တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ နှင့် တွေ့ဆုံခြင်း

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ နှင့် တွေ့ဆုံခြင်း
February 23, 2017 Asian Fame

4:22 pm
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ နှင့် တွေ့ဆုံခြင်း

Untitled-1 copy
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တို့၏ တစ်နှစ်တာ သက်တမ်းအတွင်း ဆောင်ရွက်မှုများ ကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်များနှင့် တွေ့ ဆုံမေးမြန်း၍ အပတ်စဉ်တင်ဆက်လာခဲ့ရာ၊ ယခုအပတ်တွင်မတော့ မြန်မာနိုင်ငံ၏ အဓိကကျသော တိုင်းဒေသကြီးတစ်ခုဖြစ်သည့် တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ တနင်္သာရီမြို့နယ် အမှတ်(၂)
မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေအား တွေ့ဆုံမေးမြန်း ခဲ့ခြင်းကို တင်ပြလိုက်ပါ သည်။

►တစ်နှစ်ပြည့်တော့မယ့် ဒုတိယအကြိမ် တနင်္သာရီတိုင်းလွှတ်တော်ရဲ့ဆောင်ရွက်မှု တွေကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအ နေနဲ့ ကျေနပ်အားရမှုရှိပါသလား။ အစ်ကို တို့ရဲ့ တိုင်းလွှတ်တော်က တိုင်းလွှတ်တော် အကြီးအကဲနှစ်ဦးကို သက်ဆိုင်ရာက စုံစမ်းစစ်ေ ဆးပေးဖို့ တိုင်းလွှတ်တော်ကိုယ် စားလှယ်တွေ စုပေါင်းလက်မှတ်ရေးထိုး တိုင်တန်းခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့တော့ အားရ ကျေနပ်မှုအပိုင်းမှာ ပြဿနာတွေရှိနေလား။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တိုင်တန်းမှုအရ အခုဆိုရင် ပါတီတာဝန်ရှိ သူတွေကလည်း စုံစမ်းစစ်ဆေးပြီးပါပြီ။ ဒီ တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်မပြောချင် ပါဘူး။ အရေးယူမှုတွေ ဘာတွေကိုလည်း မတွေ့ရသေးဘူး။ ဒီတော့ ဒီကိစ္စနဲ့ ပတ် သက်ပြီးတော့ ကျွန်တော် မဖြေချင်ဘူး။ တိုင်းလွှတ်တော်ကြီးတစ်ခုလုံးကို ခြုံငုံသုံး သပ်ပြီးပဲဖြေပါ့မယ်။ အားရကျေနပ်မှု ရှိပါ တယ်။ လွှတ်တော်သက်တမ်းက တစ်နှစ်မ ရှိတရှိလောက်ဖြစ်နေတော့ သက်တမ်း အားဖြင့်တော့ နုနယ်သေးတယ်။ သို့သော် လည်း အဲဒီသက်တမ်းအတွင်းမှာပဲ တိုင်း လွှတ်တော် အတွက် လိုအပ်တဲ့ဥပဒေတွေ ကို ပြဋ္ဌာန်းပေးဖို့၊ ဟောင်းနွမ်းနေတဲ့ ဥပ ဒေတွေကို ဖြည့်စွက်ပြင်ဆင်ပေးဖို့ စတာ တွေကို သုံးသပ်နိုင်ခဲ့ပါတယ်။ ကုန်လွန်ခဲ့ တဲ့ အချိန်အထိတော့ ဥပဒေတွေ တင်တာ မျိုး မရှိသေးပါဘူး။ ဒါပေမယ့် ရှေ့ကျင်းပမယ့်အစည်းအဝေးတွေ မှာ တိုင်းလွှတ် တော်အတွက် လိုအပ်တဲ့ဥပဒေတွေကို တင်နိုင်ပါလိမ့်မယ်။ အဓိကကတော့ စည် ပင်ဥပဒေကိုပြင်မယ်၊ နောက်တစ်ခါ ဘွဲ့ ထူးဂုဏ်ထူး၊ ပြီးတော့ ပင်လယ်ကမ်းနီးနဲ့ ပတ်သက်တဲ့ဥပဒေတွေကို ပြင်တာတို့၊ အ သစ်ပြဋ္ဌာန်းတာတို့ လုပ်ကြဖို့ပဲ ရှိပါတယ်။ ကုန်လွန်ခဲ့တဲ့ရက်တွေ လတွေမှာ လွှတ် တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ က ပြည်သူ့အကျိုးစီးပွားအတွက် မေးခွန်း တွေလည်း မေးနိုင်ခဲ့တယ်။ ဒါ့ကြောင့် ကျွန်တော် အားရတယ်လို့ဖြေပါတယ်။ ဒါ ပေမယ့်လည်းပဲ အစိုးရဘက်ကနေပြီး လွှတ်တော်ကို လာဖြေတဲ့ေ မးခွန်းတွေနဲ့ ပတ်သက်ပြီး အပြည့်အဝအားရကျေနပ်မှု မရှိခဲ့ပါဘူး။ ၅ဝ-၅ဝ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဘာလို့ အဲဒီလိုပြောရလဲဆိုရင် ဝန်ကြီးတွေကို သက်ဆိုင်ရာ ညွှန်ကြားရေး မှူးတွေက အဖြေတွေ ရေးပေးပါလိမ့်မယ်။ သို့သော်လည်း ဒီအဖြေတွေကို ဝန်ကြီးတွေ ကိုယ်တိုင်က မှန် မမှန်၊ ဟုတ် မဟုတ် မစိ စစ်ဘဲ ဖြေနေကြလားမသိဘူး။ မေးတာက တခြား၊ ဖြေတာကတစ်မျိုး၊ တချို့ဆိုရင် ဒေတာအချက်အလက်တွေတောင် လွဲနေ တယ်။ ကျွန်တော်တို့က တော်ရုံတန်ရုံ မေး ခွန်းမျိုးကို မမေးဘူးဗျ။ ခက်ခဲတဲ့မေးခွန်း တွေလောက်သာပဲ။ ဆိုလိုတဲ့သဘောက

ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းလို့ ရ တဲ့ကိစ္စတွေကို မမေးဘူး။ ပေါင်းစပ်ညှိနှိုင်း လို့ မရတဲ့ ကိစ္စတွေကို မေးတာပါ။

►ပြီးခဲ့တဲ့ ၂ဝ၁၅ အထွေထွေ ရွေးကောက် ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တနင်္သာရီတိုင်းထဲက မဲဆန္ဒနယ်မြေအား လုံးမှာ အနိုင်ရရှိခဲ့တဲ့အတွက် တိုင်းလွှတ် တော်ဟာ NLD စိုးမိုးတဲ့ လွှတ်တော်ဖြစ်နေ တယ်။ အခြားအတိုက်အခံလုပ်မယ့် နိုင်ငံ ရေးပါတီလည်း
မရှိဘူး။ ဖွဲ့စည်းပုံအရ ရှိ ထားတဲ့ တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်တွေပဲ ရှိတယ်။ ဒီတော့ သူတို့ရဲ့ ပူးပေါင်းမှု၊ ဒီဘက်ကလည်း သူတို့နဲ့ ပူး ပေါင်းမှု ဘယ်လိုရှိနေကြလဲ။

ကျွန်တော်တို့ လွှတ်တော်ကိုယ်စား လှယ်တွေက ကျွန်တော်တို့ အကြီးအကဲရဲ့ မှာကြားချက်။ ဒါကို တစ်သဝေမတိမ်း လိုက်နာတယ်။ အမျိုးသားရင်ကြားစေ့ရေး ဒါကို အလေးထားတယ်။ လူ့ယဉ်ကျေးမှု အရလည်း တစ်ဖက်နဲ့ တစ်ဖက် အာဃာတ တွေ၊ အမုန်းတရားတွေ နဲ့ ရန်စောင်ဖို့မသင့် လျော်ဘူး။ ဒီတော့ ကျွန်တော်တို့လည်း သူ တို့နဲ့ ပူးပေါင်းဆောင်ရွက်တယ်။ သူတို့က လည်း ကျွန်တော်တို့နဲ့ တော်တော်လေးကို မထင်ထားလောက်အောင် ပူးပေါင်းဆောင် ရွက်တယ်။ တစ်ခါတလေများဆိုရင် ကျွန် တော်တို့မေးရမယ့် မေးခွန်းတွေကို သူတို့ မေးပေးသွားတယ်။ ပြီးတော့ အပြုသဘော ဆောင်တဲ့ ဆွေးနွေးမှုတွေလည်း လုပ်ကြ တယ်။ ဒီတော့ တိုင်းလွှတ်တော်ထဲ တပ်မ တော်သားလွှတ် တော်ကိုယ်စားလှယ်တွေနဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပူးပေါင်းမှုဟာ အကောင်းဘက်ရှိနေတယ် လို့ပဲ ပြောချင်ပါတယ်။

►ဒီတစ်ခါ မေးခွန်းက တိုင်းအစိုးရရဲ့ လုပ်ပုံ ကိုင်ပုံတွေအပေါ် ဘာများဝေဖန်စရာရှိလဲ။

ဝေဖန်စရာ ကြီးကြီးမားမားမရှိဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းအစိုးရက သက် တမ်းသာနုနေတာ။ သူ့ရဲ့ ကိုင်တွယ်ပုံ၊ သူ့ ရဲ့ ဆောင်ရွက်ပုံတွေက လူထုကို မျက်ခုံး ပင့်စေခဲ့တယ်။ ဘတ်ဂျက်အများဆုံး အ သုံးပြုရတဲ့ ဆောက်လုပ်ရေးက လမ်းဦးစီး ဌာနကို တိုင်းအစိုးရ က နိုင်နိုင်နင်းနင်းကိုင် တွယ်သွားနိုင်ခဲ့တယ်။ ခေါ်ယူပြီး အရေးယူ တာမျိုးတွေ၊ သတိပေးတာမျိုးတွေလည်း လုပ်ခဲ့တော့ ယနေ့တနင်္သာရီတိုင်းအတွင်း က ဖောက်လုပ်ဆဲလမ်းတွေ၊ ပြုပြင်ဆဲလမ်း တွေဟာ အရင်ကနဲ့ကို ဘာမှမဆိုင်ဘူး။ ဒီတော့ တိုင်းကလူတွေက တိုင်းအစိုးရ ရဲ့ လုပ်ပုံကိုသဘောကျကြတယ်။ နောက်တစ် ခု ထင်သာမြင်သာရှိတာကတော့ မြေယာ ကိစ္စပဲ။ ကျွန်တော်တို့ တိုင်းအတွင်းက ပြဿနာ ၁ဝဝ မှာ ၈ဝ လောက်ကမြေယာ ပိုင်ဆိုင်မှုအငြင်းပွားတဲ့ ပြဿနာ။ ဒါကို တိုင်းအစိုးရက ကိုင်တွယ်တော့မယ်လို့ ကြေညာပြီး ခုကိုင်တွယ်နေပြီ။ ဒါကိုလည်း တိုင်းကလူထုတွေက သဘောကျကြတယ်။ ကျွန်တော်တို့တိုင်းမှာ နေရာတွေ ရယူထား ကြတဲ့သူတွေ အများကြီးရှိတယ်။ တချို့က လည်း စိုက်ပျိုးတယ်၊ တချို့ကလည်း မ စိုက်ပျိုးဘဲနဲ့ ပစ်ထားတာတွေ အများကြီး ရှိတယ်။ ဒီကိစ္စကို ပြီးခဲ့တဲ့အစိုးရကတောင် မကိုင်တွယ်ခဲ့ဘူး။ ဒါကို ခုတိုင်းအစိုးရက နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ပါ့မလားဆိုတဲ့ စောင့်ကြည့်မှုတွေလည်း ခံနေရပါတယ်။

