နိုင်ငံခြားငွေ ဖလှယ်နှုန်းကို ပြဋ္ဌာန်းသော အချက်များ နှင့် ပတ်သက်သည့် သီအိုရီများနှင့် ငွေကြေး မူဝါဒ

နိုင်ငံခြားငွေ ဖလှယ်နှုန်းကို ပြဋ္ဌာန်းသော အချက်များ နှင့် ပတ်သက်သည့် သီအိုရီများနှင့် ငွေကြေး မူဝါဒ
April 6, 2017 Asian Fame

2:44 pm
နိုင်ငံခြားငွေ ဖလှယ်နှုန်းကို ပြဋ္ဌာန်းသော အချက်များ နှင့် ပတ်သက်သည့် သီအိုရီများနှင့် ငွေကြေး မူဝါဒ
၂ဝ၁၆ ခုနှစ် ဧပြီလ ၃ ရက်မှ ၂ဝ၁၇ ခုနှစ် ဧပြီလ ၃ ရက် အထိ မြန်မာငွေနှင့် အမေ ရိကန် ဒေါ်လာငွေ လဲလှယ်နှုန်း မြင့်တက်လာမှုပြပုံ

၂ဝ၁၆ ခုနှစ် ဧပြီလ ၃ ရက်မှ ၂ဝ၁၇ ခုနှစ် ဧပြီလ ၃ ရက် အထိ မြန်မာငွေနှင့် အမေ ရိကန် ဒေါ်လာငွေ လဲလှယ်နှုန်း မြင့်တက်လာမှုပြပုံ

ဒေါက်တာ ခင်မောင်ညွန့် School of Management, Mae Fah Luang University of Thailand  ရေးသားသော Recent developments in Microstructure approach to exchange rate determination and implications for monetary policy  စာတမ်းကို ခင်မောင်ညို(ဘောဂဗေဒ) ဘာသာပြန်ဆိုသည်။

(အပိုင်း- ၁ )

နိုင်ငံခြားငွေ ဖလှယ်နှုန်းကို ပြဋ္ဌာန်းသည့် အကြောင်းတရား များကို ဖော်ထုတ် ရှင်းပြရာတွင် အဓိကနည်းလမ်း သုံးခုကို ကျယ် ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ ပထမနည်းလမ်းမှာ ၁၉၇ဝ ပြည့် လွန်နှစ်များ မတိုင်မီက ပေါ်ပေါက် လာခဲ့သော သမားရိုးကျ နည်း လမ်းဖြစ် သည်။ ဒုတိယ နည်းလမ်း မှာ ၁၉၇ဝ ပြည့်လွန်နှစ် များတွင် ပေါ်ထွက်ခဲ့သော အက်ဆက်ဈေး ကွက် (Asset Market) နည်းဖြစ် ပါသည်။ တတိယ နည်းလမ်းမှာ ၁၉၉၅ ခုနှစ် တစ်ဝိုက်တွင် ပေါ်ပေါက်ခဲ့သော ဈေးကွက်မိုက် ကရို ပုံသဏ္ဌာန် (Market Microst­ructure) နည်းလမ်းဖြစ်သည်။ ပထမနည်းလမ်း နှစ်ခုကို မေကရို နည်းလမ်း နိုင်ငံ အဆင့် လေ့လာသည့် နည်းလမ်း ဟု ခေါ် ဆိုပြီး နောက်ဆုံး နည်းကို မိုက်ကရို အဆင့်နည်း လမ်းဟု ခေါ်ဝေါ်လေ့ ရှိကြသည်။ မကြာသေးမီက လေ့လာတွေ့ရှိ သော အထောက် အထား များအရ မေကရိုနည်းလမ်းနှင့် မိုက်ကရို နည်းလမ်းတို့သည် လည်း နိုင်ငံခြား ငွေဖလှယ်နှုန်းကို သက်မှတ်ပြဋ္ဌာန်း ရာတွင် ဆက်စပ်မှု ရှိကြောင်းတွေ့ ရသည်။ ထိုသဘောတရား များကို လက်တွေ့ အသုံးချရာ၌ ထိရောက် မှု ရှိ-မရှိဆိုသည်မှာ သက်ဆိုင် ရာ နိုင်ငံ၏ ဘဏ္ဍာရေးစနစ်နှင့် လုပ် ဆောင်ပုံ အဆင့်အတန်း အပေါ် တွင် အခြေခံအားဖြင့် မူတည်သည်။

