“ဘေးပေါက်”ရွာကလေး တိုးတက်ပြောင်းလဲခဲ့ပြီ

“ဘေးပေါက်”ရွာကလေး တိုးတက်ပြောင်းလဲခဲ့ပြီ
December 21, 2017 Fame Asian

3:03 pm
“ဘေးပေါက်”ရွာကလေး တိုးတက်ပြောင်းလဲခဲ့ပြီ
1

မြေကွက်အမှတ် ၂၀ -၂၁ နှင့် အကွက် တစ်စိတ်တစ်ဒေသအမှတ် ၂၁ -၂၂ နေရာတို့တွင်တည်ရှိခဲ့စဉ်က ဘေးပေါက်ရွာ မြင်ကွင်းများ။

2

မြေကွက်အမှတ် ၂၀ -၂၁ နှင့် အကွက် တစ်စိတ်တစ်ဒေသအမှတ် ၂၁ -၂၂ နေရာတို့တွင်တည်ရှိခဲ့စဉ်က ဘေးပေါက်ရွာ မြင်ကွင်းများ။

ရန်ကုန် သီလ၀ါ ဆိပ်ကမ်းစီမံကိန်းများအကြားမှ “ဘေးပေါက်”ရွာလေး၏ အနာဂတ်မှာ လှပတော့မည်ဖြစ်သည်။

ဘေးပေါက်ရွာလေးသည် ဝေ(လ်)မာ မြန်မာပို့(တ်)တာမင်နယ် (သီလဝါ) လီမိတက် (Wilmar Myanmar Port Terminals (Thilawa) Limited) သို့ နိုင်ငံတကာ အဆင့်မီ အထွေထွေကုန်စည် ကောက်ပဲသီးနှံ တင်/ချ ဆိပ်ခံတံတားနှင့် ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံတည်ဆောက်ရေးလုပ်ကိုင်နိုင်ရန်အတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် (MPA) မှငှားရမ်းပေးအပ်လိုက်သည့် မြေကွက်အမှတ် ၂၀ -၂၁ နှင့် အကွက် တစ်စိတ်တစ်ဒေသအမှတ် ၂၁ -၂၂ နေရာတို့တွင်တည်ရှိခဲ့၏။

4

မြေကွက်အမှတ် ၂၀ -၂၁ နှင့် အကွက် တစ်စိတ်တစ်ဒေသအမှတ် ၂၁ -၂၂ နေရာတို့တွင်တည်ရှိခဲ့စဉ်က ဘေးပေါက်ရွာ မြင်ကွင်းများ။

မြေကွက်အမှတ် ၂၀ – ၂၁ ပေါ်တွင် အိမ်ထောင်စု ၉၁ အိမ်ထောင်ရှိနေပြီး၊ အကွက်အမှတ် ၂၂ ပေါ်တွင် ၇၂ အိမ်ထောင်ရှိကြကာ စုစုပေါင်း ကျူးကျော်တဲ အိမ်ထောင်စု ၁၆၃ စုရှိသည့် ရွာလေးဖြစ်သည်။ ယင်း အိမ်ထောင်စုများကို ဝေ(လ်)မာကုမ္ပဏီ (Wilmar Myanmar Port Terminals (Thilawa) Limited)ကပြန်လည်နေရာချထားရေးကိုစနစ်တကျဆောင်ရွက် ပေးခဲ့သည့်အပြင်၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် (MPA) မှ ငှားရမ်းပေးအပ်လိုက်သည့် မြေဧရိယာအတွင်း စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိသော လယ်သမား ၉ ဦးတို့ကို လည်းလျော်ကြေးများပေးအပ်ခဲ့သေး၏။

ပြန်လည်နေရာချထားရေးကိုအကောင်အထည်ဖော်ခြင်း

ဘေးပေါက်ရွာတွင် နေထိုင်ကြသူတို့အား ပြန်လည်နေရာချထားရေး အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့(MPA) နှင့် ဘေးပေါက်ရွာ သူရွာသားများဆွေးနွေးညှိနှိုင်းသဘောတူညီမှုများကို အခြေပြုကာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်လေ၏။

6

မြေကွက်အမှတ် ၂၀ -၂၁ နှင့် အကွက် တစ်စိတ်တစ်ဒေသအမှတ် ၂၁ -၂၂ နေရာတို့တွင်တည်ရှိခဲ့စဉ်က ဘေးပေါက်ရွာ မြင်ကွင်းများ။