►တိုင်းအတွင်း တရားဥပဒေစိုးမိုးမှုအပိုင်း။ ဒီအပိုင်းမှာ တိုးတက်ပြောင်းလဲမှုတွေ ရှိ လာသလား။

တာဝန်ရှိ ရဲတပ်ဖွဲ့မှူးတွေရဲ့ အစီရင်ခံ စာတွေအရတော့ ရာဇဝတ်မှုတွေဟာ တိုင်းအတွင်းမှာ ကျဆင်းသွားတယ်။ အ ရင်ကထက်ကိုကျဆင်းသွားတာနော်။ အင် တာနက်စာမျက်နှာတွေမှာတော့ အမှုတွေ အရမ်းများနေတာကို တွေ့နေရတယ်ဗျာ။ အရင်တုန်းက အဲဒီလို မသိခဲ့တာလည်း ပါ မှာပေါ့။ ကိန်းဂဏန်းအရတော့ တော်တော် လေး ကျဆင်းသွားတယ်။ ဒါကတော့ ရာဇ ဝတ်မှုအပိုင်းပေါ့ဗျာ။ တရားဥပဒေစိုးမိုး မှုအပိုင်းမှာတော့ နည်းနည်းတော့ လိုသေး တယ်ဗျ။ ဒါကလည်း အားလုံးပူးပေါင်းပြီး လုပ်ကြရမှာပေါ့ဗျာ။ အားလုံး ထင်သာမြင် သာရှိနိုင်မယ့် ဥပမာတစ်ခုကို ကျွန်တော် ပြောပြမယ်ဗျာ။ ဆိုင်ကယ်ဦးထုပ်ဖမ်းတဲ့ ကိစ္စပေါ့။ မဆောင်းရင် ဖမ်းရမှာက ရဲအ လုပ်။ ဆောင်းကိုဆောင်းရမယ်လို့ အသိ ဝင်ဖို့က ပြည်သူအလုပ်။ အဲဒီနှစ်မျိုးစလုံး ဖောက်ဖျက်လို့မရဘူး။ ပြည်သူက ဦးထုပ် ဆောင်း၊ မစီးရင် ရဲက ဖမ်းကို ဖမ်းရမယ်။ ဒီနေ့ဖမ်းလိုက်၊ မနက်ဖြန်မဖမ်းလိုက် လုပ် လို့ကိုမရဘူး။ ပြည်သူကလည်း ဆိုင်ကယ် ဦးထုပ်ဆောင်းမလာရင် ဖမ်းဆီး အရေးယူ ခြင်း ခံကိုခံရမယ်၊ ထိုက်သင့်တဲ့ ဒဏ်ငွေကို ပေးဆောင်ရမယ်။ ရှောင်လွှဲလို့ မရဘူး။ ထိုက်သင့်တဲ့ဒဏ်ငွေကလည်း တ ကယ်ကို အစိုးရဆီ ရောက်သွားရမယ်။ အဲဒီ ကဏ္ဍမှာတောင်မှ စနစ်တကျ မရှိဘူး။ ဒီတော့ အခြားမှာလည်း လိုအပ်ချက်တွေရှိနေ မှာပေါ့။

