သံဃာတော်များဘက်ဦးလှည့်လာသည့်ကိုယ်တွင်းကလီစာအလှုဈေးကွက်

သံဃာတော်များဘက်ဦးလှည့်လာသည့်ကိုယ်တွင်းကလီစာအလှုဈေးကွက်
August 3, 2016 Asian Fame

12:49 pm
သံဃာတော်များဘက်ဦးလှည့်လာသည့်ကိုယ်တွင်းကလီစာအလှုဈေးကွက်

1111

မင်းသုအောင်

လူငယ်လေး လှမ်းပေးသည့် အင်္ကျီနှင့်ဘောင်းဘီကို ဝတ်ဆို၍ သာဦးဇင်းဓမ္မိက(အမည်လွှဲ) မသက်မသာဖြင့် ဝတ်ခဲ့ရသော်လည်း ဝတ်စုံနှင့်ကိုယ်ခန္ဓာ အသားမကျသည့် ခံစားမှုမျိုးကို အချိန်တိုင်းခံစားခဲ့ရသည်ဟု မိန့်သည်။၈နှစ်သားကတည်းကသာသနာ့ဘောင်ဝင်လာခဲ့သည့် ယင်းအနေဖြင့် လူဝတ်စုံကို ယခုသက်တော် ၄၇ နှစ်ပြည့်မြောက်ချိန်၌ ဝတ်ဆင်ရ လိမ့်မည်ဟု အိပ်မက်ပင်မမက်ခဲ့ဖူး။

ယခုလို ဝတ်ထားသည့်ပုံကိုသာ ရဟန်းဒါယိကာမကြီး မြင်သွားလျှင် မူးမေ့လဲသွားမလား။ သို့တည်းမဟုတ် အများ၏ ကဲ့ရဲ့မှုကြောင့် ဒါယိကာမကြီး  နှင့် ဆွေမျိုးများ လူ ကြားထဲ ခေါင်းဖော်နိုင်ပါ့မလားဆိုသည့်စိုးရိမ်စိတ်လည်းရှိခဲ့သည်ဟုဦးဇင်းကဆက်မိန့်သည်။သို့သော်အထက်ပါစိုးရိမ်စိတ်အတွေးစိတ်တို့ကခဏလေးအတွင်းမှာပင် ခေတ္တ ပျောက်ကွယ်သွားရသည်။လာခေါ်သူတို့ ရောက်လာကြ သောကြောင့် ဖြစ်သည်။ထိုသူတို့နှင့်အတူသူ၏အဝတ်ထုပ်ကိုစစ်ဆေးရေးစက်ဖြင့်စစ် ဆေးမှုခံယူ၊အထုပ်ကိုလေယာဉ်လက်မှတ်ကောင်တာတွင်အပ်ကာလက်မှတ်ထုတ်၊ပြီးနောက် လေဆိပ်အပေါ်ထပ်ရှိ နိုင်ငံကူးလက် မှတ် စစ်ဆေးရေးကောင်တာတွင် အစစ်ဆေးခံပြီး လေယာဉ်ပေါ်တက်လိုက်သည်။

ထိုကာလတစ်လျှောက်လုံးသူသည် နိုင်ငံကူးလက်မှတ်တွင် ဖော်ပြထားသောသူ့နာမည်မဟုတ်သည့်အမျိုးသားအမည်တစ်ခုနှင့်လုံခြုံရေးအတင်းကျပ်ဆုံးဟုဆိုနိုင်သည့်လေဆိပ်၌ ပြောဆိုလှုပ်ရှားနေရသည်။သာသနာ့ဝန်ထမ်းကတ်ပြားပါဦးဇင်းဘွဲ့နာမည်ကို ယောင်လို့ပင်မထွက်ခဲ့ရ။ဤသည်မှာလည်းစနစ်တကျသင်ကြားထားမှုကိုလိုက်နာခဲ့၍ ဖြစ်သည်ဟု မိန့်သည်။”အဲဒီကာလဟာ ဦးဇင်းအ တွက် ခက်ခဲတဲ့ကာလပါ။ တစ်ခုခု သာ လွဲချော်သွားရင် ဦးဇင်းအလှူ မဖြစ်မြောက်မှာစိုးတယ်”ဟု ဦးဇင်းဓမ္မိက(အမည်လွှဲ)က မိန့်သည်။ဘာလို့ ဒီလို လုပ်ရတာလဲအထက်ပါအဖြစ်အပျက် သည် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေ အမှတ် ၁/၂ဝဝ၄ နှင့် ထုတ်ပြန်ခဲ့ သည့် ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းဆိုင်ရာဥပဒေပါအချက်အလက်အချို့နှင့်အချိန် ပေးကာ စောင့်ဆိုင်းနေရမှုတို့ကိုအခြေခံကာဖြစ်ပေါ်လာသည့်အဖြစ်အပျက်တစ်ခြု ဖစ်သည်။

