9:14 am
တရားတစ်ဖက် ဓားတစ်ဖက်
ရှေးလွန်လေပြီးသော နှစ်ပေါင်း တစ်သိန်းငါးသောင်းအထက်ကာလတစ်ဝိုက် (ဘီစီ ၁၅ဝဝဝဝ) တွင် ကျွန်ုပ်တို့၏ ဘိုးဘွားရှေးဦး လူသားများသည် မူလက ကိုယ် လုံးတီးနေခဲ့ကြရာမှ အဝတ်အစား စတင် ဝတ်ဆင်စပြုခဲ့ကြပြီဟု ပညာရှင်အချို့က တွက်ချက်ခန့်မှန်းကြသည်။ ဤသည်မှာ ရှေးဦးလူသား ၏အသိÓဏ်၌ ဟီရိသြတ္တပ္ပတရား ဝင်ရောက်စွဲကပ်လာခြင်းဟု ယူနိုင်သည်။ အဟိတ်တိရစ္ဆာန်လိုလုံး တီးနေခြင်းကို မကောင်းမှု အပြစ် ဒုစရိုက်ဟု သိမြင်ယုံကြည်လာခြင်း ဖြစ်သည်။
မိမိ၏မိမွေးတိုင်း ဖမွေးတိုင်း ကိုယ်ခန္ဓာဆီမှ ရှက်ကြောက် ရွံ့ရှာဖွယ်အင်္ဂါအစိတ်အပိုင်းများ ကို ဖုံးကွယ်ကာဆီးခြင်းသည် မ ကောင်းမှု ဒုစရိုက်ကို ရှောင်ကွင်း ပစ်ပယ်ခြင်းဟု ခံစားလာရခြင်းမျိုး လည်းဖြစ်မည်။ သို့သော် မကောင်းမှု ဒုစရိုက်ကို ရှောင်ကွင်းရုံမျှဖြင့် ကောင်းမှုဒုစရိုက်ဖြစ်လာမည် ဖြစ် မလာမည်ဟူ၍ကား ခွဲခွဲခြားခြား ပြတ်သားသိမြင်ကြဦးမည်မဟုတ်။ ထို့အတူပင်…မိမိနှင့် မျိုးတူ သဏ္ဌာန်တူ သတ္တဝါတစ်ဦး (သို့ မဟုတ်) အများကိုသတ်ဖြတ် ခြင်း၊ မိမိနှင့် မျိုးမတူသဏ္ဌာန်ကွဲ အခြား သတ္တဝါများကို သတ်ဖြတ်ခြင်း၊ သူ တစ်ပါး၏ ပစ္စည်းဥစ္စာကို အကြမ်း ဖက်လုယက်ခြင်း(သို့မဟုတ်) တိတ် တဆိတ်
ခိုးယူသိမ်းပိုက်ခြင်းတို့ကို မကောင်းမှုဟု သိမြင်လက်ခံမှာမဟုတ်။ သူတစ်ပါးပိုင်ဆိုင်ရာ ဣတ္ထိ ယမိန်းမသားတို့အပေါ် အနိုင်ကျင့် စော်ကားခြင်းကိုလည်း မကောင်းမှု ဟု မြင်ချင်မှ မြင်မည်။ မုသားသုံး လှည့်ဖျားခြင်းကိုလည်း မကောင်းမှု ဟု ခံစားရမှာမဟုတ်။ သတ်ခြင်း၊ ခိုးခြင်း၊ လိမ်ခြင်း၊ ဗလက္ကာယပြု ခြင်းတို့သည် မိမိလောဘအလိုကို ဖြည့်ဆည်းသည့်သဘောကိစ္စဟု သာထင်ခဲ့လိမ့်မည်။
ဆိုခဲ့သော အချိန်ကာလတစ်ဝိုက်မှာပင် ရှေးလူတို့သည် Paganism ခေါ်သက်မဲ့တော တောင်သစ်ပင်၊ မြစ်ချောင်းပင်လယ်တို့ကို ကြောက် ရွံ့ကိုးကွယ်ကြသည့်ဓလေ့ကို ကျင့် သုံးစပြုပြီဟု ပညာရှင်များက ခန့်မှန်းသတ်မှတ်ကြသည်။ ဤအစဉ်အလာမှ …ရှေးခေါမလူမျိုးတို့ သည် ‘ပိုဆိုက်ဒုံ’ Poseidon ဟူသော မမြင်မတွေ့ရသည့် နာနာဘာဝတစ်မျိုးကို သမုဒ္ဒရာစောင့်နတ်မင်းကြီးအဖြစ် ကိုးကွယ်ယုံကြည်ကြသည့်ဓလေ့ ဖြစ်ထွန်းလာသည်။ ယနေ့ ၂၁ ရာစုခေတ်သစ်သတ္တဝါ သင်္ဘောသားတစ်ဦးပင်လျှင် ပိုဆိုက်ဒွန်ဆိုသည်နှင့် သမုဒ္ဒရာစောင့်နတ်မင်းကြီးအဖြစ် သိမြင်လိုက်ပြီဖြစ်သည်။ ကျွန်ုပ်တို့ကလည်း ”မဏိ မေခလာ”ကို ပင်လယ်စောင့်နတ် သမီးကြီးအဖြစ် ယုံကြည်နေတတ် ကြသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ် ပင်လယ်ပိုင်းဒေသမှ လူအများက ရေနစ်သေရှာသော မောင်ရှင်ဆိုသူကို ”ရေငန်ပိုင်ဦးရှင်ကြီး”ဟူသော နတ်တစ်ပါးအဖြစ် ယနေ့တိုင်ကိုးကွယ်ဆည်းကပ်ကြခြင်းကို ကျွန်ုပ်တို့က ပြစ်တင်ရှုတ်ချဖို့မလို။ သူတို့ သည် မလုံ့တလုံဝတ်စားထားသော ရှေးလူမှ ပေါက်ဖွားဆင်းသက်ခဲ့ကြ သော သားသမီးမြေးမြစ်များပင် မဟုတ်ကြပါသလော…။
ကမ္ဘာဦးက ရှေးလူ၏ အမူအကျင့်တွေကို ခေတ်သစ်လူသားက ဆက်လက်ကျင့်သုံးခြင်းကို ရှေးကျသည်၊ လွဲမှားသည်၊ အယူသည်းသည်ဟု အပြစ်ကိုဆိုရုံမျှဖြင့် ဓလေ့ တစ်ခုပပျောက်သွားအောင် မဖျက် ဆီးနိုင်။ ထိုဓလေ့၏ ကောင်းကျိုး ဆိုးပြစ်တွေကို ယုတ္တိယုတ္တာနှင့် လက်တွေ့၊ မျက်တွေ့ ဖြေရှင်းဖော် ထုတ်နိုင်ရမည်။ ထိုဓလေ့နေရာမှာ ကောင်းမွန်မှန်ကန်သော ဓလေ့ သစ်တစ်ခုကို ခိုင်ခိုင်မာမာ အစား ထိုးပြနိုင်ရမည်။ ကောင်းမွန်မှန် ကန်သော ဓလေ့သစ်တစ်ခု အစားမထိုးနိုင်လျှင်.. ဘိုးစဉ်ဘောင် ဆက်အရိုးစွဲနေသော ဓလေ့ဟောင်း၊ ဓလေ့ပျက်တွေက ”ကတ္တရာလမ်း ပေါ်နွားလှည်းမောင်းသလို” အဆီ အငေါ်မတည့် ရှင်သန်နေကြဦးမှာ ဖြစ်သည်။
ကျွန်ုပ်တို့၏ဓလေ့သည် ကျွန်ုပ် တို့၏ ဗီဇနိယာမမှာ ဖြစ်ဖျားခံသည်။ ကျွန်ုပ်တို့၏ ဗီဇနိယာမသည် မွေး သည်မှ သေသည်အထိ စွဲမြဲရှင်သန် နေသော ကျွန်ုပ်တို့၏အလိုလောဘ ဖြစ်သည်။ ရှေးလူက မိုးကြိုးပစ်မှာ ကြောက်၍ မိုးကြိုးမပစ်အောင် (မိုးကြိုးမပစ်စေလိုသော ဆန္ဒဖြင့်) မိုးနတ်မင်းကြီးကို ဆည်းကပ်ကော် ရော်သကဲ့သို့.. ကျွန်ုပ်တို့ကလည်း ဝင်ငွေရပေါက်ရလမ်း၊ လာဘ်လာ ဘရရှိလိုသော အလိုဆန္ဒဖြင့် နတ် ဒေဝါတွေ၊ ဘိုးတော်တွေ၊ ယောဂီ ရသေ့တွေထံ ဆည်းကပ်ဝပ်တွား နေကြသည်။ ရှေးလူက အလိုလော ဘဖြင့် အခြားရှေးလူကို အနိုင်အ ထက် သတ်ဖြတ်ကာ ပစ္စည်းဥစ္စာ၊ သားမယားတို့ကို အဓမ္မသိမ်းပိုက်ခဲ့ သလို ကျွန်ုပ်တို့ကလည်း ဒီဝီဇံတပ် မကြီးများဖြင့် တစ်ပါးသူတို့၏ နယ် မြေထဲသို့ ဒရကြမ်းတိုးဖောက်ဝင် ရောက် တိုက်ခိုက်စီးနင်းကြသည်။ လူကိုသတ်၊ မြေကိုသိမ်း၊ အညံ့ခံ သူကို ကျွန်ပြု၊ အားနွဲ့သူတို့ကို အနိုင်ကျင့်ကြသည်။ ရှေးလူတို့သည် တရားမျှတမှုကို မသိရှိ၊ နားမလည် ကြချေ။
ကျွန်ုပ်တို့ကမူ တရားမျှတမှုကို ကောင်းစွာ နားလည်ကြပါလျက် ”အင်အားသည်သာ အမှန် တရား” ဟု ခံယူပြီး တရားမျှတမှုကို မျက်ကွယ်ပြုကြသည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဂျပန်ဘုရင့်လေတပ်က အမေရိကန် ပိုင်နက် ဟာဝိုင်ယီကျွန်းကို အလစ် အငိုက်မှာ မှုန့်မှုန့်ညက်ညက်ကြေ အောင် ဗုံးကြဲတိုက်ခိုက်သည်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်မှာတော့ အမေရိကန်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ်သို့ အဏုမြူဗုံးကို ကြဲချလိုက်သည်။ တစ်ဖန် သြဂုတ် ၉ ရက်နေ့တွင် အမေရိကန်က ဂျပန်နိုင်ငံ နာဂါဆာကီမြို့ပေါ်သို့ အဏုမြူဗုံးတစ်လုံး ကြဲချလိုက်ပြန်သည်။ သို့ဖြင့် သြဂုတ်လ ၁၄ ရက် နေ့မှာ ဂျပန်သည်ြ>ွခင်းချက်မရှိ လက်မြှောက် ဒူးထောက်လိုက်ရ သည်။ ဤဥပမာက ကျွန်ုပ်တို့၏ ခေတ်သစ်ကမ္ဘာတွင် တစ်ချိန်ချိန် တစ်နေ့နေ့မှာ လူသားအားလုံး၏ ကံကြမ္မာကို အဏုမြူလက်နက် အင်အားကြီးသောနိုင်ငံက ဆုံးဖြတ် လိမ့်မည်ဟု အသေအချာ ညွှန်းပြ နေသည်။ သို့သော် ယခုအခါ အ ဏုမြူလက်နက်ပိုင်ရှင်နိုင်ငံတွေ မှို လိုပေါက်နေရာ သူသေကိုယ်သေ အဆုံးအဖြတ်စစ်ပွဲကြီး Total War သာဖြစ်ပွားလျှင် (ကျမ်းဂန်မှာပါရှိသည့်အတိုင်း) မီးဖြင့် ပျက်သော ကမ္ဘာအဖြစ် ကျွန်ုပ်တို့၏ တစ်ခုတည်းသော ဤကမ္ဘာမြေသည် နေ စကြဝဠာကြီးထဲတွင် အမှုန်အမွှားကလေးအဖြစ် လွှင့်မျောနေသော ဘဝသို့ ကျရောက်သွားမှာ သေချာ သည်။ ဤအဖြစ်မျိုးကို သေမထူး နေမထူးအစွန်းရောက်စစ်ဝါဒီတစ်စုကသာ လိုလာကြမည်ဖြစ်ပြီး အ များစု ကမ္ဘာသူ ကမ္ဘာသားတွေက မလိုလားကြ။ သို့ရာတွင် အများစု ကမ္ဘာသူ ကမ္ဘာသားတွေက မိမိတို့ ရရှိထားသော ကမ္ဘာမြေ၏ ကံကြမ္မာကို ဆုံးဖြတ်ခွင့်မရှိရှာကြပါ။