သဘောတရားဆိုင်ရာ နောက်ခံသမိုင်း

နိုင်ငံခြားငွေ ဖလှယ်နှုန်း ဆိုင်ရာ အခြေခံများကို လက်တွေ့ အသုံး ချပုံနှင့် မူဝါဒဆိုင်ရာ အကျိုးသက် ရောက်မှုတို့ကို အောက်တွင် ဆက်လက်ဆွေးနွေးပြီး ရရှိခဲ့သော သင်ခန်းစာများကို ပညာရပ်ဆန် ဆန်ရေးသားထားခြင်း မဟုတ်သော ဤစာတမ်းနောက်ဆုံး အပိုင်းတွင် ဖော်ပြပါသည်။

ပထမဆုံး နည်းလမ်းဖြစ်သော သမာရိုးကျ နည်းလမ်းကို ကုန်စည် ဈေးကွက် နည်းလမ်းဟုလည်း လူ သိများပါသည်။ ဆိုလိုသည် မှာ နိုင်ငံခြားငွေ ဝယ်လိုအားသည် ထို နိုင်ငံ၏ ပို့ကုန်သွင်းကုန် အရောင်း အဝယ်အပေါ်တွင် မူတည်နေသည်။ ထိုသဘောတရား သည် အခြေခံ အားဖြင့် ကုန်သွယ်ရေး လိုငွေက နိုင်ငံခြား ဖလှယ်နှုန်းအပေါ် သြဇာ လွှမ်းမိုးကြောင်း၊ အခြေခံအားဖြင့် ရှင်းပြသည်။ အထူး သဖြင့် သွင်း ကုန်က ပို့ကုန်ထက် များနေသော ကုန်သွယ်ရေး လိုငွေပြသည့် အချိန်တွင် ပြည်တွင်းငွေကြေး၏ တန်ဖိုးကို ကျဆင်းစေပြီး၊ ကုန်သွယ် မှုလိုငွေသည် ပြည်တွင်းငွေ ၏ တန်ဖိုးကို မြင့်မားစေပါသည်။

ဒုတိယနည်းလမ်းဖြစ်သော အက်ဆက်ဈေးကွက် နည်းလမ်းနှင့် ပတ်သက်၍ ၁၉၇ဝ ပြည့်လွန်နှစ် များကတည်းက ပုံစံအမျိုးမျိုး ပေါ်ထွက် လာခဲ့သည်။ ကြာရှည်ခံ အက်ဆက် များ၏ အက်ဆက်ဈေး နှုန်း အဖြစ် အမည်ခံငွေဖလှယ် နှုန်း၏ အခန်းကဏ္ဍကို အလေး ထား ဖော်ပြ ခဲ့သည်။ ပထမဆုံးထင်ရှား သည့်မော်ဒယ်မှာ ဝယ်နိုင်စွမ်းအား ညီမျှခြင်းသီအိုရီ (Purchasing Power Parity Theory) ဖြစ်သည်။ ဤသီအိုရီအရ နိုင်ငံခြားငွေ ဖလှယ်နှုန်းသည် နိုင်ငံခြားငွေ လုံးဝ အရောင်းအဝယ် မရှိသော အခြေ အနေတွင် သက်ဆိုင် ရာ နိုင်ငံ နှစ်နိုင်ငံ ၏ ဈေးနှုန်း အဆင့် (နှိုင်း ယှဉ်ဈေးနှုန်း) အချိုးချခြင်းနှင့် တူညီသည်။

