မြန်မာတွင် ပတ်ဝန်းကျင်ကြောင့် ဖြစ်သည့် တုံ့ပြန်စိတ်ကျရောဂါ ဖြစ်ပွားမှု အများဆုံး

မြန်မာတွင် ပတ်ဝန်းကျင်ကြောင့် ဖြစ်သည့် တုံ့ပြန်စိတ်ကျရောဂါ ဖြစ်ပွားမှု အများဆုံး
October 21, 2016 Asian Fame

9:01 am
မြန်မာတွင် ပတ်ဝန်းကျင်ကြောင့် ဖြစ်သည့် တုံ့ပြန်စိတ်ကျရောဂါ ဖြစ်ပွားမှု အများဆုံး
In Health

မြန်မာတွင် ပတ်ဝန်းကျင်ကြောင့် ဖြစ်သည့် တုံ့ပြန်စိတ်ကျရောဂါ ဖြစ်ပွားမှု အများဆုံး

ဧကရီကျော်
ရန်ကုန်၊ အောက်တိုဘာ ၁၄

စိတ်ကျရောဂါများစွာရှိသည့်အနက် ပတ်ဝန်းကျင်ကြောင့်ဖြစ်သည့် တုံ့ပြန်စိတ်ကျရေဂါသည် ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး အဆိုပါရောဂါကြောင့် လူမှုရေး၊ စီးပွား ရေး၊ မိသားစုအရေးများအပြင် တိုင်းပြည်အတွက်ကိုပါ ထိခိုက်မှုများရှိကြောင်း စိတ်ကျန်းမာရေးပညာအဖွဲ့၏ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းအောင်မြင့်က ပြောသည်။

အဆိုပါ တုံ့ပြန်စိတ်ကျရောဂါသည် ခေတ်တစ်ခေတ်၏ ပတ်ဝန်းကျင် ပြောင်းလဲတိုးတက်မှုပေါ်တွင် မူတည်၍ ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲရောဂါ တစ်ခု ဖြစ်ကာ ရောဂါ ဖြစ်ပွားနေသည်ကိုပင် မသိရှိနိုင်သဖြင့် စိတ်ဖိစီးမှုများ ဆက်တိုက် ခံစားရ၍ အခက်အခဲများကို ရင်ဆိုင်ရာတွင် ဆုံးဖြတ်ချက်အမှားများ ချမှတ်တတ် ကြောင်း သိရသည်။

”စိတ်ရောဂါဆိုတာ သွက်သွက်ခါ အောင်ရူးနေမှ စိတ်ရောဂါလို့ ခေါ်တာ မဟုတ်ပါဘူး။ ဖြစ်မှန်းမသိ ဖြစ်နေတာ တွေကိုက အများကြီးပဲ။ အခု နောက်ပိုင်း ဆိုရင် တိုးတက်မှုရဲ့နောက်ဆက်တွဲအနေ နဲ့ အင်တာနက်ကို နေ့နဲ့ညမှားသုံးတယ်။ အဲ့ဒီအပေါ်မှာ ဖြစ်တည်လာတဲ့ ပြဿနာ တွေကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်ကြတယ်။ ဒီရောဂါတွေဟာ ဖြစ်မှန်းမသိ ဖြစ်နေတဲ့ အတွက် တချို့အရေးပါတဲ့လုပ်ငန်းရှင်တွေ၊ နိုင်ငံအတွက် အရေးပါတဲ့ လူတွေသာဆိုရင် ဆုံးဖြတ်ချက်အမှားတွေ ချမှတ်နိုင်တယ်။ ဒါဆိုရင် တိုင်းပြည်အတွက် အရမ်းထိခိုက်မှု ဖြစ်စေတယ်” ဟု ဒေါက်တာ ဝင်းအောင်မြင့်က ပြောသည်။

ထိုရောဂါများ ဖြစ်ပွားမှု လျှော့ချနိုင်ရန် ကနဦး စိတ်ကျန်းမာရေး စောင့်ရှောက် မှုများ လိုအပ်ပြီး စိတ်ကို စိတ်နှင့် ကုသ သည့် စိတ်ပညာရှင် ဆရာဝန်များစွာ လို အပ်ကြောင်း၊ လက်ရှိတွင် စိတ်ကျန်းမာ ရေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည့် လူနာပေါင်း ၁၇ဝဝ ခန့် ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံတွင် ကလေးသူငယ် စိတ်ကျန်းမာရေး စောင့်ရှောက်မှု မရှိသည့် အတွက် ထိုကလေးငယ်များတွင် စိတ်ရောဂါများ ဖြစ်ပွားနေပြီဆိုပါက တိုင်းပြည် အနာဂတ်အတွက်ကိုပါ ထိခိုက်စေကြောင်း ၎င်းက ထပ်မံ ပြောသည်။

ထိုကဲ့သို့သော စိတ်ရောဂါများသည် ၂ဝ၃ဝ ပြည့်နှစ်အရောက်တွင် ကမ္ဘာပေါ်၌ အဖြစ်အများဆုံး ရောဂါတစ်ခု ဖြစ်လာ နိုင်သဖြင့် မြန်မာနိုင်ငံတွင်လည်း ကြိုတင် ကာကွယ်နိုင်ရန် ကနဦး စိတ်ကျန်းမာရေး စောင့်ရှောက်မှု သင်ရိုးညွှန်းတမ်းများ ရေး ဆွဲကာ စိတ်ကျန်းမာရေး ပညာပေးသင် တန်းများ အခမဲ့ပေးနိုင်ရန်အတွက် စတင် အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း အောက်တိုဘာ ဒုတိယအပတ်တွင် ရန် ကုန်မြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့ စိတ်ကျန်း မာရေးနေ့ အခမ်းအနားမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*