ကမ္ဘာမြေကို လှပစွာ အဓွန့် ရှည်စေလိုသူတွေက အများစုဖြစ် သော်လည်း လူနည်းစု ဖြစ်ပါလျက် အလိုဆန္ဒကြီးမားပြီး သြဇာအာ ဏာ စူးရှထက်မြက်သူတွေကသာ ကျွန်ုပ်တို့၏ ကံကြမ္မာကို ဖန်တီး နိုင်ကြသည်။ အလွယ်ဆုံးဥပမာ ပေးရသော်…(၁၉)ရာစုတုန်း က မြန်မာနိုင်ငံကို သိမ်းပိုက်လို သူများမှာ ဗြိတိသျှတစ်မျိုးသားလုံး မဟုတ်။ ဗြိတိသျှဘုရင်မနှင့်တကွ လက်တစ်ဆုပ်စာမျှသာရှိသော မှူး ကြီးမတ်ရာများ၊ အရင်းရှင်ကြီးများ၊
အခွင့်အရေးသမားများသာ ဖြစ် ကြသည်။ (ဖြစ်နိုင်လျှင်) သူတို့က ဤကမ္ဘာမြေပြင်တစ်ခုလုံးကို တစ် လက်မမျှမကျန်အောင် စိုးမိုးချင်ခဲ့ ကြသည်။
ကမ္ဘာဦးအစမှ ယနေ့ထက်တိုင် တစ်ကမ္ဘာလုံးကို စိုးမိုးချုပ်ကိုင်နိုင်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်စုံတစ် ရာ၊ နိုင်ငံအုပ်စုဟူ၍ မရှိသေး။ ”စကြဝဠာသခင်” Master of Universe ဟူသည် စိတ်ကူးယဉ် ဝေါဟာရမျှသာ ဖြစ်သည်။ မိသားစု တစ်စုကို လွှမ်းမိုးအုပ်စီးထားသော အိမ်ထောင်ဦးစီး အာဏာ ရှင်များကတော့ ကမ္ဘာအနှံ့အပြား မှာ ရှိကြသည်။ နိုင်ငံငယ်တစ်ခုကို လက်သီးဆုပ်ထဲမှာ ချုပ်ထားသည့် စစ်တပ် ကျောထောက်နောက်ခံ ပြုထားသော အာဏာရှင် ခေါင်း ဆောင်က အနည်းငယ်မျှတော့ ရှိ ကြသည်။ ထိုသို့သော မသူတော် အာဏာရှင်များ၏ သက်တမ်းသည် မရှည်လျားနိုင်ပါ။ သူတို့၏ အလို ဆန္ဒ တချို့တဝက်ပြည့်ရုံမျှသာ သက်ဆိုးရှည်နိုင်ကြပါသည်။ သို့ ပါသော်လည်း ဖိနပ်ချုပ်သမားတစ် ယောက်၏ သားဘဝမျှ ကမ္ဘာပေါ် တွင် မြေပထဝီအားဖြင့် အကျယ် ပြန့်ဆုံး အကြီးမားဆုံးဖြစ်ကာ ရုရှားနိုင်ငံကြီးကို နှစ်ပေါင်း ၃ဝ လောက်ချုပ်ကိုင်သွားခဲ့သည့် အာဏာရှင် ”ဂျိုးဇက်စတာလင်”ကို တော့ြ>ွခင်းချက်အားဖြင့်သာ အသိ အမှတ်ပြုမည်ဖြစ်သည်။ ကမ္ဘာတုန်အောင် ထင်ရှားကျော်ကြားသော် လည်း သူ၏သမိုင်းတွင်သော လူ သတ်ဝါဒကြောင့် သူ့ခမျာသေပြီး သမိုင်းဝင်နေရာမှာ အုတ်ဂူသွင်းခံ ခဲ့ရပြီးကာမှ သူ့အုတ်ဂူကို ဖျက်သိမ်းရွှေ့ပြောင်းခြင်း ခံလိုက်ရ သည်။ အာဏာ အလိုရမ္မက်ပြင်းပျ သည့် နောက်ဆက်တွဲဆိုးကျိုးသည် အရိုးစုကိုပင် သက်ညှာခွင့်မပေးဟု သံဝေဂယူစရာပင်ဖြစ်သည်။ သူ့ ကြောင့် ပျက်စီးခဲ့ရသော သန်းချီ သည့် ဘဝများသည်လည်း ရှင်သန် ထမြောက်ခြင်း မပြုနိုင်ခဲ့ကြတော့ပေ။
သူတောင်းစားတစ်ယောက် အလိုကြီးလျှင် နေ့ရော ညပါခွက် ဆွဲ၍ လျှောက်တောင်းနေရုံသာ ရှိမည်။ သူဌေးသြူ<ွကယ်တစ်ဦး အ လိုကြီးပါက လူမွဲတွေ ပိုမိုမွဲညစ် လူဖြစ်ရှုံးကုန်ကြမည်။ အများဆိုင် နိုင်ငံ့ဘဏ္ဍာတွေ လုံးပါးပါးကုန်ကြ မည်။ (နောက်ဆုံးအားဖြင့်) ကျူး ကျော်သိမ်းပိုက်ရေးအဓမ္မစစ်ပွဲများ ဆီသို့ ဦးတည်သွားနိုင်သည်။ သူ တောင်းစားလောဘကြီးလျှင် ခဲ ဖြင့် ဝိုင်းပေါက်ပြီး နှင်ထုတ်ခံရ တတ်သည်။ သူဌေးသြူ<ွကယ် လော ဘကြီးလျှင်လည်း နရသိန်ထောင် နန်းမှာ စံမြန်းရတတ်သည်။ သူ တောင်းစား လောဘမကြီးလျှင် လည်း ထမင်းနပ်မှန်အောင် စားနိုင်မည်။ သူဌေးသြူ<ွကယ် လောဘ မကြီးလျှင်လည်း အခြေအနေမ ပျက်တင့်တောင့်တင့်တယ် နေမြဲ နေနိုင်မည်။
တိုင်းရင်းသား မျိုးကွဲမျိုးစုံ များပြားစုရုံးနေထိုင်ကြရာ ကျွန်ုပ် တို့၏ ပြည်ထောင်စုမြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက်မှ လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ခု နှစ်မှစ၍ ယနေ့အထိ ငြိမ်းချမ်း ရေးမရရှိနိုင်သေးခြင်းမှာ အထက်တွင် တောက်လျှောက်ဆိုခဲ့သော အလိုလောဘကြောင့် ဖြစ်သည်ဟု ပြောရဲပါသည်။ (၁၉၄၇)၊ (၁၉၇၄)၊ (၂ဝဝ၈) အခြေခံဥပဒေသုံးခုစလုံး အလိုလောဘများနှင့် ရင်ဆိုင်ခဲ့ကြ ရသည်ချည်းပင်ဖြစ်သည်။ လက်ရှိ အသက်ဝင် အသုံးပြုနေဆဲ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို လက်မခံ နိုင်ကြသူများသည် သူတို့၏ အလို လောဘနှင့်မကိုက်ညီ၍ဖြစ်ကြောင်း ထင်ရှားသည်။ ”မကိုက်ညီခြင်း”၏ အဓိပ္ပာယ်မှာ မိမိတို့လိုသလောက် မရရှိခြင်းဖြစ်သည်။ ကောင်းကင် က ဖိုးရွှေလမင်းကြီးပေးနိုင်သည်မှာ အေးမြကြည်လင်သော အလင်း ရောင်မျှသာဖြစ်သည်။ ”ထမင်းဆီ ဆမ်း ရွှေလင်ပန်း”ကိုတော့ ဖိုးရွှေ လမင်းကြီးက ဘယ်သောအခါများ မှ ပေးနိုင်မည်မဟုတ်ပါ။ ရွာတစ် ရွာမှာ သူကြီးက အရက်ဆိုင်ဖွင့်ရန် ခွင့်ပြုထားခဲ့ချိန်မှာ