အတိုးနှုန်း ညီမျှခြင်း သီအိုရီ (Uncovered Interest Policy) က နိုင်ငံ အသီးသီးတွင် ငွေကြေး အမျိုးမျိုးဖြင့် တန်ဖိုးသင့်ထားသော ကာလတို အတိုးနှုန်းရ၊ အက်ဆက် များ၏ မျှော်လင့်ပြန်ရချက် ဆက် စပ်မှုကို တိုင်းတာသည်။ အက် ဆက်ဈေးကွက် နည်း လမ်းဖြင့် နိုင်ငံခြားငွေကို ရှင်းပြရာတွင် လက်ရှိ အခြေခံ အနေအထားများ၊ ရုတ်တရက် ပေါ်ပေါက်လာတတ် သော အပြောင်းအလဲများ သာမက အနာဂတ်တွင် ပေါ်ပေါက်လာ နိုင်သော အခြေခံ အနေအထားများ လက်ရှိကာလ အတွက် တန်ဖိုးသင့် ၍ ထည့်ပေါင်းသည်။ မထင်မှတ်ဘဲ ပေါ်ပေါက်လာနိုင်သော ရုတ် တရက် အပြောင်းအလဲ များကိုပါ ထည့်သည်။ တနည်းအားဖြင့် သမားရိုးကျငွေ ဖလှယ်နှုန်း သီအိုရီ က နိုင်ငံခြားငွေ ဖလှယ်နှုန်းသည် နှစ်နိုင်ငံ၏ ငွေကြေးပမာဏ ထွက် ကုန်၊ ငွေဖောင်းပွမှု၊ အတိုးနှုန်းနှင့် မျှော်လင့် နိုင်ငံခြားငွေ ဖလှယ်နှုန်း တို့ကဲ့သို့သော နိုင်ငံအဆင့် အခြေခံ အနေအထားများ၏ သြဇာသက် ရောက်မှုကို ခံရသည်။

နှုန်းရှင်မျှောငွေ ဖလှယ်နှုန်း စနစ်အောက်တွင် အက်ဆက်ဈေး ကွက် နည်းလမ်းသည် ရေရှည်တွင် နိုင်ငံခြားငွေ ဖလှယ်နှုန်း အပြောင်း အလဲဖြစ်သည် များကို ရှင်းပြနိုင် စွမ်းရှိသည်။

သို့သော်လည်း ၁၉၉၅ ခုနှစ် တစ်ဝိုက်တွင် တွေ့ရှိရသော လက် တွေ့ သုတေသန များအရ တစ်ပတ် မှ တစ်နှစ် ဟူသော ရေတိုကာလ အတွင်း၊ နိုင်ငံခြားငွေဖလှယ်နှုန်း အပြောင်းအလဲ ဖြစ်ရသည့် ကိစ္စ များကို ရှင်းပြနိုင်ခြင်းမရှိပေ။ ရေတို ကာလတွင် နိုင်ငံခြားငွေ ဖလှယ်နှုန်းသည် ကြုံရာကျပန်း ဖြစ်နေပြီး အထက်တွင် ဖော်ပြခဲ့ သော သီအိုရီများက ရေတိုကာလ အပြောင်းအလဲ များကို ကြိုတင်မှန်း ဆနိုင်ခြင်း မရှိပေ။ အချို့သော လေ့လာချက်များ အရဆိုလျှင် နိုင်ငံခြားငွေ အတက်အကျ မြန်ဆန် စွာပြောင်းလဲအောင် လုပ်ရာတွင် အဓိက အကျဆုံး အကြောင်း တရားများမှာ နိုင်ငံအဆင့် မေကရို စီးပွားရေး ဆိုင်ရာ အကြောင်း တရားများ မဟုတ် ကြကြောင်း တွေ့ရှိရသည်။

