မောင်တောဖြစ်စဉ် အတွက် စိုးရိမ်မှုကို အခြေခံသည့် ပဋိပက္ခ ဖြစ်စဉ်များ ပေါ်ပေါက် မလာစေရန် ဝိုင်းဝန်း ထိန်းသိမ်းကြစေလို ဟု ပြည်ထောင်စု ဝန်ကြီး ဆို

မောင်တောဖြစ်စဉ် အတွက် စိုးရိမ်မှုကို အခြေခံသည့် ပဋိပက္ခ ဖြစ်စဉ်များ ပေါ်ပေါက် မလာစေရန် ဝိုင်းဝန်း ထိန်းသိမ်းကြစေလို ဟု ပြည်ထောင်စု ဝန်ကြီး ဆို
October 13, 2016 Asian Fame

10:08 am
မောင်တောဖြစ်စဉ် အတွက် စိုးရိမ်မှုကို အခြေခံသည့် ပဋိပက္ခ ဖြစ်စဉ်များ ပေါ်ပေါက် မလာစေရန် ဝိုင်းဝန်း ထိန်းသိမ်းကြစေလို ဟု ပြည်ထောင်စု ဝန်ကြီး ဆို
In Politics

မောင်တောဖြစ်စဉ် အတွက် စိုးရိမ်မှုကို အခြေခံသည့် ပဋိပက္ခ ဖြစ်စဉ်များ ပေါ်ပေါက် မလာစေရန် ဝိုင်းဝန်း ထိန်းသိမ်းကြစေလို ဟု ပြည်ထောင်စု ဝန်ကြီး ဆို

မောင်တောဖြစ်စဉ် နှင့် ပတ်သက် ၍ ရှင်းလင်း ပြောကြားသည့် စစ် တွေမြို့မှ လူထုတွေ့ဆုံပွဲကို အယုံအ ကြည် မရှိ၍ မတက်ရောက်ကြောင်း ရခိုင်အမျိုးသား ပါတီက ပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့ က ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ နှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားရန် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေ မြင့်နှင့် ဦးသိန်းဆွေ တို့သည် အောက် တိုဘာ ၁၁ ရက် နံနက် ၉ နာရီ အ ချိန်က စစ်တွေမြို့နယ်၊ ဦးဥတ္တမ ခန်းမ၌ မြို့မိမြို့ဖ များနှင့် တွေ့ဆုံ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

စစ်တွေမြို့တွင် ပြုလုပ်ခဲ့သော တွေ့ဆုံပွဲတွင် ဖြစ်ပေါ်နေသောအ ကြမ်းဖက်မှု များနှင့် ပတ်သက်၍ ပြည်သူများ၏ စိုးရိမ်မှုအပေါ် အစိုးရ အနေဖြင့် ပိုမိုစိုးရိမ်နားလည်ကြောင်း၊ လက်ရှိတွင် တပ်မတော်နှင့် ပြည် ထဲရေး ဝန်ကြီးဌာနများ ပူးပေါင်း၍ လုပ်ဆောင်နေပြီ ဖြစ်၍ စိုးရိမ်မှုမ လွန်ကဲကြရန် နှင့် စိုးရိမ်မှုအား အ ခြေခံသည့် ပဋိပက္ခ ဖြစ်စဉ်များ ပေါ်ပေါက် မလာစေရန် ဝိုင်းဝန်း ထိန်းသိမ်းကြစေလိုကြောင်း ပြန် ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲကို ရခိုင်အမျိုး သားပါတီက အယုံအကြည် မရှိ၍ မတက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင် အမျိုးသားပါတီမှ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပေါ်ပြူ လာနယူးစ် သို့ ပြောသည်။

”ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြည် ထဲ ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ ကာကွယ်ရေး ဝန်ကြီးဌာန တို့နဲ့ ညှိနှိုင်းပြီးတော့မှ ဒီသတင်းစာ ရှင်း လင်းပွဲကို လုပ်တာ မဟုတ်ဘဲနဲ့ မည်သည့် အဖွဲ့အစည်း ဆိုတာ တောင်မှ အမည်နာမ မတပ်နိုင်တဲ့ သတင်းစာရှင်းလင်းပွဲ ဆိုတာ အင် မတန် ကသီဗေဒ ကျပါတယ်၊ အဲဒီ ဖြစ်စဉ်တွေ နဲ့ ရခိုင်မှာ လာရှင်းဦး မယ်ဆိုတော့ ဘာကို ရှင်းဦးမှာလဲ၊ ကျွန်တော်တို့ အံ့သြတယ်၊ ဖြစ်စဉ် အမှန် ကိုပြောမှာလား။ ဥပမာ ဘာ ကြောင့် နယ်စပ် လုံခြုံရေးတပ်ဖွဲ့ ဌာနချုပ်ကို ဝင်စီးနိုင်ရတာလဲ၊ ဘယ်လို လုံခြုံရေး စည်းချိုးဖောက် တာလဲ ဆိုတာတွေ ကို နေပြည် တော်မှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာလည်း မရှင်းခဲ့တာလဲ”ဟု ဒေါက်တာအေးမောင် ကပြောသည်။