ငွေကြေး တတ်နိုင်သူတို့က မြန်မာတွင် လက်ရှိအချိန်ထိ အောင်မြင်မှုကြီး ကြီးမားမား ဆက်တိုက်မရသေးဘဲ စမ်းသပ်နေဆဲ အသည်းအစားထိုး ခြင်းတို့ကိုသာမက ၁၉၉၅ ခုနှစ်မှ စ၍ အောင်မြင်မှုရခဲ့ပြီး ယခုအ ချိန်တွင်လည်း လွယ်ကူသည့် ခွဲ စိတ်မှုတစ်ခုအဖြစ် အောင်မြင်နေ သော ကျောက်ကပ် အစားထိုးမှု ကိုပါ ပြည်တွင်းတွင် မလုပ်ကြဘဲ အိန္ဒိယသို့ ထွက်ပြီး လုပ်ကြရင်း အလှူရှင်တို့ကို နည်းလမ်းမျိုးစုံဖြင့် ပြည်ပသို့ ခေါ်သွားကြသည်။ထိုသူတို့ အကြောင်းပြကြ သည့်အဓိကအချက်က ပြည်တွင်း ၌ ယင်း ၂ဝဝ၄ ဥပဒေတွင် မိဘ၊ မောင်နှမအရင်းများဆီမှသာ ကျောက်ကပ်ကိုယူနိုင်ပြီးတစိမ်းတစ်ရံအပါအဝင်ဦးနှောက်သေ၊ နှလုံးခုန်၊ လူသေတို့မှ ကျောက်ကပ် တို့ကို ယူခွင့်မရှိသောကြောင့် ထိုသို့လုပ်ရသည်ဟု ဆိုသည်။ ထို့ ကြောင့် အလှူခံသူတို့သည် သဒ္ဓါ တရားအရ လှူဒါန်းလိုသူတို့ကို ရှာ ကြသလို၊ တန်ကြေးတစ်ခုသတ်မှတ် ပြီး ရောင်းချ၊ ပေးလှူသူတို့ကိုလည်း ရှာကြသည်။

မည်သူ့ထံမှ ရရ အလှူခံသူတို့ က အသက်ဆုံးမည်စိုး၍ မငြင်း ပယ်ဘဲ လက်ခံခဲ့ကြရသည်။သက်ဆိုင်ရာက ယင်းကိစ္စကို လူ့အသက်နှင့်ဆိုင်သည့် ကိစ္စလည်း ဖြစ်သည့်အပြင်၊ သိန်းကို ရာနှင့်ချီ၊ ထောင်နှင့်ချီကာ အကုန်အကျခံ ပြီး လုပ်နိုင်ကြသူတို့သာလုပ်နေကြ သဖြင့် ခေတ်အဆက်ဆက် မသိ ချင်ယောင်ဆောင်ခဲ့ကြသည်။လက်ရှိတွင်ထိုသူတို့ ရှောင် ရှားလိုသည့်အချက်များပါယင်းဥပဒေကို၂ဝ၁၅ခုနှစ် နိုဝင်ဘာလ၂၅ရက်နေ့တွင်ဖျက်သိမ်းလိုက်ပြီးယင်းနေ့မှာပင်ထိုအချက်များမပါ တော့သည့်ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းဆိုင်ရာဥပဒေကို ပြည်ထောင်စုလွှတ်တော်ကဥပဒေအမှတ်၅၈ဖြင့်အစားထိုးပြဋ္ဌာန်းခဲ့သော်လည်းယခုထိတိုင်မဖွဲ့နိုင်သေးသည့်ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းဆိုင်ရာကြီးကြပ်မှုကော်မတီကြောင့်လည်းကောင်း၊ ပြည်ပက ပြည်တွင်းထက်ကုသမှုမြန်ဆန်၍လည်းကောင်း၊မူလအတိုင်းပင် ပြည်ပသို့ထွက်နေ ကြဆဲ ဖြစ်သည်။