အက်ဆက်ဈေးကွက် နည်း လမ်းဖြင့် ရေတိုနိုင်ငံခြားငွေ ဖလှယ်နှုန်း အပြောင်းအလဲ များကို တွက်ဆခြင်း မပြုနိုင်ရသည်မှာ ထိုလေ့လာမှု ၏ အခြေခံယူဆ ချက်ကြောင့်ဖြစ်သည် ဟုဆိုပါသည်။ ပထမအချက် အနေဖြင့် အက်ဆက် ဈေးကွက် သဘောတရားက နိုင်ငံခြားငွေ ဖလှယ်နှုန်း၏ အခြေခံ အနေအထားများ နှင့်ပတ်သက် သော သတင်း အချက်အလက်များ ကို အများပြည်သူက အလွယ်တကူ ရရှိနိုင်၊ သိရှိနိုင် သည်ဟု ယူဆထား သည်။ အနာဂတ် အခြေခံအနေ အထားများနှင့် ပတ်သက်သော သတင်းများ၊ ဈေးကွက်၏ မျှော်လင့် ချက်များကို အခြေခံ၍ ထိုအခြေ ခံ အပြောင်းအလဲများ အတိုင်း နိုင်ငံခြားငွေ ဖလှယ်နှုန်းက ရောင် ပြန်ဟပ်၍ လိုက်လံ ပြောင်းလဲသည် ဟု ယူဆသည်။ ဒုတိယ အနေဖြင့် နိုင်ငံခြားငွေ ဈေးကွက်တွင် အရောင်း အဝယ်ပြုနေကြသော သူများသည် ငွေကြေး ရောင်းဝယ်ရာတွင် လည်းကောင်း၊ ရောင်းဝယ်ရသည့် ရည်ရွယ်ချက်တွင် လည်းကောင်း၊ တမျိုးတစားတည်း၊ တပုံစံတည်း ဖြစ်သည်ဟု ယူဆထားသည်။

ယင်းတို့နှင့် ခြားနားပြီး ဈေးကွက် မိုက်ကရိုပုံသဏ္ဌာန် သဘောတရား က(၁) ပုဂ္ဂလိ သတင်းရရှိမှု၊ အထူး သဖြင့် နိုင်ငံခြားငွေ အဝယ် အရောင်း ပမာဏကို အများပြည်သူက မသိ ရှိနိုင်၊ (၂) ဈေးကွက်တွင် ရှိနေသူ များသည် ငွေကြေး ရောင်းဝယ်ရာ တွင်လည်းကောင်း၊ ရည်ရွယ်ချက် ထားရှိရာတွင် လည်းကောင်း၊ အမျိုး မျိုးအဖုံဖုံ ကွဲပြားခြားနားသော သူများ ဖြစ်ကြသည်။ (၃) တတိယ အချက်အနေဖြင့် အရောင်းအဝယ် လုပ်ပုံနှင့်၊ အရောင်း အဝယ်နှင့် ပတ်သက်သော သတင်းအချက် အလက်များကို အလွယ်တကူ ရရှိ နိုင်သည်ဟု ယူဆသည်။

ဈေးကွက်မိုက်ကရို ပုံသဏ္ဌာန် နည်းလမ်းသည် မိုက်ကရို ပုံသဏ္ဌာန် ဘဏ္ဍာရေး သဘောတရားများ အပေါ်တွင် အခြေခံထားသည်။ တိကျ သေချာသော အရောင်း အဝယ် စည်းမျဉ်း စည်းကမ်းများ အောက်တွင် အက်ဆက်များ ဖလှယ်သည့် လုပ်ငန်းစဉ်နှင့် ရလဒ် ဟု အဓိပ္ပါယ် ဖွင့်ဆိုသည်။ ဤနည်း တွင် ကိန်းရှင်နှစ်ခုကို ထည့်စဉ်းစား သည်။ ကိန်းရှင်မှာ (၁) နိုင်ငံခြား ငွေကြေးအမှာ၊ အော်ဒါ စီးဆင်းမှုနှင့် (၂) ဆိုဈေးပေးဈေး ကွာခြားချက် တို့ဖြစ်ပြီး ယင်းတို့ကို အဓိက လက်နက်အဖြစ် အသုံးချသည်။