ထို့ကြောင့်ပင်လျှင် ဘေးပေါက်ရွာသူရွာသားများကိုယ်တိုင် သဘောတူရွေးချယ်လိုက်သည့် ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု၊ မြိုင်သာယာ ၆ သို့ ပြောင်းရွှေ့နေထိုင်ကြရန်ရွေးချယ်ခဲ့ကြသည်။ ရွာသူရွာသားတို့ စိတ်ကြိုက်ရွေးချယ်လိုက်ကြသည့် အဆိုပါနေရာကို ကျေးရွာသစ်အဖြစ် တည်ထောင်ရန် လိုအပ်သော ခွင့်ပြုချက်များနှင့် အညီ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး လယ်သမားများကိုလည်း သူတို့ စွန့်လွှတ်ခဲ့ကြရသည့် စိုက်ပျိုးမြေများအတွက် ငွေကြေးထောက်ပံ့မှုများပေးအပ်ခဲ့သည်။

5

မြေကွက်အမှတ် ၂၀ -၂၁ နှင့် အကွက် တစ်စိတ်တစ်ဒေသအမှတ် ၂၁ -၂၂ နေရာတို့တွင်တည်ရှိခဲ့စဉ်က ဘေးပေါက်ရွာ မြင်ကွင်းများ။

3

မြေကွက်အမှတ် ၂၀ -၂၁ နှင့် အကွက် တစ်စိတ်တစ်ဒေသအမှတ် ၂၁ -၂၂ နေရာတို့တွင်တည်ရှိခဲ့စဉ်က ဘေးပေါက်ရွာ မြင်ကွင်းများ။

ယခုတော့ ပိုင်ဆိုင်မှုတွေ ခိုင်မာပြီ

ရွာသူရွာသားများအနေဖြင့် ယခင်က ပိုင်ဆိုင်မှုများ မခိုင်မာခဲ့ကြသော်လည်း ယခု ကျေးရွာသစ်တွင်မူ တရားဝင် ခိုင်မာသည့် ပိုင်ဆိုင်မှုများကို ရရှိကြလေပြီ။ ထို့အပြင် ရွာသားများနေထိုင်ရာပတ်ဝန်းကျင်တွင်
ရေကောင်းရေသန့်များရှာဖွေဖန်တီးပေးခဲ့ပြီး၊ လျှပ်စစ်ဓာတ်အားပေးစနစ်များ၊ ကျန်းမာရေးနှင့်ကိုက်ညီသော မိလ္လာကန်၊ ရေဆိုးစွန့်စနစ်များ အစရှိသည်တို့ကိုပါ စီစဉ်ပေးခဲ့သောကြောင့် လူနေမှုပါ တိုးတက်လာခဲ့၏။

ယင်းနေရာသစ် ရွာသစ်တွင် တည်ဆောက်ပေးခဲ့သော အိမ်ခြေ ၁၆၃ လုံးမှာလည်း ပေ ၄၀ x ၅၀ အကျယ် အိမ်ဝိုင်းမြေကွက်များနှင့် ၁၆ပေ x ပေ ၂၀ အကျယ် အဆင့်မြင့် အိမ်ခေါင်မိုးများ၊ သစ်သာနံရံနှင့် ကြမ်းခင်းများ၊ မိလ္လာကန်၊ လျှပ်စစ်မီး၊ ခြံစည်းရိုးနှင့် ရေမော်တာများကိုပါ တပ်ဆင်ပေးခဲ့သည်။

ဘေးပေါက်ရွာသစ်တွင် ၆.၆/၀.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ လျှပ်စစ်ဓာတ်အားခွဲရုံကိုလည်းတပ်ဆင်ပေးထားပြန်၏။ လူမှုအဖွဲ့အစည်း အသိုက်အ၀န်းတစ်ခုအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် သောက်သုံးရေကန်၊ ဆေးကုခန်း၊ ဓမ္မာရုံ အစရှိသည်သည့် လူမှုဝန်းကျင် အခြေခံလိုအပ်ချက်များကိုလည်း ဝေ(လ်)မာ ကုမ္ပဏီ (Wilmar Myanmar Port Terminals (Thilawa) Limited) မှ စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ရွာသူရွာသားတို့သည် ယခင် ကျူးကျော်ဘ၀နှင့် ခြားနားစွာနေထိုင်ကြရလေပြီ။