ဥပဒေကို ချိုးဖောက်ပြီး ထွက်ကြတယ်။မန်မာနိုင်ငံမှနေ၍ အိန္ဒိယသို့ သွားကာ အသည်းနှင့်ကျောက်ကပ် လှူသည့် ရဟန်းတော်များအ ကြောင်းကို popular news က စုံစမ်းရာ အများစုသည် လူဝတ်နှင့် ပြည်ပသို့ ထွက်ကြရခြင်းဖြစ်သည်။ ထိုသို့ ထွက်ကြသူတို့ကို ပွဲစား ဆိုသူများက နိုင်ငံကူးလက်မှတ် အစရှိသည့် လိုအပ်သည်များကို လုပ်ပေးကြကာ ရိုးလွန်းလှပြီး အ လှူပေးရန်သာ စိတ်အားထက်သန် နေကြသည့် ရဟန်းတော်များက ဥပဒေနှင့်မညီ ဆိုသည်ကိုလည်း နားမလည်ဘဲ အလှူခံများစိတ် တိုင်းကျ အချို့သော လုပ်ရပ်တို့ကိုလိုက်လုပ်ပေးရသည်။၂ဝ၁၅ခုနှစ် အောက်တိုဘာလကမန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာတစ်ရွာမှဆရာဝန်မတစ်ဦး၏ဖခင်အတွက် ကျောက်ကပ်တစ်လုံးနှင့် အသည်းပေးလှူ သည့် ရဟန်းတော်တစ်ပါးက ”ဦးဇင်းကိုအလှူခံမယ့်သူရဲ့ မိန်းမ ရဲ့မောင်အနေနဲ့ သန်းခေါင်စာရင်း ထဲထည့်ပေးတယ်။ ပြီးတော့ ပတ်စ် ပို့လုပ်ပေးတယ်။

ဦးဇင်းကငယ်ဖြူ လေ။ဒီတော့မှတ်ပုံတင်မရှိဘူး။သာသနာ့ဝန်ထမ်းကတ်ပဲရှိတယ်။ဒါပေမယ့်ဦးဇင်းလက်ထဲပတ်စ်ပို့ရခဲ့တယ်။ဦးဇင်းကဒါကဘာလုပ်လို့ရလဲလို့ မေးတော့အလှူလုပ်လို့ရအောင်လို့ပဲသူတို့က ဖြေကြတယ်”ဟုမိန့်သည်။လွန်ခဲ့သည့်လအနည်းငယ်ကအိန္ဒိယသို့ မြန်မာနိုင်ငံသားတစ်ဦးအတွက် ကျောက်ကပ်လှူရန်သွား ရောက်ခဲ့သော်လည်းအလှူခံသူမိသားစု၏ရိုင်းပြသည့်အပြုအမူတို့ကြောင့်မလှူဖြစ်တော့ဘဲ ပြန်လာခဲ့သည့်ရဟန်းတော်တစ်ပါးလည်းထိုနည်းလမ်းများအတိုင်းလုပ်ခဲ့ရသည်ဟုမိန့်သည်။အိန္ဒိယပညာသင်ကျောင်း သားများအဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ အိန္ဒိယတွင် ကျောက်ကပ်လှူရန် လာရောက်ရင်း ဒုက္ခတွေ့သည့် ရဟန်းတော်တစ်ပါးကို ကယ်တင် ခဲ့သည့် ရဟန်းတော်လည်းဖြစ်၊ လက်ရှိတွင်လည်း မန္တလေးမြို့ရှိ စာသင်တိုက်တစ်ခုတွင်သီတင်း သုံးနေသည့် အမည်မဖော်လိုသည့် ရဟန်းတော်တစ်ပါးကတော့ ဤသို့မိန့်ပါ သည်။