ဘိန်းပါရောင်း ခွင့်ပြုပါဟု တရားလက်လွတ် တောင်းဆိုလျှင် မဖွယ်မရာ ကြံစည်မှုနှင့် ထိပ်တုံးအခတ်ခံရနိုင်သည်။ အကယ်၍ သူကြီးကိုယ်တိုင် လျှို့ ဝှက်ဘိန်းခန်းဖွင့်ထားသည်ဆိုလျှင် လျှင်တော့ ထိုသူကြီးကိုသာ အပြုတ်နှံကြရုံသာ ရှိတော့သည်။
ကျွန်ုပ်တို့၏ နိုင်ငံသည် လက် နက်ကိုင် ပုန်ကန်မှုစစ်ပွဲများကြောင့် နိုင်ငံသူနိုင်ငံသားများ၏ စိတ်နှလုံး ချမ်းမြေ့မှုကို မဆောင်ကြဉ်းနိုင်ခဲ့ ပါ။ စစ်ပွဲများ၏ ရလဒ် အရိုးစုပုံ ပေါ်မှာ စံအိမ်ကို စိန်ဖြင့် မွှန်းခွင့် ကြုံသူအချို့ရှိခဲ့ပါသည်။ အဆိုးရွား အနစ်နာဆုံးမှာ တိုင်းပြည်တည် ဆောက်ရေးအတွက် အသုံးပြုခွင့် မရပါဘဲ စစ်စရိတ်အဖြစ် သယံဇာတတွေ မခန့်မှန်းနိုင်လောက် အောင် ဆုံးရှုံးခဲ့၊ ဆုံးရှုံးနေဆဲဖြစ် ပါသည်။ နိုင်ငံ့ဂုဏ်သိက္ခာနှင့် ပတ်သက်လျှင် ”ြေ<ွကးထူမပူ၊ ပွေးထူ မယား” ဟူသော စာဆိုကလေးအတိုင်း ကျွန်ုပ်တို့ မျက်နှာပူပူနှင့် အ ရေထူခဲ့ကြပါပြီ။ ကျွန်ုပ်တို့၏ နိုင်ငံသား လူငယ်မောင်မယ် အမြောက် အမြားသည် လူသားသက်ရှိ သယံ ဇာတများအဖြစ် အိမ်နီးချင်းနိုင်ငံ အချို့မှာ အသုံးတော် ခံနေကြရရှာ ပါသည်။ ကျွန်ုပ်တို့၏ နိုင်ငံသည် တဖြည်းဖြည်းနှင့် လူသားရင်းမြစ်
ံကာညေ Human Resources ရှားပါးသော ”ကာကဝလ္လိယနိုင်ငံ” ဖြစ်လာနေသည်ဟု ခံစားနေမိသည်။ ဤဘဝဆိုးမှ ရုန်းထဖို့ ကျွန်ုပ်တို့ စိတ်တူကိုယ်တူ ညီညွတ်ပေါင်းစည်းကြရပါလိမ့်မည်။
လက်ရှိဒီမိုကရေစီ အစိုးရသည် ဒီမိုကရေစီ တရားဓမ္မ သက်သက် ချည်းဖြင့်သာနေ၍မရ။ လက်တစ် ဘက်က လက်သီး လက်မောင်း တန်းနေစဉ်.. ကျန်လက်တစ်ဖက်က ထက်လှစွာသော ဓားသန်လျက် ကို မြဲမြဲတင်းတင်း ဆုပ်ကိုင်ထားရ ပေမည်။ ဘေးအန္တရာယ်တွေ့သည် နှင့် ထက်ထက်မြက်မြက်၊ သွက် သွက်လက်လက် ခုတ်ပိုင်းပြီးသား ဖြစ်ရမည်။ ။
ကြူးနစ်