25498288_1639225226121436_4714791937865688954_n

ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု၊ မြိုင်သာယာ ၆ မှ ကျေးရွာသစ်မြင်ကွင်းများ

အလုပ်အကိုင်အခွင့်အလမ်းများလည်းရှိလာပြီ

နေစရာထိုင်စရာပြည့်စုံပြီဆိုတိုင်းလည်း အလုပ်အကိုင်က လိုသေးသည်။ ထို့အတွက်ကိုလည်း လက်ရှိ တည်ဆောက်လျှက်ရှိသော နိုင်ငံတကာ အဆင့်မီ အထွေထွေကုန်စည် ကောက်ပဲသီးနှံ တင်/ချ ဆိပ်ခံတံတားနှင့် ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများ တွင်ဒေသခံကျေးရွာနေပြည်သူများအား ဦးစားပေးအစီအစဉ်ဖြင့် အလုပ်များခန့်အပ်ပေးလျှက်ရှိသည်။ ယင်းတည်ဆောက်ရေးလုပ်ငန်းများပြီးစီးသွားလျှင်လည်း သီလ၀ါ ဆိပ်ခံတံတားတွင် အလုပ်အကိုင်အခွင့်အလမ်းများ ထပ်မံပေါ်ပေါက်လာဦးမည်ဖြစ်ရာ ရွာသူရွာသားများအတွက် ပူပန်နေရန် မလိုတော့ပြန်။

ယင်းသို့သော တိုးတက်ပြောင်းလဲခြင်းများသည်ကား အတူတကွပူးပေါင်းပါဝင်လက်တွဲကြမှု၏ ရလာဒ်ကောင်းပင်ဖြစ်လေတော့သည်။ “ဝေ(လ်)မာကုမ္ပဏီ (Wilmar Myanmar Port Terminals (Thilawa) Limited) အနေနဲ့လဲ ကုမ္ပဏီနဲ့အတူ အတူတကွပူးပေါင်းလက်တွဲပါဝင်ဆောင်ရွက်ပေးကြတဲ့ ဒေသခံကျေးလက်နေလူထုအနေနဲ့ အောင်မြင်မှုကောင်းကျိုးရလာဒ်တွေကို မျှဝေခံစားသင့်တယ်လို့ အလေးအနက်ယုံကြည်ပါတယ်။ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုတ်နှံတဲ့ ကုမ္ပဏီတစ်ခုအနေနဲ့လဲ ပြည်တွင်း လူမှုအဖွဲ့အစည်းများနဲ့အတူတကွ ပူးပေါင်းပြီး စီးပွားရေးတွင်သာမက ဒေသခံလူထုအတွက် လူမှုရေးအရပါ ပံ့ပိုးကူညီပေးဖို့ဟာ ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်”ဟု “ဝေ(လ်)မာကုမ္ပဏီ (Wilmar Myanmar Port Terminals (Thilawa) Limited)မှ တာဝန်ရှိသူ တစ်ဦးကပြောပါသည်။

25446388_1639225162788109_4787160982316055997_n

ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု၊ မြိုင်သာယာ ၆ မှ ကျေးရွာသစ်မြင်ကွင်းများ

ဝေ(လ်)မာ မြန်မာပို့(တ်)တာမင်နယ် (သီလဝါ) လီမိတက် (Wilmar Myanmar Port Terminals (Thilawa) Limited) သည် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ သီလ၀ါဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးဇုန်တွင် နိုင်ငံတကာ အဆင့်မီ အထွေထွေကုန်စည် ကောက်ပဲသီးနှံ တင်/ချ ဆိပ်ခံတံတားနှင့် ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများကို မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ငှားရမ်း လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်သည်။

25507878_1639225282788097_8887348696870574961_n

ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု၊ မြိုင်သာယာ ၆ မှ ကျေးရွာသစ်မြင်ကွင်းများ

PP

25446142_1639225106121448_6728313723990962156_n

ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု၊ မြိုင်သာယာ ၆ မှ ကျေးရွာသစ်မြင်ကွင်းများ

25659684_1639225172788108_2580811156340094883_n (1)

ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု၊ မြိုင်သာယာ ၆ မှ ကျေးရွာသစ်မြင်ကွင်းများ

25550370_1639225259454766_2238210113589163143_n

ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု၊ မြိုင်သာယာ ၆ မှ ကျေးရွာသစ်မြင်ကွင်းများ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*