”ဒါတွေက ဒီလိုပဲ လုပ်နေကြ တယ်ဒကာလေး။ ပွဲစားတွေနဲ့ပေါ့။ကျောက်ကပ်၊ အသည်းလှူမယ့် ရဟန်းတိုင်းကိုပေါ့ကွာ။ အကုန်လုံး တော့မဟုတ်ဘူးပေါ့။ နောက်ကြောင်း ရှင်းအောင်လား၊ ဘာလားတော့ မသိဘူး၊ ဒါပေမယ့် လုပ်လို့တော့ အကုန်ရတယ်ဗျို့”ဟူ သတည်း။ရဟန်းတော်တွေကသာ စိတ်အချဆုံး ဖြစ်လာတယ်၂ဝ၁၁ခုနှစ်နောက်ပိုင်း ကိုယ် တွင်းကလီစာအစားထိုးခြင်းနှင့်ပတ် သက်၍ ပြည်တွင်းတွင် ပြဿနာ (၂) ကြိမ်တက်ခဲ့သည်။ အထူးကု ဆရာဝန်ကြီးတစ်ဦးနှင့် စည်ပင်ဝန် ထမ်းတို့ ဖြစ်သည့် ပြဿနာနှင့် ဧရာဝတီ   တိုင်းမှလုပ်ငန်းရှင်တစ်ဦးနှင့်လုပ်သားတစ်ဦးတို့ ဖြစ်သည့်ပြဿသနာတို့ဖြစ်သည်။

မူလအစကယင်းဖြစ်စဉ်တို့သည်အလှူခံသူနှင့်လှူဒါန်းသူတို့အကြားသဘောတူညီမှုအသီးသီးထားရှိခဲ့သော်လည်းနောက်ပိုင်းတွင်မှယုံကြည်မှုပျက်ပြားပြီးမပြေမလည်ဖြစ်ကာအားလုံးသိကုန်ကြသည့် ပြဿနာများ ဖြစ်သွားကြသည်။အဓိကအချက်မှာ ငွေရေးကြေးရေးကိစ္စအပေါ်အခြေခံသည်။ရဲထံတိုင်တန်းသည်အထိ ဖြစ်မလာခင်တွင်ယင်းတို့ဘာသာညှိနှိုင်း ဖြေရှင်းခဲ့ကြသည်။ ဖြေရှင်းလို့မရသည့် နောက်ဆုံးမှာမှရဲက ခေါ်ယူစစ်ဆေးလိုက်ရသည်ဟုထိုစဉ်ကစစ်ဆေးမှုထဲတွင်ပါဝင်သည့်ရဲအရာရှိကြီး တစ်ဦးက ပြောသည်။ ရဲက စစ်ဆေးရာတွင် ၁ဝနှစ်ကျော်အထိ ထောင်ဒဏ်ချမှတ်ခွင့်ရှိသည့် လူ ကုန်ကူးမှု မြောက်/မမြောက်နှင့် ဖြစ်သည်။

ရဲက ထိုအမှုနှစ်ခုစလုံးကို ယုံကြည်မှု အလွဲသုံးစားလုပ်မှုသာ တွေ့ရပြီး လူကုန်ကူးမှုမမြောက် ကြောင်း ဆုံးဖြတ်ပေးကြသည်။ အငြိမ်းစား လူကုန်တားရဲတပ် ဖွဲ့မှူးဦးညွန့်လှိုင်က ”လိုလို လား လား၊ လှူသူကလည်း လှူတယ်။ ယူသူကလည်း ယူတယ်။ ပြီးမှ သ ဘောတူထားတာတွေ ပျက်ကုန်ကြရင်း မကျေလည်မှုတွေ ဖြစ်ကုန်ကြ တာ”ဟု ပြောသည်။ထြို ဖစ်ရပ်များကြောင့်သူဌေးအများစုသည်အရပ်သားပြည်သူများထက်စာလျှင်နောက်ကြောင်းရှင်း ပြဿနာမလုပ်တတ်သည့်ရဟန်းတော်များဘက်လှည့်သွားကြသည်။ယခုဇူလိုင်လ တစ်လတည်း မှာပင် ရဟန်းတော် ၃ ပါးကိုမန္တလေးအခြေစိုက် ပရဟိတအသင်း တစ်ခုကအလှူခံများနှင့် ချိတ်ဆက် ပေးခဲ့သည်ဟု လတ်တလော စုံ စမ်းသိရှိရသည်။

