ဥာဏ်ထူး အမှန်မြူးနိုင်ပါပြီ

ဥာဏ်ထူး အမှန်မြူးနိုင်ပါပြီ
August 3, 2016 Asian Fame

2:22 pm
ဥာဏ်ထူး အမှန်မြူးနိုင်ပါပြီ
In Photo Essay

သန်လျင်မြို့နယ်၊ ညောင်ပင်မှတ်တိုင်အနီးရှိ သဘာဝတရားရိပ်သာမှာ တရားရှာမှီးသူ ယောဂီများ နှင့် မရှိနွမ်းပါးသူများအတွက် ခိုလှုံ အားထားရာနေရာ တစ်နေရာပင်ဖြစ်သည်။ ထိုသဘာဝတရားရိပ်သာ တွင် ယောဂီများ၊ လူနာများနှင့် မရှိဆင်းရဲသားများကို စောင့်ေ ရှာက်ထားသကဲ့သို့ ယုန်ငယ်လေးများ၊ ကျွဲ နွားများနှင့် အခြားသောတိရစ္ဆာန်ငယ်လေးများကိုပါ  ကျွေးမွေးစောင့်ရှောက်ထားသည်။

ထိုအထဲတွင်မှ ထူးထူးခြားခြား ကျွေးမွေးစောင့်ရှောက်ထားသည်မှာ  တောရိုင်းသတ္တဝါလေးများဖြစ်ကြသည့် ဝက်ဝံလေး နှစ်ကောင် ပင်ဖြစ်သည်။ ထိုဝက်ဝံငယ်နှစ်ကောင်ကို ထိုနေရာမှသူများက ကံထူးနှင့်ဥာဏ်ထူးဟု ခေါ်ကြ ကာ ထိုရိပ်သာတွင်သူတို့အတွက် သံဆန်ကာခတ် တိုက်ခန်းတစ်ခန်းဖြင့် ပုံမှန်အစာကျွေးပြီး စောင့် ရှောက်ထားသည်။

ထိုဝက်ဝံလေးနှစ်ကောင်ထဲမှ အကြီးကောင် ဥာဏ်ထူးမှာ ရိပ်သာသို့ရောက်လာကတည်းက လျှာ တွင် အဘုကြီးပေါက်နေကာ ပါးစပ်အပြင်သို့ထွက် လျက် အစားမစားနိုင်။ ထို့ကြောင့် ဇွန်လ ၅ ရက်နေ့ က တံတွေးဂလင်းအရည်အိတ်အား အင်္ဂလန်နိုင်ငံမှ ဝက်ဝံ အထူးကုဆရာဝန် ဟယ်သာဘေကွန် အပါအ ဝင်Royal Asia တိရစ္ဆာန်ဆေးကုဆေးရုံမှ ဒေါက် တာသိန်းထွန်းအောင်တို့က ဖယ်ရှားကု သပေးခဲ့သည်။ ခွဲစိတ်ပြီးချိန်ကRoyal Asia ဆေးရုံမှဒေါက်တာ သိန်းထွန်းအောင်က ဥာဏ်ထူးမှာ လူနှင့်မယဉ်ပါး သေးဘဲ ရိုင်းနေ သဖြင့် ဆေးထိုးဆေးတိုက်ရခက်ခဲ နေခြင်း၊ လျှာမှာအပြင်သို့ထွက်ကျနေပြီး အနာဖြစ် နေသဖြင့် လုံလောက်သောအစာအာဟာရစားရန် ခက်ခဲခြင်းတို့ကြောင့် ပုံမှန်အနေအထားအတိုင်းပြန် ဖြစ်ရန် ကာလတစ်ခုကြာရှည်ဦးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။ အချိန်တစ် ခုရောက်သည်အထိ မသက်သာပါက ထပ်မံခွဲစိတ်ဦးမည်ဟု ကြားရကြောင်း ထိုဝက်ဝံငယ်နှစ်ကောင်ကိုပုံမှန် အစာကျွေးနေသော ဦးမောင်ဥာဏ်က ပြောသည်။