►တနင်္သာရီတိုင်း ဖွံ့ဖြိုးတိုးတက်ဖို့ အရေး တကြီး ဘာတွေလုပ်သင့်တယ်လို့ ထင်သ လဲ။

ကျွန်တော်တို့ တနင်္သာရီက ၁ဝ မြို့ နယ်က ၈ မြို့ဟာ ရေလုပ်ငန်းအများဆုံး လုပ်ကြတယ်။ ဒါ့ကြောင့် ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ဖို့အတွက် တိုင်းလွှတ်တော်က ရော၊ ပြည်ထောင်စုလွှတ်တော်ကရော လို အပ်တဲ့ ဥပဒေတွေ၊ လိုအပ်တဲ့ နည်းဥပဒေ တွေကို ဆောင်ရွက်ပေးဖို့လိုတယ်။ တစ် ဖက်ကလည်း အကောင်အထည်ဖော် ဆောင်ရွက်ကြသူတွေရဲ့အပိုင်း။ ဥပဒေ တွေကို ကျော်လွန်ဖောက်ဖျက်မှုမရှိအောင် ဆောင်ရွက်စေချင်တယ်။ ဒါက အရေးတ ကြီး လုပ်ရမယ့်အပိုင်း။ နောက်တစ်ခုက စိုက်ပျိုးရေး။ ကျွန်တော်တို့ တနင်္သာရီ တိုင်းမှာ စိုက်ပျိုးရေးကောင်းကောင်း လုပ်နိုင်ရင် အများကြီး ဖွံ့ဖြိုးသွားလိမ့်မယ်။ နောက်တစ်ခုကျန်သေးတယ်။ အဲဒါက တော့ ခရီးသွားလုပ်ငန်းပဲ။ ဘာမှ မလုပ်ရ သေးတဲ့ မြိတ်ကျွန်းစုတွေ အများကြီးရှိ သေးတယ်ဗျ။ ဒါတွေကို ခရီးသွားလုပ်ငန်း တွေ လုပ်နိုင်ရင်တော့ ဒေသကပိုပြီး ဖွံ့ဖြိုး သွားမှာပေါ့။ နောက်တစ်ချက် ဖြည့်စွက် ပြောချင်တာက ပင်လယ်ပြင် တရားဥပဒေ စိုးမိုးရေး။ ဒါကိုလည်း တိတိကျကျကိုင် တွယ်စေချင်တယ်။ အချို့က ကမ်းဝေးပြော ပြီး ကမ်းနီးမှာဖမ်းနေကြတော့ တစ်ပိုင် တစ်နိုင် လုပ်စားနေသူတွေ တော်တော့်ကို ခက်ခဲနေတယ်လို့ ကြားသိနေရတယ်။

►တနင်္သာရီတိုင်းအတွင်းမှာ မူးယစ်ဆေး ပြဿနာရော ဘယ်လိုရှိနေလဲ။

အစိုးရသစ် တက်ပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်း မူးယစ်အမှု တော် တော်လေး ကျသွားတယ်။ အမှုအရေအ တွက် ကျသွားတာကို ပြောတာနော်။ ဒါ ပေမယ့် တစ်ခါမှ မကြားဖူးတဲ့ အမှုတွေ လည်း ရှိလာတယ်။ အရင်တုန်းကဗျာ။ ၁ဝ မှု ဖြစ်တယ်ဆိုရင် ခု ၅ မှုပဲဖြစ် တယ်ဗျ။ အဲဒီ ၅ မှုက အကြီးကြီးတွေဗျ။ ကျွန်တော် တို့ဆီကို ငခန တွေတောင် ဝင်လာသေး တယ်။ အရင်တုန်းက မြင်းဈေးလောက်ပဲ ရှိတယ်။ အခုတော့ နာမည်သစ်တွေတောင် ဝင်နေပြီပေါ့။ တိုင်းအတွင်းက လူငယ်တွေ အတွက် စိုးရိမ်တယ်။ နောက်တစ်ခု ထူး ခြားချက်က မိပြီဆိုတာနဲ့ နောက်ဆက်တွဲ ကွင်းဆက်တွေ ဖော်ထုတ်နိုင်တာ နည်း တယ်။ ရဲတွေလည်း လုပ်တော့ လုပ်နေ တာပဲဗျ။ လုပ်နေရင်းနဲ့ကို မိနေတာ ဒီလို တွေတော့ ရှိပါတယ်။

ဟုတ်ကဲ့ အခုလို ဖြေပေးတာကို ကျေးဇူး တင်ပါတယ်။

မင်းသုအောင် မေးမြန်းသည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*