မန္တလေးရှိ စည်းကမ်းမဲ့ ယာဉ်များအား ကားဘီး သော့ခတ် စနစ်ဖြင့် စတင် အရေးယူပြီ

မန္တလေးရှိ စည်းကမ်းမဲ့ ယာဉ်များအား ကားဘီး သော့ခတ် စနစ်ဖြင့် စတင် အရေးယူပြီ
October 20, 2016 Asian Fame

5:17 am
မန္တလေးရှိ စည်းကမ်းမဲ့ ယာဉ်များအား ကားဘီး သော့ခတ် စနစ်ဖြင့် စတင် အရေးယူပြီ
In Crime

မန္တလေးရှိ စည်းကမ်းမဲ့ ယာဉ်များအား ကားဘီး သော့ခတ် စနစ်ဖြင့် စတင် အရေးယူပြီ

(မန္တလေး၊ အောက်တိုဘာ ၁၈ )

မန္တလေး စည်ပင်နယ်နိမိတ် အတွင်း စည်းကမ်းမဲ့ရပ်နား သည့် မော်တော်ယာဉ် များအား ကားဘီးသော့ခတ် စနစ်ဖြင့် အရေးယူခြင်းကို လုပ်ဆောင်နေရာ အောက်တိုဘာ ၁၆ ရက် တစ်ရက်တည်းတွင် မော်တော်ယာဉ် ကြီးငယ် ၃၆ စီး အရေးယူ ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
အဆိုပါ စနစ်ကို အောက်တိုဘာ ၁၅ ရက်မှ စတင် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ယာဉ်စည်းကမ်း လိုက်နာကြစေရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း မန္တလေးမြို့တော် စည် ပင်သာယာရေး ကော်မတီ အခွန်ဌာနမှူး ဦးဝင်းမောင်က ပြောသည်။
ယာဉ်နှစ်ထပ် ရပ်နားခြင်း၊ လမ်းပိတ်ဆို့ ထားခြင်း၊ လမ်း ပြောင်းပြန် ရပ်နားခြင်း၊ ဖြူနီကြား ရပ်နားခြင်း၊ ယာဉ်မရပ်ရ သတ်မှတ် နေရာ၌ ရပ်နားထားခြင်း၊ ပလက်ဖောင်းပေါ် ရပ် နားခြင်း၊ လမ်းဆုံလမ်းခွမှ ပေနှစ်ဆယ် အတွင်း ရပ်နားထား ခြင်း၊ စည်းကမ်းမဲ့ ခရီးသည် တင်/ချပြုလုပ်ခြင်း၊ ကျောင်းကြို ပို့ယာဉ်များ စည်းကမ်းမဲ့ ရပ်နားခြင်းတို့ တွေ့ရှိပါက အဆိုပါ စနစ်ဖြင့် အရေးယူလျက် ရှိပြီး ယာဉ်ပျက်စဉ် လမ်းဘေးချ မရပ်ဘဲ လမ်းမပေါ်တွင် စည်းကမ်းမဲ့ ရပ်နား ပြင်ဆင်လျှင် လည်း အလားတူ အရေးယူ သွားမည်ဟုသိရသည်။

ဖမ်းဆီးအရေးယူ ဒဏ်ရိုက်ရာတွင် မော်တော်ယာဉ်ငယ် များအတွက် ဒဏ်ငွေကျပ်တစ်သောင်း၊ အလတ်စား နှင့် အ ကြီးစား အတွက် ဒဏ်ငွေ ကျပ်သုံးသောင်း သတ်မှတ်ထားပြီး ဖမ်းဆီးမှု ပြုရာတွင် ယာဉ်မောင်းသည် မော်တော်ယာဉ် နှင့် အတူ ရှိမနေပါက ဒဏ်ငွေကျပ် ငါးသောင်း ပေးဆောင် ရမည် ဖြစ်ကြောင်း ကော်မတီက သတင်း ထုတ်ပြန်ထားသည်။ ထို သို့ကားဘီး သော့ခတ် ထားသည်ကို မိမိသဘောဖြင့် ဖျက်ဆီး ပါက ပစ္စည်းတန်ဖိုး၏ ၁ဝ ဆပေးလျော်စေမည် ဖြစ်ပြီး အမှု ဖွင့် အရေးယူသည် အထိ ပြုလုပ်သွားမည် လည်းဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

”ကျွန်တော်တို့ အနေနဲ့ကတော့ တစ်စီးမှမဖမ်းရလေ ပိုကောင်းလေပါပဲ။ ကျွန်တော်တို့ မြို့သူမြို့သားတွေ စည်း ကမ်းရှိတယ် ဆိုတာ ပြနိုင်တာပေါ့။ ယာဉ်အသုံးပြုသူတွေ ယာဉ်စည်းကမ်း စနစ်တကျ လိုက်နာတတ်အောင်၊ ယာဉ်အန္တ ရာယ် ကင်းရှင်းအောင်၊ မြို့တွင်းလမ်းတွေ ယာဉ်ကြောပိတ် ဆို့မှု မဖြစ်ရလေအောင် ဒီစနစ်နဲ့ ပြတ်ပြတ် သားသား အ ရေးယူသွားမှာပါ” ဟု ၄င်းက ပြောသည်။

ကားဘီးသော့ခတ် စနစ်ဖြင့် အရေးယူမည့် အစီအစဉ် အတွက် အောက်တိုဘာ ၁ ရက်မှ စတင်ကာ လက်ကမ်းစာ စောင်များ၊ အသိပေးဆိုင်းဘုတ်များ၊ နေ့စဉ်ထုတ် သတင်းစာ များမှ တစ်ဆင့် ပြည်သူသို့ အသိပေးပြီးဖြစ်ကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*