အော်ဒါ စီးဆင်းမှုသည် ငွေ ကြေးအဝယ်နှင့် အရောင်းဖိအား တွေကို တိုင်းတာသည့်နည်း၊ သဘော တူပြီး အဝယ်အရောင်း ပမာဏကို ညွှန်ပြသည်။ အချိန်ကာလ တစ်ခု တွင် ဝယ်သူတွေက ဘယ်လောက် ဝယ်ချင်သည်။ ရောင်းသူတွေက အမှန်တကယ် ဘယ်လောက် ရောင်းချင်သည် ကို ညွှန်ပြသည်။ လက်ငင်း ဈေးကွက်တွင် အရောင်းအမှာနှင့် အဝယ်အမှာ ပြေလည် သည်။ နိုင်ငံ ခြားငွေ လေလံ ပစ်သည့် ဈေးကွက် တွင် ဈေးကွက်အော်ဒါ ကို ဘယ် လောက်ဈေးနှင့် ရောင်းပါ၊ ဘယ် လောက်ဈေး အထိ ပေးဝယ်ပါဟူ သော ကန့်သတ်ချက်တွေ အတိုင်း၊ အရောင်း အဝယ်ဖြစ်သည်။ ဤ နေရာတွင် အရောင်း အော်ဒါတွေ အဝယ်အော် ဒါတွေ၊ အနည်းအများ က နိုင်ငံခြားငွေ ဖလှယ်နှုန်းကို သတ်မှတ်သော်လည်း နိုင်ငံခြား ငွေဖလှယ်နှုန်း အပြောင်းအလဲ ကို ဖြစ်စေနိုင်သော နောက်ခံ အဓိက အကြောင်းတရားတော့ မဟုတ် ပေ။ အရောင်းအဝယ် အော်ဒါ အနည်း အများနှင့် ပတ်သက်သော အချက်အလက်များ၊ သတင်းများ ကြောင့် ဖလှယ်နှုန်း ပြောင်းလဲရ ခြင်းဖြစ်သည် ဟုသာ ယူဆသည်။

မကြာမီကပြုလုပ်ခဲ့သော သုတေသနများသည် နေ့စဉ် အရောင်းအဝယ်မှ စ၍၊ အပတ်စဉ် အရောင်းအဝယ် အထိ၊ ဤနည်း လမ်းကို အသုံးပြု၍ လေ့လာသည်။ အမည်ခံငွေ ဖလှယ်နှုန်း လေးလ ခန့်အထိ အပြောင်းအလဲဖြစ်ရ ခြင်းသည် အရောင်းအဝယ် အော်ဒါ အနည်းအများ ကြောင့်ဖြစ်ကြောင်း သိသာထင်ရှားစွာ တွေ့ရသည်။ သုတေသန ရလဒ်များက နမူနာ ကောက်ယူ လေ့လာသော ကာလ အတွင်းသာ ခန့်မှန်းနိုင်ခြင်း မဟုတ်၊ လေ့လာနေသော ကာလအပြင် တစ်လနီးပါးခန့် အထိ ခန့်မှန်းနိုင် ကြောင်းတွေ့ရသည်။ သုတေသန တွေ့ရှိချက် များအရ မိုက်ကရို ပုံ သဏ္ဌာန လေ့လာနည်း အရ ထွက် ပေါ်လာသော ခန့်မှန်းချက်များ သည် အက်ဆက် ဈေးကွက်နည်း ဖြင့် ကြုံရာ ကျပန်းဖြစ်နိုင်သည် ဟူသောပုံစံ သုံးတွက်ချက်ခန့်မှန်း ခြင်းထက် ရလဒ်ပိုကောင်း ကြောင်း တွေ့ ရသည်။

