရွယ်ချက် ရည် မှန်းချက် မျှော်မှန်းချက်တွေ နဲ့ အများကြီး သက်ဆိုင်တယ်။ အဲဒီ အရာတွေ ဦးတည်ချက် ယိုင်လာရင် လုပ်ငန်းပိုင်းမှာ ထိရောက်မှုတွေ မရှိတော့တဲ့ သဘောပါပဲ။ အစ်ကို တို့တုန်းက ရည်ရွယ်ချက်တွေ မြင့် မားတဲ့အတွက် ဇာတ် ကားကောင်း တွေလုပ်နိုင်တယ် လို့ထင်တယ်။ အဲဒီထက် ပြောရရင် အစ်ကိုတို့ ထက် အရင် အနုပညာရှင်ကြီးတွေ ဆိုလည်း ဒီလိုပဲ။ အခုကလူတိုင်း လူတိုင်းရင်ထဲမှာ ရည်ရွယ်ချက် တွေ၊ ရည်မှန်းချက်တွေ၊ အနာဂတ် ဦးတည်ချက်တွေက လျော့ပါးသွား တဲ့ အတွက် သူတို့လုပ်တဲ့ လုပ်ရပ် တွေက အားနည်းချက်တွေ များ လာတယ်လို့ ထင် တယ်။ အဲဒီတော့ ဘာလုပ်လုပ် ပြီးပြီးရော ဆိုတာ ထက် ရည်မှန်းချက် မျှော်မှန်း ချက် တစ်ခုခု ထားသင့်တယ်။

မေး – မြန်မာ ဇာတ်ကားတွေ မြန်မာကြိုက် အောင်ရိုက်ဖို့ အနုပညာလောက အ တွက် ကြီးမား တဲ့ စိန်ခေါ်မှုတစ် ရပ်လို ဖြစ်နေပြီ။ အဲဒီအပေါ် သုံး သပ်ပေးပါဦး။

ဖြေ – ထုတ်လုပ်သူနဲ့ ဆိုင်တယ်။ ထုတ်လုပ်သူက ဇာတ်ကား တစ်ကား ရိုက်မယ်ဆို အဲဒီ ဇာတ်ကားနဲ့ ပတ် သက်ပြီး သေချာ စိစစ်သင့်တယ်။ အရင်ကဇာတ် နဲ့တူမလား၊ သူများ ရိုက်ပြီးသား နဲ့ တူနေမလား သိရ မယ်။ အခုက ရရစားစားဖြစ်နေ တော အားနည်းချက်တွေများလာ တယ်။ ဖြစ်သလို လုပ်နေတာတွေ များလာတယ်။ အဲဒါတွေ ကိုပြန်ပြီး တော့ပြုပြင်မယ် ဆိုရင် အနုပညာကို ချစ်ပြီး တကယ် ဝါသနာပါ မှဖြစ်မယ်။ စုပေါင်းပြီး အနစ်နာခံမှပဲ အောင် မြင်မယ့် သဘောမှာ ရှိတယ်။

မေး – ရုပ်ရှင်လောက မှာ အရည်အသွေးတွေ ညံ့ဖျင်း လာပြီ ဆိုပြီး ဝေဖန် မှု တွေ ရှိခဲ့တာ ကြာခဲ့ပြီ။ အခု ပိုပြီး ပြင်းထန် လာတယ်။ ဝေဖန်မှုတွေ အပေါ် ရုပ်ရှင်လောက သား တစ်ဦး အနေ နဲ့ ဘယ်လို ထင်မြင်ပါသလဲ။

ဖြေ – အခု ရုပ်ရှင် နဲ့ ပတ်သက်ပြီး ပဋိ ပက္ခတွေဖြစ်နေတာ ဝမ်းနည်း စရာ ကောင်း တယ်။ တစ်ဖက် နဲ့တစ်ဖက် ဝေဖန်မှုတွေ ပြင်းထန် လာတယ်။ အနုပညာ သမားနဲ့ ပရိသတ် ဆိုတာ ကလည်း တစ်နိုင်ငံထဲ မှာ အတူတူ နေထိုင်ကြတဲ့ ပြည်သူ အချင်း ချင်း တွေပါပဲ။ အပြုသဘော ဆောင်တာ ကောင်းပါတယ်။ ဒါပေမယ့် တစ်ဖက် သတ် ဆန်ပြီး ပြင်းထန် ရင်တော့ မကောင်းဘူးပေါ့။ နောက်တစ်ခုက facebook ပေါ့။ facebook က ခေတ်မီပြီး လူမှုကွန်ရက် ရဲ့ အကြီး မားဆုံးသော နေရာမှာ ရပ်တည်နေ တယ်။ facebook ပေါ်မှာလည်း ကောင်းတာ ရှိသလို မကောင်းတာ လည်း ရှိတာပေါ့။ ဝေဖန်မှုတွေမှာ လည်း ကောင်းတာတွေ ရှိတယ်။ အဲဒီတော့ ကောင်းတာကို အတု ယူပြီးတော့ ပြုပြင်သင့်တယ်။

ထူးထူးတွေ့ဆုံမေးမြန်းသည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*