ကျောက်ကပ်အလှူရှင်ရဟန်းတစ်ပါးက”အိန္ဒိယရောက်ပြီးဖျား နေလို့ ဆေးထိုးပေးပါလို့ဆိုတာ တောင်အလှူခံတွေကမသိချင် ယောင်ဆောင်နေတယ်။မနည်း ပြောမှထိုးပေးကြတယ်။လူဆိုဘယ်ရမလဲ၊ဘုန်းကြီးတွေကသည်းခံတယ်လေ”ဟုမိန့်သည်။သွားလှူကြရင်းဒုက္ခတွေ့နေကြသူတွေရှိနေတယ်ကျောက်ကပ်အလှူပေးရန် အိန္ဒိယသို့ထွက်ခွာခဲ့ပြီးခါမှ ဒုက္ခတွေ့၍ ပြန်လာခဲ့ရသည့် ရဟန်း တော်ကို သံရုံးနှင့် ချိတ်ဆက်ကာ ကူညီပေးခဲ့သည့် ရဟန်းတော် တစ် ပါးက မိန့်သည်မှာ ဒုက္ခတွေ့ခဲ့ ကြသည့်ရဟန်းအချို့သည် အင် တာနက်မှတစ်ဆင့် ကျောက်ကပ် လိုကြောင်း တောင်းဆိုသည်ကို သေချာမစုံစမ်းဘဲ ပေးလှူမည်ဟု လိုက်သွားကြရင်း ဒုက္ခရောက်ကြ သည်ဟု မိန့်သည်။”အညာဘက်က ရဟန်းတော် တွေက ရိုးတယ်။ အဲဒီ့ရိုးသားမှုကို တလွဲလုပ်ကြတယ်။ဦးဇင်းသိတဲ့ အဖြစ်အပျက်အချို့ဆို လှူမယ့်သူက ပွဲစားတွေနဲ့ပဲတွေ့ရတယ်။ အ လှူခံက ဘယ်သူ မှန်းမသိဘူး။ ဒါ တွေဟာ ကြားပွဲစားတွေလုပ်စား ချင်စရာ ဖြစ်လာလိမ့်မယ်၊ ဒါပေ မယ့် သူရဲ့ကျောက်ကပ်ကတော့အထုတ်မခံလိုက်ရပါဘူး”ဟုအထက်ပါ ရဟန်းတော်မိန့်သည်။

အငြိမ်းစား လူကုန်တားရဲတပ် ဖွဲ့မှူးဦးညွန့်လှိုင်က ”ဒါဟာသတိ ထားရမယ့်ကိစ္စပဲ”ဟုပြောသည်။ယင်းအငြိမ်းစားမယူခင် ၂ဝ၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင် ချိန်က အိန္ဒိယ၌ ကာယကံရှင်မသိဘဲ ကျောက်ကပ်ဖြုတ်ယူမှုများအ ကြောင်း၊အလားတူဘင်္ဂလားဒေ့ရှ် နှင့်ပါကစ္စတန်နိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သားများကိုအရှေ့အလယ်ပိုင်းဒေသတွင်ချပ်နှောင်ထားပြီး ကျောက်ကပ် ထုတ်ရောင်းသည့်ဖြစ် စဉ်အကြောင်းနှင့် ဆရာဝန်များ ပင် ပါဝင်ပတ်သက်မှုရှိသည့် အမှု များအကြောင်းကို တာဝန်ရှိသူများ က နိုင်ငံတကာသင်တန်းများ၌ ရဲ များသတိထားနိုင်ရန် ပို့ချပေးခဲ့မှု များရှိကြောင်း ပြောပြသည်။