ဤနည်းလမ်း နှစ်ခု၏ အဓိက ခြားနားချက်မှာ အားမျှခြေနိုင်ငံ ခြားငွေဖလှယ်နှုန်းနှင့် ပတ်သက် သည်။ ဤခြားနားချက်ကို လက် တွေ့ လုပ်သူနှင့် ပညာရှိတို့အမြင် ကွဲပြားမှုအဖြစ်လည်း အသိအမှတ် ပြုကြသည်။ လက်တွေ့ သမားများ ၏အမြင်အရ ဝယ်သူတွေ က ရောင်း သူတွေထက် များနေခြင်း ကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်း ကျဆင်းရခြင်း ဖြစ်သည်ဟုမြင် သည်။ အားမျှခြေ ဈေးနှုန်း သည် နိုင် ငံခြားငွေ ဈေး ကွက်ရှိ ဝယ်လို အားနှင့် ရောင်းလိုအား အပေါ်တွင် မူတည်သည်။ သို့သော် မေကရို စီးပွားရေး ရှုထောင့်မှ ရှုမြင်သည့် အခါ ရောင်းလိုအားတွင် အန္တရာယ် နှင့် ရင်ဆိုင်ရမည်ကို မလိုလား၍ အရောင်းအဝယ် ပြုလုပ်ရာတွင် မပါဝင် ဘဲနေသော အချို့ဘဏ္ဍာ ရေး အဖွဲ့အစည်းများ၏ နိုင်ငံခြား ငွေများ ပါဝင်ခြင်း မရှိပါ။ သို့ဖြစ်၍ မိုက်ကရို ပုံသဏ္ဌာန် နည်းလမ်း အရ ဖြစ်ပေါ်သော ဈေးနှုန်းသည် ကြား ကာလ ဈေးနှုန်းသာ ဖြစ်သည်။ ဝယ်လိုအားနှင့် ရောင်းလိုအား မညီမျှမှုကို မသိရသဖြင့် အနေတော် ဈေးနှုန်း မဟုတ်ဟု ယူဆသည်။ မေကရို စီးပွားရေး ရှုထောင့်မှ ရှုမြင် ပါက ပြိုင်ဆိုင်မှုရှိသော ဈေးကွက် တွင်ပါဝင်သူများ အားလုံး၏ ရောင်းလိုအား နှင့် ဝယ်လိုအားတို့ ကသာ နိုင်ငံခြားငွေအားမျှ ဈေးနှုန်း ကို ပြဋ္ဌာန်း ပေးနိုင်မည် ဖြစ်သည်။ ဝယ်သူရောင်းသူ အားလုံး ပါဝင် နိုင်သော လေလံသမား တစ် ယောက်ရှိမှသာ အားမျှ နိုင်ငံခြား ငွေဖလှယ်နှုန်းကို ရရှိနိုင်မည်ဟု အကြံပြုပါသည်။

ထို့အပြင်၊ အကယ်၍ အော်ဒါ များကို အချိန်နှင့် တပြေးညီလေ့ လာ သိရှိနိုင်လျှင် (တနည်းအားဖြင့် ဈေးကွက်သည် ပိုမို၍ ထင်သာမြင် သာရှိလျှင် လက်ရှိအားမျှ နိုင်ငံခြား ငွေဖလှယ်နှုန်းသည် ပြောင်းလဲ သွားနိုင်သည်။ မူဝါဒရေးရာ ရှုထောင့် မှကြည့်ပါက၊ အော်ဒါ အနည်း အများကို ပိုမိုမြင်သာထင်သာ လုပ်ပေးခြင်းကြောင့် ရရှိလာသော အကျိုးတရား များ၏ အရေးပါမှုကို ညွှန်ပြသည်။

ဆက်ပါဦးမည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*