ခွဲစိတ်ခန်းအတွင်းသို့ မဝင်ခင်တွေ့ရသော ဥာဏ်ထူး။

ခွဲစိတ်ခန်းအတွင်းသို့ မဝင်ခင်တွေ့ရသော ဥာဏ်ထူး။

အဆိုပါဝက်ဝံငယ်မှာ ပသျှူးဝက်ဝံအမျိုးအစား ဖြစ်ကာ ရခိုင်ရိုးမတွင်အတွေ့များပြီး သားပေါက်နှုန်း များမှုကြောင့် ယခုအခါ ပြည်မြို့ ပေါက်ခေါင်းနယ် ဘက်တွင်ပါ အတွေ့ရများလာကြောင်း၊ ယင်းဝက်ဝံ အမျိုးအစားမှာ ငယ်စဉ်က ချစ်စရာကောင်းသော်လည်း လူတစ် ရပ်ကျော်ပါက အန္တရာယ်ရှိကြောင်း၊ သဘာဝ အတိုင်းသာထားသင့်ပြီး အိမ်မွေးအဖြစ်ထားရှိရန် မသင့်လျော်ကြောင်းRoyal Asia တိရစ္ဆာန်ဆေးကု ဆေးရုံမှ သိရသည်။

ဇွန်လ ၅ ရက်နေ့က တံတွေးဂလင်းအရည်အိတ်အား အင်္ဂလန်နိုင်ငံမှ ဝက်ဝံအထူးကုဆရာဝန် ဟယ်သာဘေကွန်အပါအဝင် Royal Asia တိရစ္ဆာန်ဆေးကုဆေးရုံမှ ဒေါက်တာသိန်းထွန်းအောင်တို့ကဖယ်ရှားကုသပေးခဲ့သည်။

ဇွန်လ ၅ ရက်နေ့က တံတွေးဂလင်းအရည်အိတ်အား အင်္ဂလန်နိုင်ငံမှ ဝက်ဝံအထူးကုဆရာဝန် ဟယ်သာဘေကွန်အပါအဝင် Royal Asia တိရစ္ဆာန်ဆေးကုဆေးရုံမှ ဒေါက်တာသိန်းထွန်းအောင်တို့ကဖယ်ရှားကုသပေးခဲ့သည်။

ယခုအခါ ဆေးရုံတွင် ရက်သတ္တ နှစ်ပတ်အထိ တက်ရောက်ဆေးကုသမှုခံယူပြီး၍ ဝက်ဝံလေး ဥာဏ်ထူးမှာ သဘာဝရိပ်သာမှ နေအိမ် ငယ်လေးသို့ ပြန်ရောက်နေပြီဖြစ်ကာ ညီဖြစ်သူ ကံထူးနှင့် ပျော် ရွှင်စွာဆော့ကစားနိုင်နေပြီဖြစ်သည်။

၎င်း၏လျှာမှာလည်း အတော်အတန် သက်သာလာပြီဖြစ်သည်။

 

 လျှာအောက်မှ တံတွေးဂလင်းအရည်အိတ်အား ဆရာဝန်များက ၃ နာရီကျော်ကြာ ခက်ခဲစွာဖယ်ရှားပေးခဲ့ရသည်။


လျှာအောက်မှ တံတွေးဂလင်းအရည်အိတ်အား ဆရာဝန်များက ၃ နာရီကျော်ကြာ ခက်ခဲစွာဖယ်ရှားပေးခဲ့ရသည်။

 

လူနှင့်မယဉ်ပါးသေးဘဲ ရိုင်းနေသဖြင့် ဆေးထိုးဆေးတိုက်ရခက်ခဲနေခဲ့၍ ခက်ခက်ခဲခဲ ဆေးကုသခဲ့ရသည်။

လူနှင့်မယဉ်ပါးသေးဘဲ ရိုင်းနေသဖြင့် ဆေးထိုးဆေးတိုက်ရခက်ခဲနေခဲ့၍
ခက်ခက်ခဲခဲ ဆေးကုသခဲ့ရသည်။

 

ခွဲစိတ်ခန်းအတွင်း ၃ နာရီကျော်ကြာ ဝက်ဝံလေးဥာဏ်ထူး တိုက်ပွဲဝင်ခဲ့သည်။

ခွဲစိတ်ခန်းအတွင်း ၃ နာရီကျော်ကြာ ဝက်ဝံလေးဥာဏ်ထူး တိုက်ပွဲဝင်ခဲ့သည်။

 

ခွဲစိတ်ပြီးနောက် Royal Asia တိရစ္ဆာန်ဆေးကုဆေးရုံတွင် ဆေးကုသမှုဆက်လက်ခံယူခဲ့သည်။

ခွဲစိတ်ပြီးနောက် Royal Asia တိရစ္ဆာန်ဆေးကုဆေးရုံတွင် ဆေးကုသမှုဆက်လက်ခံယူခဲ့သည်။

 

ခွဲစိတ်ပြီးနောက်

ခွဲစိတ်ပြီးနောက်