”လှူဒါန်းတဲ့ကာယကံရှင်ကဘာငွေကြေးမှမတောင်းပေမယ့်လို့ပွဲစားကအလှူခံဆီကနေသူချိတ်ဆက်ပေးမှုအပေါ်ပွဲခယူသွားတာလည်းရှိနိုင်တာပဲ၊ဒါ့အပြင် ငွေကြေးနဲ့ရောင်းချမှုလည်းရှိနိုင်တာပဲ၊ဒါပေမယ့်ကိုယ်တွင်းကလီစာကိုထုတ်ခံသွားရကြောင်းလာတိုင်မှုတွေတောဒီမှာကျွန်တော်မကြားခဲ့ရဘူး”ဟုယင်းက ပြောသည်။လူကုန်တားရဲတပ်ဖွဲ့မှလက်ရှိတာဝန်ထမ်းဆောင်နေသူတို့ထံဆက်သွယ်မေးမြန်းရာတွင်လည်းအမျိုးသမီးရဲမှူးအရာရှိကကိုယ်တွင်းကလီစာနှင့်ပတ်သက်ပြီးအမှုဖွင့်စစ်ဆေးခဲ့ရသည့်အမှုမျိုးတစ်မှုမှမရှိကြောင်း ပြောသည်။

ာဖြူပရဟိတ လူမှုကူညီရေး အသင်း အတွင်းရေးမှူး ဦးခင်စိုးက ”လှူဒါန်းလိုသူကလည်း သူလှူလို ပါကြောင်း လူမှုကွန်ရက်တွေပေါ် ပြောနေကြတယ်။ အလှူခံသူတွေ ကလည်း အလှူခံလိုကြောင်း ကျွန် တော်တို့ဆီ ဆက်သွယ်လာတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က အကျိုး မမြတ်မယူဘဲ နှစ်ဖက်ကို ချိတ် ဆက်ပေးပါတယ်။ ဒါဟာ ဥပဒေနဲ့ ညီလား၊ မညီလား ကျွန်တော်မသိ ဘူး။ အားလုံးလည်း လုပ်နေကြ တော့ ကျွန်တော်တို့လည်း လုပ်ပါ တယ်။ ကိုယ်တွင်းကလီစာတွေအ ပေါ် အမြတ်ထုတ်တာတွေ မရှိ အောင်တော့ ပညာပေးမှုတွေ နောက်ပိုင်းမှာ လုပ်သွားမယ်”ဟု ပြောသည်။

အကျိုးဆောင်တွေလည်းရှိနိုင်တယ်လို့အလှူရှင်အချို့မှတ်ချက်ပြုအိန္ဒိယနိုင်ငံသို့သွားပြီး မြန်မာနိုင်ငံသားများအတွက်ကိုယ်တွင်းကလီစာများသွားရောက်လှူဒါန်းသည့်ရဟန်းတော်အချို့နှင့်အလှူရှင်အချို့တို့ကကိုယ်တွင်းကလီစာအလှူခံခြင်းကိစ္စတွင်ပွဲစားလိုလို၊အကျိုးဆောင်လိုလိုလူများရှိနေ ကြသည်ဟု မိန့်ဆိုကြသည်။မန္တလေးဘက်မှ ကျောက်ကပ် အလှူရှင် အမျိုးသမီးတစ်ဦးက သူမထံသို့ ဇူလိုင်လအတွင်းက ကျောက်ကပ်အလှူခံလိုသူ တစ်ဦး ကဆက်သွယ်လာကြောင်း ၊ အလှူ ခံမည်သူမည်ဝါလဲဟု မေးမြန်း သည်ကို မဖြေခဲ့၍ လှူဒါန်းခြင်းကို ငြင်းပယ်ခဲ့ကြောင်း ပြောသည်။

”အလှူခံက ဘယ်သူလဲ မေး တာကို ဝေ့လည်ကြောင်ပတ်တွေ လုပ်နေတယ်။ ဒါနဲ့ နားလည်တဲ့ သူကို မေးကြည့်လိုက်တော့ ဟာ… ဒီလိုဆိုရင် မလှူနဲ့ဆိုလို့ မလှူလိုက်ဘူး”ဟု သူမက ပြောသည်။အိန္ဒိယပညာတော်သင် မြန်မာရဟန်းတော်တစ်ပါးက’ဒါ တွေမရှိဘူးလို့မပြောနိုင်ဘူး။ရှိ နိုင်မှာပဲလေ။အိန္ဒိယမှာဆိုရင်လည်းမနည်းဘူး။ မြန်မာမှာလည်း သေချာစစ်ရင် တွေ့နိုင်မှာပဲ။ ဦး ဇင်းတို့ကတော့ ဘယ်သူဘယ်ဝါ ဆိုတာကို လက်ဆုပ် လက်ကိုင် မပြနိုင်တဲ့အတွက် ရမ်း မပြောရဲ ဘူး” ဟု မိန့်သည်။

နောက်ဆက်တွဲ ဆိုးကျိုးတွေ မရှိအောင် အစိုးရက ကြီးကြပ်မှုတွေ လုပ်တော့မယ့် အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက် တာမြင့်ဟန်က ဝန်ကြီးဌာနအနေ ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်းလှူ ဒါန်းခြင်းဆိုင်ရာ ကြီးကြပ်မှု ကော် မတီကို မကြာမီ ဖွဲ့စည်းမည်ဖြစ် ကြောင်း၊ ထိုအဖွဲ့အစည်းဖွဲ့စည်း ပြီးပြီဆိုပါက ကိုယ်အင်္ဂါ အစိတ် အပိုင်းကို ယင်းကော်မတီမှ သတ် မှတ်ထားသော စည်းကမ်းချက်မှ တစ်ပါး အခြားမည်သည့်အကြောင်း ပြချက်နှင့်မှ မည်သူမဆို ထုတ်ယူ ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်းသို့မဟုတ်ဝယ်ယူခြင်းပြုရတော့မည်မဟုတ်ဟုဆိုသည်။ယင်းအပြင်မည်သူကမှကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းမှုကိုပြုရန်မရိုးဖြောင့်သောသဘော ဖြင့် သွေးဆောင်ခြင်း၊ ဖြားယောင်း ခြင်း၊တိုက်တွန်းလှုံ့ဆော်ခြင်းလည်းမပြုရသလိုကာယကံရှင်သဘောမပါဘဲဘာတစ်ခုမှ ဆောင်ရွက်၍မရကြောင်းစသဖြင့်ဥပဒေကတားမြစ်ထားပြီး ဖြစ်ကြောင်း၊ထိုအချက်တို့ကို ဖောက်ဖျက်လျှင်ဥပဒေအရ ထောင်ဒဏ်၊ ငွေဒဏ်ချ မှတ်ခံရမည်ဟု ယင်းက ပြောသည်။

”ကျွန်တော်တို့က ပြည်ပကိုထွက်ပြီးဆေးကုသမှုတွေကိုထိန်းချုပ်မှာတော့မဟုတ်ပါဘူး။ဒါပေမယ့်ဥပဒေနဲ့တော့ညီရမယ်”ဟု ဒေါက်တာမြင့်ဟန်က ပြောသည်။၂ဝ၁၅ခုနှစ် အောက်တိုဘာလက ကျောက်ကပ်တစ်လုံးနှင့် အသည်းပေးလှူခဲ့သည့် ရဟန်း တော်တစ်ပါးက”ဦးဇင်းက ဦးဇင်း ရဲ့ကလီစာတွေကို ငွေကြေးနဲ့လုံးဝ မရောင်းခဲ့ပါဘူး။ဒါအမှန်ပါ”ဟု မိန့်သည်။ထိုရဟန်းတော်၏ ဒါယကာ အချို့ကတော့ အထက်ပါ ဦးဇင်း လှူဒါန်းမှုပြုပြီး ပြန်လာသည့်အ ချိန် ၈ လကျော် ကြာလာသည့်အ ချိန်အထိ အလှူခံသူတို့သည် ကျောင်းသို့ တစ်ကြိမ်တစ်ခါမှ မလာကြောင်းနှင့် ခွဲစိတ်ဒဏ်ရာ ကြီးနှင့် ဦးဇင်းကို လိုင်းကားနှင့် ကျောင်းသို့ ပြန်ခိုင်း ခြင်းကို သူတို့ မကျေနပ်ကြဟု ဆို သည်။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*