မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပြဋ္ဌာန်းပြီးပါက Online မှ မှတ်ပုံတင်နိုင်မည်

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပြဋ္ဌာန်းပြီးပါက Online မှ မှတ်ပုံတင်နိုင်မည်
January 19, 2017 Asian Fame

12:12 pm
မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပြဋ္ဌာန်းပြီးပါက Online မှ မှတ်ပုံတင်နိုင်မည်

HEZ
ရန်ကုန်၊ ဇန်နဝါရီ ၁၆

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကို ရေးဆွဲခဲ့ပြီးဖြစ်ရာ အဆိုပါဥပဒေကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြ၍ အတည်ပြုချက်ရယူခဲ့ပြီး ပြည်ထောင် စုလွှတ်တော်သို့ တင်ပြထားပြီး ဖြစ် ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မ ရှင်သည် မြန်မာနိုင်ငံအတွင်း ကုမ္ပဏီများ တည်ထောင်လုပ်ကိုင်ရာတွင် လွယ်ကူလျင်မြန်မှုရှိစေရန်နှင့် ကုန်ကျစရိတ် အနည်းဆုံးဖြင့် ကုမ္ပဏီများထူထောင်နိုင်ရန်အတွက် အဆိုပါဥပဒေကို ရေးဆွဲ ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကို ပြဋ္ဌာန်းပြီးသည့်နောက်တွင် ကုမ္ပဏီမှတ်ပုံတင်ခြင်း လုပ်ငန်းများကို အွန်လိုင်းမှ လုပ်ဆောင်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

”ကျင်းပတော့မယ့် လွှတ်တော်မှာ အဲဒီဥပဒေကို ထည့်သွင်းဆွေးနွေးသွား ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ နိုင်ငံမှာ ကုမ္ပဏီများဥပဒေဆိုပြီး ပေါ် လာတော့မှာ ဖြစ်ပါတယ်”ဟု မြန်မာ နိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် အတွင်း ရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ အဆိုပါဥပဒေကို ပြဋ္ဌာန်းရခြင်းမှာ မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းရှင်များ ကုမ္ပဏီထူထောင်ရာတွင် လွယ်လွယ်ကူကူ မှတ်ပုံတင်နိုင်ရန်၊ မလိုလားအပ်သည့် ဝန်ထုပ်ဝန်ပိုးများကို လျှော့ချနိုင်ရန်၊ မလိုလားအပ်သည့် ကုန်ကျစရိတ်များ ကို လျော့ကျစေရန် ရည်ရွယ်၍ ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင်နိုင်ငံတကာတွင် ဖြစ်ပေါ်တိုး တက်နေသည့် အခြေအနေများနှင့်အညီ မြန်မာနိုင်ငံနှင့် သဟဇာတ ဖြစ်စေရန် အတွက် ရည်ရွယ်၍ ရေးဆွဲခဲ့သည့် ဥပ ဒေတစ်ရပ်ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ အွန်လိုင်းစနစ်ဖြင့် ကုမ္ပဏီများ မှတ် ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း အာရှဖွံ့ဖြိုးရေးဘဏ်မှ နည်းပညာနှင့် ငွေကြေးများ ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*