”ရခိုင်လူထု သိတာက သူတို့ ထက် ပိုသိတယ်ဗျ၊ ဦးသိန်းဆွေ ထက်သိတယ်၊ ဦးဖေမြင့် ထက်သိ တယ်။ ကာကွယ်ရေး ဝန်ကြီးဌာန ကတော့ လုံခြုံရေး ပိုင်းနဲ့ ပတ်သက် ရင် ပိုသိမှာပါ။ အဲဒီကြားထဲမှာ ရခိုင် လူထုကို သူတို့က ဘာရှင်းမှာလဲ လို့ မေးခွန်း ထုတ်ချင်ပါတယ်။ မတက်ဘူး၊ မတက်ဘူး ကျွန်တော် တို့က အယုံအကြည် မရှိဘူး။ ဘာမှ မသိဘဲနဲ့ သတင်းစာ ရှင်းလင်းပွဲကို လည်း နေပြည်တော်မှာ လုပ်တယ်။ ကျွန်တော်တို နှစ်ပေါင်းများစွာ သိ ထားတဲ့ သတင်း ရင်းမြစ်တွေရှိ တယ်။ ကျွန်တော်တို့ ပါတီကသိ ထားတဲ့ သုတေသနလုပ်ပြီးရှာထား တဲ့ သတင်းတွေ ရှိတယ်။ သူတို့က မနေ့ကမှ ဝန်ကြီးဖြစ်တယ်၊ မနေ့ ကမှလာရှင်းကြတယ်ဆိုတော့ ကျွန် တော်တို့ လူထုက ပိုသိတယ်ဗျ။ တစ်ခုတော့ ရှိတယ် သူတို့ရဲ့သတင်း စာရှင်းလင်းပွဲဟာ ခိုင်မာဖို့ လိုတယ်။ အထောက် အထားတွေနဲ့ ပြဖို့လို တယ်” ဟု ဒေါက်တာ အေးမောင် က ဆက်ပြောသည်။

ထို့အပြင် ယင်းတွေ့ဆုံပွဲကို စစ်တွေ မဲဆန္ဒနယ်မှ အမှတ်(၁)နှင့် အမှတ်(၂) ကိုယ်စားလှယ်များ ဖြစ်သည့် ဦးသိန်းအေးနှင့် ဦးကျော် ဇော်ဦးတို့ကလည်း သက်ဆိုင်ရာ ကိစ္စရပ် များရှိနေ၍ မတက်ရောက် ဖြစ်ကြောင်း ပြောသည်။ အခြား သော ရခိုင်ရေးရာ အဖွဲ့အစည်း များလည်း မတက်ရောက်ဖြစ်ကြ ကြောင်း ဆက်သွယ် မေးမြန်းရာ၌ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်က ဘူးသီးတောင်မြို့နယ်ရှိ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ် ကဲမှုဌာနချုပ်၊ အမှတ်(၁)နယ်ခြား စောင့် ရဲတပ်ဖွဲ့ခွဲဒေသ (၂) နယ် မြေ (၅) ငါးခူရ နယ်မြေရုံး၊ အမှတ် (၁) လုံခြုံရေးတပ်ဖွဲ့ခွဲဒေသ (၃) နယ်မြေ(၉) ကိုးတန်ကောက် ရဲကင်း စခန်းများကို အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ အင်အား ၉ဝ ခန့်က ဝင်ရောက် တိုက်ခိုက် ခဲ့သောကြောင့် ဝန်ထမ်း ၉ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ထို့အပြင်လက် နက်တိုက်လည်း ဖောက်ထွင်းခံရ ပြီး လက်နက် ၅၁ လက် ဆုံးရှုံးခဲ့ သည်။ အဆိုပါ ကျဆုံးခဲ့သော ရဲ တပ်ဖွဲ့ဝင် ကိုးဦး၏ ဈာပနအခမ်း အနားကို အောက်တိုဘာလ ၁၁ ရက် မွန်းလွဲပိုင်းက မောင်တော မြို့နယ် သုသာန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*